• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
သူငယ်ချင်းတို့ ခံစားရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ရင်ခုန်သံအမှားတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ဝေငှချင်ခဲ့ရင် webmaster@yinkhonthanfm.com ဆီကို သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေကို ပေးပို့နိုင်ပါတယ်။ အော်သူငယ်ချင်းတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ထည့်ပေးဖို့ မမေ့နဲ့နော်။
ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေကတော့
 ၂၈နှစ်ဆိုတဲ့အရသာ 
 ဇေယျာလင်း (City FM) 
Jun 18 2008
      တကယ်တော့ဗျာ သုညတစ်လုံးကို ရှစ်ရှေ့ကိုပို့ခဲ့ရတာ ရုပ်ရှင်ထဲမှာစာတန်းထိုးပြသလောက် မလွယ်ကူလှပါဘူး။ အခြားတစ်ယောက်အတွက်တော့ မသိဘူး။ ကျွန်တော်ကတော့ (၂၈)နှစ်တောင် ရင်းခဲ့ရတယ်။ မသိရင် တစ်နှစ်လောက်ပဲကြာခဲ့သလိုမျိုးဗျာ။ ဒီလိုနဲ့ပဲ ဒီနေ့ဆိုကျွန်တော်လူ့လောက ကြီးကိုတိုးလျှိုဝင်ဆံ့ခဲ့တာ ၂၈ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ တစ်နည်းဆိုရရင် လူကြီးတွေကိုဝေဖန်တာရပ် ပြီး လူငယ်တွေကိုစဝေဖန်တတ်တဲ့လူလတ်ပိုင်းအရွယ်ကို ကျကျနနကြီးရောက်လာခဲ့ပြီပေါ့ဗျာ။
      ကျွန်တော် ၂၈ နှစ်တင်းတင်းပြည့်လာတဲ့အခါမှာ ကျွန်တော်လာရာလမ်းကို ပြန်ကြည့်လိုက်တော့ တကယ့်ကို အရှက်ရနေမိတာတွေအများကြီး တွေ့ရပါတယ်။
၁) အသက်ရှင်ဖို့တစ်ခုထဲအတွက် ငွေရှာရခဲ့တဲ့ မနက်ညတွေမှာ ခြေတံတိုခံမိတာလည်း ရှက်မိပါတယ်။
၂) အမှားတွေအများကြီးလုပ်ခဲ့မိတယ်။ အဲ့ဒီထဲမှာမှ ပြင်မရတဲ့အမှားအရေအတွက်တွေက အတွေ့အ ကြုံပဲလို့ သတ်မှတ်လို့ရတဲ့အမှားတွေထက် ပိုများနေတာလည်း ရှက်နေမိတယ်။
၃) မိသားစုအတွက် သားလိမ္မာ၊ ပတ်ဝန်းကျင်အတွက် လူလိမ္မာဖြစ်အောင်ကြိုးစားနေရင်းမှာပဲ တားမရ တဲ့အတ္တတွေက၀င်လာပေမယ့် ကိုယ့်ကိုကိုယ်လိမ်ညာဟန်ဆောင်ကျေနပ်နေခဲ့မိတာလည်း တကယ်ရှက်စရာပါ။
၎) တစ်ခါတစ်လေ ကျွန်တော်ပေးဆပ်ခဲ့ရတာတွေက ပြန်လိုချင်လို့ ဒါမှမဟုတ်ကိုယ်ပေးနေရတာတွေ ကိုက အရာသာရှိလားဆိုတာ ပြန်စဉ်းစားရင်း ရှက်နေမိတယ်။
၅) အခုအချိန်မှာ ၂၈ နှစ်စာပြည့်ဝနေရမယ့်အစား အများကြားမှာ လူလတ်တန်းစား လူဝါးဝမှုတွေနဲ့ ပြည့်နှက်ပြွတ်သိပ်နေခဲ့တာလည်း ရှက်မိပါတယ်။
၆) ဘယ်လိုလူမျိုးကို ပေးဆပ်ရမလဲ။ ဘယ်လိုလူမျိုးကို စွန့်လွှတ်ရမလဲ။ ဘယ်လိုလူမျိုးကို အနစ်နာခံ ရမလဲဆိုတဲ့ မေးခွန်းရဲ့အဖြေတွေကို ကျွန်တော်ကိုယ်တိုင်မသင့်မှန်းသိရပေမယ့် စိတ်အရသာတစ်ခုထဲနဲ့ အခုအချိန်အထိ မျက်စိမှိတ်လက်ခံတုန်းပဲဆိုတာကိုလည်း ရှက်မိတယ်။
၇) သူရွဲ့ပြောတာကို ကိုယ်သည်းခံလိုက်တယ်ထင်ပြိး ပြန်ပြောခဲ့တဲ့စကားတွေကိုလဲ အိမ်ရောက်လို့ စဉ်း စားလိုက်ရင် ကိုယ်လဲတုံ့ပြန်ရွဲ့ခဲ့တာဖြစ်ဖြစ်နေတာကိုလည်း ရှက်မိတယ်။
၈) “ သူရယ်နေမလား ” ဆိုတာကိုမစဉ်းစားဘဲ ဖြစ်သင့်တာပဲဆိုပြီး ရှေ့ကိုရဲရဲကြီးလှမ်းခဲ့တာတွေကို လည်း ရှက်မိပါတယ်။
၉) လူသားတစ်ယောက်တာဝန်ဘာမှ မကျေပွန်ဘဲ လူတစ်ယောက်ဖြစ်ရတာ နှစ်သက်မိခဲ့တဲ့အချိန်တို လေးတွေအတွက်လည်း ရှက်မိပါတယ်။
၁၀) ဘ၀ဆိုတာ လူတစ်ယောက်ရဲ့လှုပ်ရှားနိုင်မှုသာဆိုရင် ကျွန်တော် ဘုရားစူး ခုထိဘာမှကို ပုံမဖော် ရသေးပါဘူး ဘာတွေများရှာဖွေစုဆောင်းခဲ့ပြီးပြီလဲလို့မေးရင် ကျွန်တော်ရှက်မိပြန်တယ်။
၁၁) သူရဲ့ခံစားချက်၊ နှစ်သက်မှုနဲ့ အယူအဆတွေကို နားမလည်နိုင်ဘဲ ကိုယ်အကြိုက်နဲ့ယှဉ်ပြီး အပြစ် တင်ခဲ့မိတဲ့ အပြုအမူတွေအတွက်လဲ ရှက်မိပါတယ်။
၁၂) ကံကလည်း အကျိုးပေး၊ အချိန်အခါကလည်း နံသင့်၊ အားလုံးကလည်းကူညီဖို့ လက်တွေတွဲစုတ် ထားပေမယ့် နှောင့်နှေးတွေဝေခဲ့တဲ့ ကိုယ့်အဖြစ်အပျက်တွေကိုလည်း ရှက်နေမိတယ်။
၁၃) ဒီအသက်အရွယ်မှာ ဘယ်သူကိုမှ ကြောက်စရာမလိုပဲ ကိုယ်ကိုငြိုငြင်သွားမှာစိုးလို့ တစ်ခုတည်းနဲ့ ဟိုလိမ် ဒီခေါက် ဟိုဖုံး ဒီဖိ လုပ်ခဲ့မိတာတွေအတွက်လည်း ရှက်နေမိပါတယ်။
၁၄) တစ်စုံတစ်ယောက်ရဲ့ အမှားတွေကိုမြင်နေ၊ သိနေရဲ့သားနဲ့ သူအမုန်းခံရမှာ တစ်ခုတည်းနဲ့ သူ့အ ပြောတွေကို ပြင်မပေးဘဲ သူအထင်မှားတာတွေကိုလည်း ရှင်းမပြဘဲ ကိုယ်ကဘေးလူပါဆိုပြီး ခေါင်း ညိတ်သံယောင်လိုက်ခဲ့တာတွေကိုလည်း ရှက်နေမိပါတယ်။
၁၅) ကိုယ်ကသာ မေ့ချင်တဲ့သူတွေကို မေ့သွားလိုက်တာ သူမေ့မှာကိုတော့သေမတတ်ကြောက်ခဲ့တဲ့ အယူအဆတွေကိုလည်း ရှက်နေမိပါတယ်။
၁၆) ကြီးသူတွေက မသနား၊ ငယ်သူတွေက မလေးစားအောင် မျက်နှာပြောင်ခဲ့တဲ့ ဟာသတွေအတွက် လည်း ရှက်မိပါတယ်။
၁၇) ကိုယ် (၁၀၀) ကုန်ရင် သူများ (၂၀၀) သက်သာသွားမှာကို သိသိရက်နဲ့ (ကျွန်တော်နဲ့လည်း ပတ် သက်နေရဲ့သားနဲ့) မဆိုင်သလို နေခဲ့မိတာတွေအတွက်လည်း ရှက်မိပါတယ်။
၁၈) ရှေ့ ၂၈ နှစ်ကိုသာ ပြန်ရောက်ခဲ့မယ်။ ပြန်စခဲ့မယ်ဆိုရင် အခုလုပ်ခဲ့တဲ့အမှားတွေကို လုပ်ခဲ့မှာလား လို့မေးရင် “လုပ်ခဲ့မှာပဲ ဒါပေမယ့်ခပ်မြန်မြန်ပေါ့” ဆိုတဲ့ ကိုယ့်အဖြေအတွက်လည်း ရှက်မိပါတယ်။
၁၉) အသက် ၂၈ နှစ်သားပြည့်သွားတာ ကျွန်တော့်ရဲ့စထွက်အမှတ်က ဘယ်နေ့လဲလို့မေးရင် “မနက် ဖြန်” ဆိုတဲ့အဖြေဖြစ်နေတဲ့အတွက်လည်း ရှက်မိပါတယ်။
၂၀) မနက်ဖြန်တကယ်ရောက်လာရင် မနက်ဖြန်ဆိုတာကို ထပ်မျှော်လင့်တတ်လာတာလဲ ရှက်မိပါ တယ်။
၂၁) ဒန်ပေါက်စားမလား၊ ကြက်ဆီထမင်းစားမလားလို့ မေးနေမိပေမယ့် ကိုယ်စားစေချင်တာ မဟုတ် တာကိုများသူရွေးချယ်ခဲ့ရင် ဘာလို့လဲလို့မေးခဲ့မိတဲ့ မေးခွန်းတွေအတွက်လည်း ရှက်မိပါတယ်။
၂၂) ဒီဘ၀ ဇေယျာလင်းဆီက နောက်ဘ၀ကိုသယ်သွားချင်တာ ဘာများလဲဆိုတဲ့ မေးခွန်းမျိုး ကျွန် တော်ဆီရောက်လာခဲ့ရင် “ဒတ်ခနဲ” မဖြေနိုင်တာကိုလည်း ရှက်မိပါတယ်။
၂၃) ကျွန်တော်လေ သူ့နေရာမှာရပ်မနေဖူးဘဲ သူ့ကိုဝေဖန်ခဲ့မိတာတွေကိုလည်း ရှက်မိပါတယ်။
၂၄) သူများမှားတဲ့အခါမှာတော့ ရယ်နေမိပြီး၊ ကိုယ်မှားရင်တော့ ကိုယ့်ဟာကိုယ်ဆင်ခြေလှလှပပတွေ ပေး၊ ကိုယ့်ဟာကိုယ် ကျေနပ်မိတာတွေကိုလည်း ရှက်မိပါတယ်။
၂၅) အမှားတွေကို သိနေပေမယ့်လည်း ဟိုတစ်ခေါက် ဒီလိုအမှားမျိုးကြုံတုန်းက နောက်တစ်ခါဘယ် တော့မှ ထပ်မမှားတော့ပါဘူးလို့ ဆုံးဖြတ်ထားတာကို သတိရပေမယ့်လည်း အမှားတွေကအရသာရှိတာ မို့ မှားမြဲမှားနေတုန်းပဲ ဆိုတာကိုလည်း တကယ်ရှက်ပါတယ်။
၂၆) သူငယ်ချင်းတွေကို အချိန်အမြန်ဆုံးနဲ့ အထိရောက်ဆုံး လက်၏ဆောင်မခြင်း၊ အနည်းဆုံး နှုတ်၏ ဆောင်မခြင်းမျိုးနဲ့ အကူအညီတွေ ပေးနိုင်ပါလျက်နဲ့ လက်တွန့်နေမိတာ၊ အချိန်ဆွဲနေမိတာကိုလည်း ရှက်မိပါတယ်။
၂၇) ဘာမဟုတ်တဲ့အလုပ်တွေ လုပ်နေပေမယ့် တခမ်းတနားအလုပ်တွေ လုပ်နေရသလို ရင်ထဲမှာဂုဏ် ယူနေမိတာတွေကိုလည်း ရှက်နေမိပါတယ်။
၂၈) ? ? ?
      ၂၈ ခုမြောက်မှာ ကျွန်တော်ရှက်မိတဲ့အမှားတွေကို ရေးလာတာအခု ၂၈ ခုမြောက်နောက်ဆုံးတစ်ခု ကိုရောက်လာပြီနော်။ ၂၈ ခုမြောက်အမှားကဘာဖြစ်မလဲဆိုတာကို ကျွန်တော်ရေးပြစရာမလိုတော့ဘူး ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီအမှားကို သူငယ်ချင်းသိမှာပါ။
HI
imm I really like ur .... and u r a great composer let me know ur gmail i wanna fri with u my mail is mysteriousmemoryoster@gmail.com ok waiting for ur reply bye brother
Post comment By Thet Htar Swe
hi
i like ur writing & ur feeling. i envy u. i mean ur feeling,like how u think of urself. bye bro!
Post comment By Nay Chi Shine
ဟုတ်တယ်ကျွန်တော်လည်းပဲ....
ကျွန်တော်လည်း ဒီလိုခံစားမိမှာပဲ.... ကျေးဇူးပဲအစ်ကိုရေ... ကျွန်တော်တို့လို ဘာမှမသိတဲ့သူကိုလမ်းညွှန်းပေးလိုက်လို့.... အစ်ကိုရဲ့အတွေ့အကြုံတွေဟာ ကျွန်တော်တို့အတွက်.. အတုယူစရတွေပဲ.. ဒီလိုလေးတွေတင်ပေးလို့ အက်မင်ကိုလည်း ကျေးဇူးတင်ပါတယ်.... နောက်လည်း ရင်ခုန်သံ Fm ထာဝရစဉ် တိုးတက်နိုင်ပါစေ......
Post comment By လေးစားလျက်
ဟုတ်တယ်ကျွန်တော်လည်းပဲ....
ကျွန်တော်လည်း ဒီလိုခံစားမိမှာပဲ.... ကျေးဇူးပဲအစ်ကိုရေ... ကျွန်တော်တို့လို ဘာမှမသိတဲ့သူကိုလမ်းညွှန်းပေးလိုက်လို့.... အစ်ကိုရဲ့အတွေ့အကြုံတွေဟာ ကျွန်တော်တို့အတွက်.. အတုယူစရတွေပဲ.. ဒီလိုလေးတွေတင်ပေးလို့ အက်မင်ကိုလည်း ကျေးဇူးတင်ပါတယ်.... နောက်လည်း ရင်ခုန်သံ Fm ထာဝရစဉ် တိုးတက်နိုင်ပါစေ......
Post comment By လေးစားလျက်...
ဟုတ်တယ်ကျွန်တော်လည်းပဲ....
ကျွန်တော်လည်း ဒီလိုခံစားမိမှာပဲ.... ကျေးဇူးပဲအစ်ကိုရေ... ကျွန်တော်တို့လို ဘာမှမသိတဲ့သူကိုလမ်းညွှန်းပေးလိုက်လို့.... အစ်ကိုရဲ့အတွေ့အကြုံတွေဟာ ကျွန်တော်တို့အတွက်.. အတုယူစရတွေပဲ.. ဒီလိုလေးတွေတင်ပေးလို့ အက်မင်ကိုလည်း ကျေးဇူးတင်ပါတယ်.... နောက်လည်း ရင်ခုန်သံ Fm ထာဝရစဉ် တိုးတက်နိုင်ပါစေ...... လေးစားလျက်
Post comment By မိုးထက်
သတိထားစရာပါပဲ
ကိုကိုးပြောတော့မှ ရှက်ရမယ့်ဟာတွေ သတိထားမိလာတယ်။ အသက်ကြီးလာပြီ.. အချိန်စီးရမှာ.....
Post comment By အစိမ်းရောင်ဝါးရှိုင်းလေး
သတိထားစရာပါပဲ
ကိုကိုးပြောတော့မှ ရှက်ရမယ့်ဟာတွေ သတိထားမိလာတယ်။ အသက်ကြီးလာပြီ.. အချိန်စီးရမှာ.....
Post comment By yinnlay
very nice
very nice,
Post comment By nway
ko tine amhar
i ba wa mhar lal , ako pyaw tae amhar akone ne par kyoue bu par tal
Post comment By  yinyinthu@gmail.com
my choice
i am very unhappy in my student life and i wnt to
Post comment By htwe
THE NO;28
LET ME KNOW WHAT IS UR NO;28 MEANS...... :D
Post comment By NYAN L;
ကိုဇေယျာလင်း
တကယ်ရှက်တတ်ရင်28ဆိုတာကအရေးမကြိးပါဘူး ပြင်ဖို.အချိန်ရှိပါသေးတယ် စကားမစပ် အစ်ကိုရုပ်ကသိပ်ချစ်ဖို.ကောင်းတယ် ဒါပဲနော်
Post comment By မေလေး
ကိုဇေယျာလင်း
အစ်ကိုရေးထားတဲ့ဟာက လူတိုင်းဖြစ်တတ်ကြတာပဲ... ။ သတိမထားမိတတ်ကြရင်တော့ မသိဘူးပေါ့ ။ သြော်.. စကားမစပ် "မ မေလေး" ပြောတဲ့ စကားမစပ် အစ်ကိုရုပ်ကသိပ်ချစ်ဖို.ကောင်းတယ်ဆိုတာကို ညီမလည်း ထောက်ခံပါတယ်။
Post comment Byွှရင်ခုန်သံထပ်သူ
very very like
i like it..
Post comment By bo
Gift for Me?
thu so tar ka bal thu ko myar yee nyon pe yaw tar lal,ta kal pal ae article htal ka lo. yo thar ta lar, ta kal so, i see me pe htin tar pal.
Post comment By JN
I always remember You
You always Happy. I AM NANN MAY SU MAUNG.
Post comment By MAY SU....Z.Y.L
မင်္ဂလာပါ
အကို့ရဲ့ စာသားတွေက အရမ်းကောင်းတာပဲ ဒါပေမယ့်၂၈နှစ်မြောက်အမှားကဘာများလဲ စဉ်းစားလို့မရလို့ပါ ကျွန်တော်က ၂၁ နှစ်ဆိုတော့အကိုပြောတဲ့ ၂၁ချက်နဲ့တော့ကိုက်ညီနေတယ်ဗျ။
Post comment By လေးစားပါတယ်ဗျာ
မင်းပြောတာ
အရမ်းကောင်းတယ် ။ မင်းရဲ g talk nick သိပါရစေ ကိုယ်ကိုလည်း မင်ပြောမဲ.စကားကို တိုက်ရိုက်ကြားပါရစေနော် ကိုယ်.ရဲ.g talk ka khunch.thar မင်းထည်.လိုက်ပါနော်။ please ! take care of yourself bye bye
Post comment By shemeful felling
ကိုဇေယျာလင်းရေ စိတ်မကောက်ကြေး(ရေးပြီးနော်)
ညီ အသက်(၂၂)ပါ။ အကိုပြောတာတွေညီလည်းဖြစ်ဖူးတယ်ဗျ။ ကိုယ့်ကိုကိုတောင်သတိမထားမိလိုက်ဘူးဗျ။ ညီစိတ်အလှုပ်ရှားဆုံးစာသားကတော့ နောက်ဘ၀ကိုသယ်သွားချင်တာဘာများလဲဆိုတဲ့ အမှတ်စဉ်(၂၂)မေးခွန်းပါ။ ညီ့ကိုလာမေးရင်လည်းညီချက်ချင်းဖြေနိုင်မှာမဟုတ်ဘူးဗျ။ လူဆိုတာအမှားနဲ့မကင်းနိုင်တော့ ညီတို့လည်းဆက်မှားကြရအုံးမှာပါပဲ။ ပြီးပြည့်စုံမှုဆိုတာ ဘယ်မှာမှမရှိဘူးလို့ညီထင်ပါတယ်ဗျ။ အမှားထဲကအမှန်ကို အမြန်ဆုံးနဲ့အမှန်ဆုံး ရှာနိုင်ရမှာပါ။ မှားလိုက်၊ သိလိုက်၊ ပြင်လိုက်နဲ့ပေါ့။ လုံးချာလိုက်နေမယ်ထင်တယ်။ ညီတို့ကိုလမ်းညွှန်ပေးတဲ့အကိုနဲ့ အကို့တို့ city FM ၀ိုင်းတော်သားများ ကျန်းမာ၊ ချမ်းသာစေဖို့ ဒီကနေဆုတောင်းပေးလိုက်ပါတယ်....။
Post comment By ဟိုးအဝေးရှမ်းတောင်တန်းတစ်နေရာမှ အကို့ရဲ့ညီလေး (mkkm)
ar lone mhar tar par
ako ka lal , ako ta youk htae ma hote par bu.ar lone mhar tar par, ako yae sar lay tway shi yin lal, tin pay par oo read chin thay lo thanks
Post comment By ag zin myo myat
Everybody make the different mistakes everyday
There is nobody to be perfect in these world!! So we no need to regret and no need to be shameful for our mistakes. Instead of that, we better make less mistakes and try our best in the future!!!
Post comment By stupid girl
Everybody make the different mistakes everyday
There is nobody to be perfect in these world!! So we no need to regret and no need to be shameful for our mistakes. Instead of that, we better make less mistakes and try our best in the future!!!
Post comment By stupid girl
တော်တယ်အစ်ကို
ညီမဖတ်သွားပါတယ်။ လူတိုင်းကအမှားမကင်းနိုင်ပါဘူး၊ အမှားသိပြီးပြင်နိုင်ရင်လူတော်ပေါ့ အစ်ကို၊ အစ်ကို့အမြင်တွေကိုတင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောင်လည်း FM ၀ိုင်းတော်သားများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပြီး အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းနိုင်ပါစေလို့........ ဒါနဲ့ (၂၈)က ဘာများလဲ။ ညီမက ၁၇ နှစ်ဆိုတော့ အစ်ကိုပြောတာတွေနဲ့ကိုက်ညီပါတယ်။လောကမှာမှားမှန်းသိပေမဲ့ မပြင်နိုင်တာ လူသဘာဝပါ။ ညီမ gmail ပေးခဲ့မယ်နော်။ အစ်ကိုနဲ့ခင်ချင်ပါတယ်။ phochitak7@gmail.com. အစ်ကို invite လုပ်ပါနော်။ဂရုစိုက်ပါ။
Post comment By AK
တစ်ခါတစ်လေ ကိုယ်လုပ်မိတာသူများမသိပေမဲ့ကိုယ့်ဘာသာရှက်နေတာ
အစ်ကိုရေ ညီမကဒီနေ့မှ စသုံးတာပါ..... ဒါပေမဲ့ အစ်ကို့လိုမျိုးတော့မတွေးမိပါဘူး အခုဖတ်မိတော့မှ အော်ဒါမျိုးတွေငါလဲဖြစ်ခဲ့မိပါလားဆိုတာ သတိရလာတာပါ...ဘယ်သူပဲဖြစ်ဖြစ်လေ ကိုယ့်အမှားဆိုရင်မသိချင်ယောင်ဆောင်ထားတာများတာပေါ့ သူများတွေအမြင်မှာကိုယ်က အကောင်းဆုံး ဖြစ်ချင်ကြတာလူတိုင်းပဲလို့ညီမတော့ထင်ပါတယ် ဘာပဲဖြစ်ဖြစ် အမှားသိပြီဆိုတာ အခုမှ 28 ဆိုတော့ ငယ်ပါသေးတယ် ရှက်ဖို့မလိုဘူးလို့ထင်တယ်.......အစ်ကိုကမှ 28 နဲ့သိတော့ ပြင်ရင်နောင်နှစ်ပေါင်းများစွာ သူများခံစားချက်ကိုအလေးထားနိုင်မယ်လို့ထင်ပါတယ်
Post comment By ယွန်းလေး
မရှက် ပါနဲ့။
လူတိုင်းမှာ အမှားဘယ်ကင်းပါ့မလဲ အစ်ကို ရဲ့။ွှဘုရား၊ရဟန်းတွေတောင် အမှားတွေအပေါ် သံဝေဂယူပြီး ကျင့်ကြံကြရတာပဲမဟုတ်လား။ စိတ်ဓာတ်မကျပါနဲ့၊ တစ်ချိန်မှာ မှန် သွားမှာပါ။
Post comment By ရွှေကလေး
Very Like Your Words.
I also like it.
Post comment By Rosy
u letter is felling in my heart
hello ,a ko u age is 28 ,u mine is maturity . me too 23 number nice to meet u & thanks ur letter
Post comment By phyu hnin
၂၈ ခုမြောက်အမှား တစ်ခုကို လုပ်မိပြီးသွားပြီ ထင်တယ် ...........
၂၈ ခုမြောက်အမှား တစ်ခုကို လုပ်မိပြီးသွားပြီ ထင်တယ် ........ မှားတတ်တာလား ၊ွမှားချင်တာလား၊ မသိလို့မှားတာလား .... ၂၉ နှစ်မြောက်အမှားကိုတော့ .......
Post comment By နားလည်မှုဆိုတာ
အစ်ကိုဇေယျာလင်း
အစ်ကိုရေးထားတာကောင်းပါတယ်။ လူုရယ်လို့ဖြစ်လာရင်တော့ အမှားဆိုတာရှိစမြဲပါ ။ ဒါပေမဲ့ ကောင်းသောအမှားဖြစ်ဖို့ကြိုးစားသင့်တယ်လို့ထင်ပါတယ်။ ညီမအသက်၁၇နှစ်ပါ။ ၂၈နှစ်မှာ ၂၈ခုသော အမှားတွေကျူးလွန်ခဲ့တယ်ဆိုပေမဲ့ ၈၀ရောက်ရင် ၅၂ခုစလုံးမှန်နိုင်ပါစေနော်
Post comment Byု့khin htet
မိုက်တယ်
စောက်ရန်းမိုက် တယ် ...
Post comment By ငါကွ
အရမ်းရှက်သွားပြီ
တို့အခု၃၀ပြည့်သွားပြီ။ သူပြောမှပဲတို့ဘယ်လိုရှက်ရမလဲတောင်မသိတော့ဘူး
Post comment By ကောင်မလေး
အကြံပေးပါရစေ
ဒီလောက်ရှက်စရာတွေများနေရင်တော့လူ့ဘောင်ကိုစွန့်ပြီးတော့သာသနာ့ဘောင်ဝင်တာပဲကောင်းတယ် အစ်ကိုရေးတာတွေဖတ်ပြီးအစ်ကို့အစားရှက်လိုက်တာ ကိုယ်မလုပ်နိုင်မကင်းနိုင်တာတွေရေးပြီးရှက်ပြနေတာတော်တော်အံ့သြတယ် ဘာရည်ရွယ်ချက်လဲတော့မသိဘူး သာသနာ့ဘောင်ဝင်ရင်ရဟန်းဒါယကာလုပ်ပေးပါ့မယ် ဘ၀ကြီးကိုစိတ်ကုန်နေရင်လည်းပြောပါအကူအညီပေးပါ့မယ်
Post comment By မောင်မောင် (၉၅ ပြား)
တူနေပြီဗျာ--- :D
သေသေချာချာ စဉ်းစားပြီးရေးထားတာဘဲနော်-- အတွေးလား အတွေ့လား??? --- အင်း အမှန်တိုင်းပြောရရင်--အဲဒါတွေအားလုံးက အခု ညီမလေးဖြစ်နေတာတွေ--- ပြင်ဖို့ကလည်း------
Post comment By jasmine
သိချင်သူ
၂၈ နှစ်မြောက်အမှားကိုကျွန်တော်မမှန်းဆတတ်ဘူး။ ဘာမှားတာလဲသိချင်တယ်။ ကျေးဇူးပြုပြီးပြောပြပေးပါ။ကျွန်တော်လည်းပဲ၂၈နှစ်မွေးနေ့ရောက်တော့မယ်။ min.mon28@gmail.com ကိုဆက်သွယ်ပေးပါ။Thanks
Post comment By minmon
pyaw sayar shi loe par
you doe yinkhonthanfm ka setting ko ma change dod buu lar? pyin lar pi
Post comment By yaemyin
ကျေနပ်တယ်လို့ ပြောရမှာပါ
မိတ်ဆွေ... လေးစားပါတယ်၊ ကျေဇူးတင်ပါတယ် လို့ အရင်ပြောပါရစေ.... အသိတစ်ခုကိုပေးတယ်လို့ မြင်တယ်....... အမှန်တစ်ခု ကို ရဲရဲ ပွင့်လင်းစွာချပြသွားတယ်..... လူငယ်အများဖတ်ခွင့် ရကြပါစေ..။
Post comment By Dragon( cruedragon@gmail.com )
ဟုတ်
အစ်ကိုပြောမှပဲ .. ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ရတော့မှာပေါ့ .. အသက် 23ပြည့်တော့မယ် ဘာတွေလုပ်ပြီးပြီလဲလို့ ... :O
Post comment By မော်တာပါးစပ် su.motormouth@gmail.com
အရမ်းလေးစားလို့
အစ်ကို့စာသားတွေက အတွေ့အကြုံ မရှိသေးတဲ့ ညီမတို့လိုလူငယ်တွေအတွက် တကယ်တန်ဖိုးရှိပါတယ်။ နောက်လည်းဒီလိုတန်ဖိုးရှိတဲ့ စာလေးတွေကို ရေးပေး ပါဦးနော်။ ညီမဆီကိုလည်း (အားရင်)ဆက်သွယ်ပါနော်။ အရမ်းခင်ချင်လို့ပါ။ ညီမရဲ့ လိပ်စာက linyaunghshin.zzl@gmail.com ပါ။ Hope that you will send your mail to me!! Have a happy life!!!
Post comment By Lin Yaung Hshin
မနှင့်သက်သောသူ
ကျွန်တော် ကောင်မလေးတစ်ယောက်ကို ရင်ခုန်ခဲ့ဖူးတယ်၊ဒါပေမဲ့ ....ဗျာ ကိုယ့်ရင်ထဲမှာ လွတ်စွာဖူးပွင့်ဝေဆာနေသော ပန်းတစ်ပွင့်ကို မနမ်းရှိုက်ဘဲနဲ နင်းခြေလု ယူဖျက်ဆီးပစ်လိုက်တာ ကျွန်တော်အိပ်မက်တွေကပါ အကုန်လုံး ပျက်စီးသွားခဲ့တယ်
Post comment By မောင် ရာစီ(ထားဝယ်)
ဘ၀ဆိုတာကို လွယ်လွယ်ဖြစ်သန်းခဲ့သူတွေအတွက် ဖြစ်နိုင်ပါတယ်
ကျွန်မကတော့ ဘ၀ကို ခက်ခဲစွာ ရုန်းကန်ဖြတ်သန်းလာရတဲ့အတွက် ကိုယ့်အတွက် ဆိုတာကို လေးပုံမှာ တစ်ပုံလောက်ပဲကြည့်ခဲ့ရတော့တယ်။ အခုလည်း ကျွန်မလိုတောင် ဘ၀ကိုခက်ခဲစွာ ရုန်းကန်ကြဖို့မပြောနဲ့ လူရာသွင်းခံရဖို့ အခွင့်တောင် မရခဲ့ကြရရှာတဲ့ မိဘမဲ့ကလေးလေးတွေအတွက် ကျွန်မရဲ့ ၂၇ နှစ်အရွယ်၊ ပျော်ရွှင်ရွာဖြတ်သန်းရမဲ့အရွယ်ကို စွန့်ပြီး မိဘနဲ့ဝေးတဲ့ တိုင်းခြား ပြည်ခြားမှာ စီးပွားရှာနေရတဲ့အဖြစ်က စဉ်းစားကြည့်ရင် ကျွန်မအတွက်တော့ မဟုတ်လောက်ပါဘူး။ နေ့စဉ်နဲ့အမျှ မိဘကို လွမ်းရလို့၊ လုပ်တဲ့အလုပ်တွေများလို့ မျက်ရည်ကျခဲ့ရတဲ့ဘ၀မှာ ကလေးတွေရဲ့ ပျော်နေမဲ့အပြုံးမျက်နှာလေးတွေကို မြင်ယောင်ရင်း မျက်ရည်ကြားက ပျော်နေရခဲ့ရပါတယ်။ ဒါဆိုရင် ကျွန်မ ဘာတွေလုပ်ခဲ့လဲဆိုတာကို အဲဒီကလေးတွေက ပြောပြကြပါလိမ့်မယ်နော်။
Post comment By mypetcat.cat@gmail.com
အမှားနဲ့မကင်းပါဘူး...........
လူရယ်လို့ဖြစ်လာရင်အမှားနဲ့မကင်းတတ်ကြပါဘူး............. ပြန်ပြင်လို့မရနိုင်တဲ့အမှားတွေကပိုများတယ်........... စိတ်မကောင်းဘူး.........မှားခဲ့တဲ့အမှားတွေအတွက်.........
Post comment By လမင်းငယ်
ထပ်ပြီး မှားနေပြန်ပြီ (ဒါမှမဟုတ်) တကယ် မရှက်တတ်တာပါ
ညီလေး မင်းဒီလိုရေးလိုက်တာ ဟာ .. မင်း ဆက်ပြီးမိုက်ဦးမှာ.. ကျွန်တော် အရှက်မရှိပါဘူးလို့ ၀န်ခံလိုက်တာပါကွာ။ မင်း မမှားအောင်နေလို့မရဘူးကွ. ဒါပေမဲ့ အမှားအနည်းဆုံးဖြစ်အောင် သတိနဲ့နေပြီး စကားထက် အလုပ်က ရှေ့ကရောက်နေရမယ်။ ငါ ဒါတွေမှားနေပါလား ဆိုတာသိတာက မင်အမှန်တွေ ဝေးနေသေးတယ်လို့ ပြောတာ။ ကဲ ညီလေးရေး အမှားသိပြီး တရားရှိဖို့ထက် (အာဝါဒါး စကားအလှ ဘာညာပေါ့) မင်း....... ဘာလုပ်နေလဲဆိုတဲ့ သတိအလုပ်နဲ့ အသက်ရှင်သွားကွာ။ မင်း ၂၈ ခုအမှားမပြောနဲ့ သံသရာထိတောင် အမှားနည်းသွားမှာ။ ကဲ....... မင်းအခု ဘာလုပ်နေလဲ..........
Post comment By မောင်သုခ
ပြောပြချင်ပါတယ်
လူတိုင်းဟာအမှားနဲ့မကင်းသလိုရှက်ဖို့ကောင်းတာတွေနဲ့လည်းမကင်းပါဘူး လူတိုင်းကိုလိုသူလိုပါပဲ ပြန်စဉ်းစားရင်တော့ ရှက်ဖို့ကောင်းတာပေါ့ သိပ်လည်းမရှက်ပါနဲ့ ဒါနဲ့ရှက်ဖို့ကောင်းတာလေးပြောရဦးမယ် အစ်ကိုကရုပ်ဆိုးတယ်
Post comment By ကြွေခက်ဝေ
ကိုဖေယျာလင်း
ညိမ က ၂၂ ပါပဲ အကို့ စာဖတ်ရတာ heart ထိသွားတယ် တကယ် ပဲ ထောက်ပြနေသလားထင်ရတယ် ကျေးဖူးပဲ အကို
Post comment By ဂျစ်တူး mdy
အစ်ကိုကိုဇေယျာလင်း
စကားပြောကောင်းတဲ့၊အသံလည်းအရမ်းကောင်းတဲ့အစ်ကိုက စာအရေးအသားပါအရမ်းကောင်းနေပါလားဆိုတာကိုဒီနေ့မှသိလိုက်ရတာပါ။ ဆက်ရေးပါဦးအစ်ကို။
Post comment By Greeny
တော်တော်ကိုဖတ်လို.ကောင်းပါတယ်။
လူရယ်လို.ဖြစ်လာတော.မှားရင်ဆက်မှားနေကြတာပဲနော်။နေလည်းအကို.လိုမှားမှန်းသိသိနဲ.အမှားတွေဆက်လုပ်မိနေတုန်းပဲ
Post comment By နေ
Wonderful!
အစ်ကိုပြောထားတာမှန်လည်းမှန်သလိုစာအရေးအသားကလည်း အရမ်းလန်းတယ်ဗျာ။ အစ်ကို့ရဲ့gmail account ကိုသိခွင့်ရှိမလား။ ကျွန်တော့်ရဲ့ account က everrocker99. OK!
Post comment By 16yrs.old.kid
၂၈နှစ်ဆိုတဲ.အရသာ
ဟုတ်တယ် အကိုပြောမှညီမလဲကိုယ်.ကိုကိယ်သတိထားမိတော.တယ် ဒိနေ.တော.ကိုယ်.ကိုကိုယ်ပြန်မေားကည်.လိုက်အုံးမယ်
Post comment By စိမ်.သူ
ဤ Post နဲ့ပတ်သက်လို့ comment ပေးချင်ရင်  Post Comment