• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
သူငယ်ချင်းတို့ ခံစားရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ရင်ခုန်သံအမှားတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ဝေငှချင်ခဲ့ရင် webmaster@yinkhonthanfm.com ဆီကို သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေကို ပေးပို့နိုင်ပါတယ်။ အော်သူငယ်ချင်းတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ထည့်ပေးဖို့ မမေ့နဲ့နော်။
ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေကတော့
 ကိုယ်တိုင်ဖွင့်ဟ၀န်ခံချက် (သို့မဟုတ်) အမှားပြင်ဆင်ခြင်း 
 သင်းဝတ်ရည်အောင် (Sound Impact Production) 
Jul 08 2008
      ရှက်မိသော သို့မဟုတ် ခံစားမိသော ရင်ခုန်သံ ခံစားချက်များ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ “ မ၀တ် ရည်လည်း ရေးချင်တဲ့အကြောင်းအရာတွေရှိရင် ရေးပါလား၊ ကိုယ့်ကိုကိုယ်ရှက်မိတယ် ဆိုတဲ့ Feeling မျိုးမှ မဟုတ်ဘဲ အကြောင်းအရာတစ်ခုပေါ်မှာ ခံစားမိလို့ရှိရင်လည်း ကိုယ့်ရဲ့ခံစားချက်တွေကို ချရေးနိုင် ပါတယ်” လို့ IT Department က မောင်လေး စိုးလူကျော်က ပြောလာတော့ လတ်တလော စာရေး ချင်စိတ်ဖြစ်နေတဲ့ကျွန်မနဲ့ အံကိုက်ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခုတလောကျွန်မပတ်ဝန်း ကျင်မှာ မကြာခဏဆိုသလိုပဲ စိတ်မကောင်းစရာကိစ္စတွေနဲ့ကြုံနေရလို့လေ။ အဲ့လို့ကြုံလာရတိုင်းလည်း တစ်ဖက်လူအတွက် စိတ်မကောင်းဖြစ်မိသလို၊ သံဝေဂလည်းရမိတယ်။ ဒီလိုကိစ္စမျိုးမဖြစ်အောင် ဆင် ခြင်သင့်တယ်၊ ဒီလိုအတွေးမျိုးတွေကို ကျွန်မတစ်ယောက်တည်းတွေးမိတာမျိုးမဟုတ်ဘဲ အားလုံးကိုပါ တွေးမိစေချင်တဲ့ဆန္ဒကြောင့် စာရေးချင်စိတ်ဖြစ်လာတာလေ......
      ကျွန်မရဲ့အသံကိုတော့ City FM ရဲ့ရင်ခုန်သံကဏ္ဍလေးကို နှစ်သက်ကြသူတွေတော့ကြားဖူးကြမှာ ပါ။ အကောင်းကြီးထဲမှာ မပါပေမယ့် အတတ်နိုင်ဆုံး အသက်ဝင်အောင်ကြိုးစားပြီးတော့ ပြောထားတာ ကြောင့် နားဆင်သူတွေ နားထောင်ရတာအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှ ကျွန်မတစ်ခု ၀န်ခံရရင် ကျွန်မက စကားပြောကောင်းတဲ့သူတစ်ယောက်မဟုတ်ဘူး ဆိုတာကိုပါ။ ကျွန်မရင်ထဲမှာ ခံစားနေရတာတွေကို ဖုံးကွယ်မထားတတ်ဘဲ စိတ်တို၊ စိတ်ဆတ်လွယ်ပြီး စိတ်ထဲရှိရင် ရှိတဲ့အတိုင်း ၀ုန်း ဒိုင်းကြဲပြီး ဒေါသသံစွက်တဲ့လေသံမျိုးနဲ့ ပြောတတ်တဲ့သူဆိုတော့ သူများမုန်းတာကို အမြဲလိုလိုခံရတယ် ဆိုတာကိုပါ။
      ကျွန်မရဲ့အရိုးစွဲနေတဲ့ဒီအကျင့်က ဘယ်လောက်ထိများ ဆိုးသလဲဆိုကိုယ့်လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ်မှာသာမကဘဲ ကျွန်မအရမ်းချစ်ပါတယ်၊ လေးစားပါတယ်၊ မြတ်နိုး ပါတယ်ဆိုတဲ့ သူတွေအပေါ်မှာလည်း အဲ့ဒီအတိုင်းပဲ ဆက်ဆံမိတယ်ဆိုတဲ့အချက်ပါ။ အဲ့ဒီအကျင့် ကြောင့် ကျွန်မကို သူများတွေ မခင်ချင်အောင်မုန်းသလို ကျွန်မကိုကျွန်မလည်း ပြန်ပြီးမုန်းမိတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်မက ကိုယ့်ကိုအားလုံးကချစ်တာ၊ ခင်တာကိုခံချင်တဲ့သူလေ။ ဒီတော့ကျွန်မ ဘာ လုပ်သင့်လဲ၊ ဘာလုပ်ရမလဲ။
      နှုတ်ချို သျှိုတစ်ပါးဆိုတဲ့ စကားပုံအတိုင်း စကားလုံအသုံးအနှုံးချိုချိုလေးတွေနဲ့ ကိုယ့်ပတ်ဝန်းကျင် ကလူတွေကို ဆွဲဆောင်ကြည့်ရင်ကောင်းမလားလို့ တွေးမိပြန်တော့ ကျွန်မက အပြောချိုပြီး တလွဲလုပ်တဲ့သူတွေကို မုန်းတတ်တဲ့သူ၊ အဲ့ဒီလိုလူတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏဆို သလိုတွေ့နေရတော့ မလုပ်ချင်ပြန်ဘူး။ ကျွန်မက အပြောထက်အလုပ်နဲ့ လက်တွေ့ပြချင်တဲ့သူလေ။ တစ်ဖက်ကပြန်ပြီးတွေးလိုက်ပြန်တော့လည်း “ အပြောခံလိုက်ရသူနေရာမှာ ငါသာဆိုရင်သည်းခံနိုင်ပါ့မ လား။ ကြိုက်ပါ့မလား။ သူတို့လိုပဲ ပြန်ပြီးမုန်းမိမှာပဲ ” လို့တွေးမိပြန်တော့ ကိုယ့်ဘာသာကိုယ် ဘာတွေ ပြန်ရမလဲဆိုတာကို ဆင်ခြင်မိသွားတယ်။
      ကျွန်မတွေးမိတာက အဓိကကတော့ လူတစ်ယောက်ဟာ ဘာကိုပဲလုပ်လုပ် ကိုယ်ချင်းစာတရား လေးထားကြည့်တာ အကောင်းဆုံးပါပဲ။ ဒါဆိုရင် ကျွန်မတင်မကဘူး ဘယ်သူမဆိုကိုယ့်ပတ်ဝန်းကျင်က သူတွေနဲ့ ပိုပြီးသဟဇာတဖြစ်ကြလိမ့်မယ်။ နောက်ပိုပြီး ပျော်စရာကောင်းလိမ့်မယ်။ အဲ့ဒီလိုဆိုပြန်တော့ တစ်ချို့ Complain တက်လာကြအုံးမယ်။ ဘယ်လို Complain တွေလဲဆိုတော့ “ ငါဒီလောက် ကောင်း အောင်နေတာတောင် ငါ့ကိုပြန်ပြီး မကောင်းပါလား ” လို့တွေးပြီး စိတ်ဆိုးစရာ တွေကြုံနိုင်သေးလို့လေ။ အဲ့ဒီအခါကျရင်တော့ “ သြော် သူက ငါမှမဟုတ်ဘဲ ” လို့ပေါ့ပေါ့လေးတွေးပြီး ကိုယ့်စိတ်ကိုယ် ဖြေလိုက် မယ်ဆိုရင်လည်း စိတ်သက်သာရာတစ်ခုရနိုင်ပါသေးတယ်လို့ ကျွန်မကပြန်ပြီး အဖြေပေးလိုက်ချင်ပါ တယ်။
      ဒါတွေက အခုကျွန်မကိုယ်တိုင်လက်ခံကျင့်သုံးနေတဲ့တရားတွေပါ။ အကျိုးရှိပါတယ်။ တကယ့်ကို လည်းငြိမ်းချမ်းပါတယ်။ ကဲဒီတော့ကျွန်မ အစကပြောခဲ့သလို ဒေါသကြီးပြီး စိတ်တိုစိတ်ဆတ်လွယ်တဲ့ ကျွန်မ အခုတော့ကိစ္စအတော်များများမှာ အတတ်နိုင်ဆုံးခေါင်းအေးအေးထား၊ စိတ်အေးအေးထားပြီး ဖြေရှင်းကြည့်နေပါပြီ။ တော်တော်လေးလည်း ထိရောက်မှုရှိပါတယ်။ ရာနှုန်းပြည့် ကျွန်မစိတ်ကို Concerntrate မလုပ်နိုင်သေးပေမယ့် ၇၀ ရာခိုင်နှုန်းလောက်တော့ထိန်းချုပ်လို့ရနေပါပြီ။ တကယ်တမ်း စဉ်းစားကြည့်ရင် ကျွန်မတို့အားလုံးဟာ မသေခင်ခဏလေးမှာ ရေစက်ရှိလို့ဆုံကြ၊ ကြုံကြရတာပါ။ အဲဒီ လိုခဏတာကြုံရတဲ့အချိန်လေးမှာ ကျွန်မတို့တစ်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အမုန်းမပွားကြ ဘဲ ချစ်ချစ်ခင်ခင်နေသွားနိုင်ကြမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါမှတစ်ချိန်ကွဲကွာသွားပြီး ပြန်တွေ့ တဲ့အခါ ရယ်ရယ်မောမောနဲ့ နှုတ်ဆက်နိုင်ကြမှာပါ။ အဲလိုမှမဟုတ်ရင်တွေ့တာနဲ့ အမုန်းပွားပြီး သံသရာရှည်နေရအုံးမယ်လေ။ ဒီတော့ အားလုံးလည်း ကျွန်မလိုပဲ ကိုယ့်ရဲ့ မကောင်းတဲ့အားနည်းချက် ကလေးတွေကို ကိုယ်တိုင်ရှာတွေ့ပြီး ပြင်ဆင်နိုင်ခွင့်ရကြပါစေ။ ငါပြင်လိုက်ရင် သူများတွေက ငါ့ကို ဟားတိုက်ရယ်နေကြမလားလို့ မတွေးဘဲပြင်ကြည့်လိုက်မယ်ဆိုရင် အကျိုးတစ်ခုတော့ မလွဲမသွေရမှပါ။
      ကျွန်မလည်း ကျွန်မရဲ့အားနည်းချက်လေးတွေကို ပြင်ကြည့်တာကျွန်မလိုချင်တဲ့ရလဒ်ကို ရာခိုင်နှုန်း ပြည့် မရသေးပေမယ့် ၆၀ ရာခိုင်နှုန်းအထက်တော့ရနေပါပြီ။ ကြိုးစားကြည့်ကြပါ။ တကယ်ဆို ပျက်အစဉ်၊ ပြင်ခဏ ဆိုတဲ့စကားအတိုင်း ကိုယ့်အမှား၊ ကိုယ့်အားနည်းချက်ကို သူများရဲ့ထောက်ပြမှု ကြောင့်မဟုတ်ဘဲ ကိုယ်တိုင်ရှာတွေ့ပြီးပြင်နိုင်တာဟာ မင်္ဂလာတစ်ပါးပါ။ အားလုံးပဲ ကိုယ့်အမှား၊ ကိုယ့် အားနည်းချက်ကို ကိုယ်ကိုတိုင်ရှာတွေ့ပြီး ပြင်ဆင်နိုင်ခွင့်ရကြပါစေလို့ ဆုတောင်းပေးရင်း ..............
P.S ကျွန်မက အခုမှစာစရေးတာဆိုတော့ ပေးထားတဲ့ခေါင်းစဉ်လေးနဲ့ လိုက်သွားအောင် ကိုယ့်အ ကြောင်းကိုပဲ စပြီးရေးလိုက်တော့မယ်။ နောက်ကြုံရင်ကြုံသလို ကျွန်မကြုံခဲ့၊ တွေ့ခဲ့၊ စိတ်မကောင်းဖြစ်ခဲ့ ရတဲ့အကြောင်းအရာလေးတွေကို အားလုံးနဲ့မျှဝေပါ့မယ်။ ဒီစာစုလေးကိုဖတ်ပြီး ကျွန်မကြောင့် စိတ် အနှောက်အယှက်ဖြစ်ခဲ့တဲ့သူတွေအားလုံး ကျွန်မကိုနားလည်ပေးနိုင်ကြလိမ့်လို့ ထင်ပါတယ်။
အားကျမိတယ်ဗျာ....
အမရေ... အမပြောသလိုလေ့ကျင့် ဦးမယ်။။ အခုလို သင်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်... ကျွန်တော်လည်း ခုတစ်လော ပတ်ဝန်းကျင်မှာ စိတ်ပျက် စရာတွေ ကြုံနေရတယ်ဗျာ.... ဘယ်လိုလုပ်ရမလဲဆိုတာ ကိုမသိတာ... ခုတော့ အမ ပြောလို့ သိသွားပြီ.. ကျေးဇူးအထူးတင်ပါတယ်။ ကြိုးစားရဦးမှာပေါ့.... ကျွန်တော့်ရဲ့ အားနည်းချက်ကတော့ ဒေါသ ကို လွယ်လွယ် နဲ့ ထွက်လွယ်တယ်.. လွယ်လွယ် နဲ့ ပြန်ထိန်းလို့မရဘူးဖြစ်နေတယ်.... ဘာပဲဖြစ်ဖြစ် ခု လို ပြောပြပေးလို့ကျေးဇူး တင်ပါတယ်..... လေးစားလျက်
Post comment By မိုးထက်
မမ
ဘ၀ဆိုတာခဏပါပဲ ဒါပေမဲ.ဒီခဏအတောတွင်းမှာဘာလို.ရန်ဖြစ်ကြတာလဲ ဘာလို.သူများအသဲကိုခွဲ ကြတာလဲနော် ချစ်တဲ.သူနဲ.ဘာလို.ကွဲရတာလဲ ဒါပေမဲ.အားလုံးဟာဘုရားရဲ.လက်ထဲမှာပါပဲလေ
Post comment By မေလေး
thin wat yi thaung
yes dear sister ,i want to give advice i m not a yangon nice now as you know i m also look for friend like you you must know how to deal with to the other or you should have loving kindness to another another person or sympathetic to another person like that if so you will get good a person who love you that all .
Post comment By sai la min
hello !
ိ့ိဘ၀ဆိုတာ အဲဒါပဲလေ ... အခက်အခဲတွေ အများကြီးရှိမှ ဘ၀ဆိုတာဖြစ်လာတာပဲလေ....
Post comment By ကိုဖြိုး
မမ
ငြိမ်းချမ်းတဲ့ ဆက်ဆံရေးကို လူတိုင်း လိုချင်ကြမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ကို ကိုယ်ကိုတိုင်တောင်မှာ ထိန်းချုပ်ဖို့ တော်တော်ခက်တယ်နော်၊ ကိုယ့်ကို သူများက ခွင့်လွတ်တဲ့ခံစားချက်က ငြိမ်းချမ်းသလောက် ကိုယ်က သူများကို ခွင့်လွတ်ဖို့ ကြိုးစားတိုင်း ပူလောင်ရတယ်။ ကြိုးစားနေတုန်းပဲ
Post comment By miequeen
thank u
just like me, i am also short temper,but i now reduce by my job whenever i go job,i say myself,oh everyone can not like me .every one is not me so i say myself like this
Post comment By moh moh
မမ
မမ ကို ကျနော် အားကျမိတယ်ဗျာ. ကျနော်လဲ မမလို ဖြစ်အောင်နေကြိုးစားကြည့်မယ်နော်
Post comment By နောင်ဇာနည်ထွန်း
Went to success
ဖြစ်နိုင်မယ်ထင်ပါတယ်
Post comment By arsoemin24@g
မသိလို့မေးပါရစေ
ရာခိုင်နှုန်းကဘာနဲ့တိုင်းတာလဲ ကိုယ်ကတိုင်းတာနဲ့သူများအမြင်နဲ့တူမှာလား ကိုယ်ကိုကိုယ်ရောသေချာဆန်းစစ်ဘူးလား သူများနဲ့ယှဉ်ပြောတာလား ဘယ်လိုနည်းလဲ
Post comment By မောင်မောင် (၉၅ ပြား)
အတူတူဘဲ(ဒွေးကြော်ငြာလေသံနဲ့ဖတ်ပေးပါ)
ဟုတ်တယ်အစ်မရေ
Post comment By zan
အမှားကြီးမှားမိခြင်း
အရင်ကတော့သူနဲ့ကိုယ့်ကြား သူများတွေတားတော့စိတ်ဆိုးမိတယ်။ နောက်မှသူတကယ်မချစ်မှန်းသိခဲ့ရတာလေ ။ အရမ်းရှက်ပါတယ်
Post comment By  ရင်ခုန်မိသူ
လိုအပ်ချက်
လူ.ဘ၀ဆိုတာဒီလိုပါဘဲ။လိုအပ်ချက်တွေနဲ. ရှင်သန်နေရတာပါ။ပျော်စ၇ာနဲနဲ။ ရယ်စရာကျဲကျဲနဲ. ဒီအရွယ်တောင်ရောက်ခဲ.ပြီမို.လာ.?မိသဲညှာ၇ယ်။
Post comment By စံကြီး
မှန်တယ်..
အဲ့လိုနေတာ အကောင်းဆုံးပဲ ... အသက်ရှင်နေတဲ့ အချိန်ကာလလေးမှာ ချစ်ချစ်ခင်ခင်နေကြတာပေါ့.......ိကိုယ်ကိုယ်တိုင် စိတ်ချမ်းသာနိုင်၊ ပျော်ရွှင်နိုင်မှ..သူများကိုလည်း စိတ်ချမ်းသာအောင် ပျော်ရွှင်အောင် ထားနိုင်မှာလေ.......
Post comment By စုဝေ
တပ်ထူညီခြင်း
စိတ်သဘောထားခြင်း အရမ်းတူတာပဲ။ တဘက်သားကို နစ်နာစေလို၊ စိတ်းဆိုးစေလိုတဲ့ စိတ်နဲ့လုပ်လိုက်တာမဟုတ်ပါဘူး။ ဒါပေမယ့် မသိလိုက်ခင်မှာပဲ အမှားတွေဖြစ်သွားပြီ။ လွန်သွားပြီလေ၊ ပြီးတော့ဘယ်လိုပြန်ပြီးတောင်းပန်ရမလဲ၊ ကိုယ်ချစ်တဲ့သူငယ်ချင်းတွေကိုလည်း စိတ်မဆင်းရဲစေချင်ပါဘူး၊ မခေါ်ပဲလည်းမနေနိုင်ဘူး၊ ဒါပေမယ့် သူတို့ခေါ်မှပြန်ခေါ်မယ်ဆိုတဲ့အကျင့်က ဘယ်လိုမှဖျောက်လို့မရဘူး။ ဘယ်လိုလုပ်ရမလဲပြောပါဦး၊ မခေါ်ပဲလည်းမနေနိုင်ဘူး၊ သူတို့အပေါ်မှာ အရမ်းလည်းဆိုးခဲ့မိပါတယ်။
Post comment By ၀န်ခံသူ
ဤ Post နဲ့ပတ်သက်လို့ comment ပေးချင်ရင်  Post Comment