• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
သူငယ်ချင်းတို့ ခံစားရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ရင်ခုန်သံအမှားတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ဝေငှချင်ခဲ့ရင် webmaster@yinkhonthanfm.com ဆီကို သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေကို ပေးပို့နိုင်ပါတယ်။ အော်သူငယ်ချင်းတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ထည့်ပေးဖို့ မမေ့နဲ့နော်။
ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေကတော့
 ကိုယ့်ဆုတောင်းလေးတွေလဲ တစ်ခါမှမပြည့်ဘူး 
 ဇေယျာလင်း(City Fm) 
Aug 21 2008
      ကျွန်တော်တို့တစ်တွေဟာ ငယ်ရွယ်စဉ် မသိတတ်ခင်မှာကတည်းက ဘုရားစင်ရှေ့မှာပဲဖြစ်ဖြစ်၊ စေတီတော်တွေရှေ့မှာပဲဖြစ်ဖြစ်၊ ရုပ်ပွားတော်ပုံတွေ၊ သိက္ခာရကိုယ်တော်တွေရှေ့မှာပဲဖြစ်ဖြစ် လက် အုပ်ချီကာ အမျိုးမျိုးသောဆုတွေကို တောင်းခဲ့ကြတာ ယနေ့ထက်ထိပါပဲ။ နောင်လည်းဘယ်ထိဆက် ပြီး တောင်းနေအုံးမလဲဆိုတာ မသိပါဘူး။ တကယ်တော့အဲ့ဒီဆုတောင်းတွေ ပြည့်လား၊ မပြည့်လားဆို တာဘယ်သူမှ တိတိကျကျမတွက်မိ၊ မတွေးမိကြပေမယ့် အခုထက်ထိတော့ ယုံကြည်စွာဆုတောင်းနေ ကြတုန်းပါပဲ။
      ကျွန်တော့်ဘ၀ကြီးမှာ တောင်းခဲ့တဲ့ဆုတွေနဲ့ပတ်သက်တဲ့အဖြေတွေကို ပြန်လည်ချိန်ကိုက်လိုက် တော့ အပိုင်း ၃ ပိုင်းကွဲနေတာကို တွေ့ရပါတယ်။ ပြည့်တာတစ်ပိုင်း၊ မပြည့်တာတစ်ပိုင်းနဲ့ ပြည့်လား မ ပြည့်လားခွဲခြားလို့ မရသေးတဲ့တစ်ပိုင်းတို့ပဲ ဖြစ်ပါတယ်။ ဆုတောင်းခြင်းဟာ ကောင်းသောကံကြမ္မာကို မိမိဘက်သို့ပါအောင် ဆန္ဒပြုခြင်း၊ နတ်ကောင်းနတ်မြတ်တွေ မိမိကိုကြည့်ရှုစောင့်ရှောက်အောင် ဆန္ဒပြု ခြင်းလို့ဆိုနိုင်ပါတယ်။ အခုဆက်ရေးမယ့်အကြောင်းအရာတွေက ဆုတောင်းသူတွေကို ယုံကြည်မှုတွေ ကျဆုံးရလေအောင်ဆိုတဲ့စိတ်နဲ့ ရေးတာမဟုတ်ပါဘူး။ ကျွန်တော့်ထင်မြင်ချက်တွေကိုပဲ ရေးတာပါလို့ တင်ကြိုပြောထားပါရစေ။
      လူတွေဟာ အလုပ်တစ်ခုကို လုပ်ကိုင်ကြပြီဆိုရင် “ အောင်မြင်ပါစေ ” လို့ဆုတောင်းကြတယ်။ ဆု တောင်းပြည့်ခဲ့ရင် ဆုတောင်းခဲ့တာတွေကို အမှတ်ရပြီး ဆုတောင်းခဲ့ကြတဲ့နေရာတွေ၊ ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ကြည်ညိုပြီး သတင်းထုတ်တတ်ကြတယ်။ ဆုတောင်းမပြည့်ဘဲ လွဲချော်ခဲ့ရင်တော့ ဘယ်သူကိုမှ အပြစ်မတင်တတ်ကြဘူး။ ပြန်မဆန်းစစ်တတ်ဘူး။ သတင်းမဖြန့်တတ်ဘူး။ ယုံကြည်မှုတွေ လျော့ပါးမသွားတတ်ကြဘူး။ ဘာပဲဖြစ်ဖြစ် နောက်တစ်ခါကျရင်လည်း နောက်တစ်ကြိမ်ဆုတောင်းဖို့ အသင့်ဖြစ်နေခဲ့တယ်။ အားကိုး တစ်ခုလိုယုံကြည်တတ်ကြတာကိုး။
      လူတစ်ယောက်ဟာ ဘုရားတစ်ဆူရှေ့မှာ အသက်ရာကျော်ရှည်ပါစေ လို့ ဆုတောင်းလိုက်တယ်ပဲ ထား၊ ဒီလူဟာမိမိဆုတောင်းကို ပြည့်အောင် မိမိဘာသာကြိုးစားလိုက်နာရဲ့လားလို့ စဉ်းစားမိဖို့က တော်တော်နည်းတယ်။ တကယ်သူစဉ်းစားသင့်တာက သူကိုယ်တိုင်ကကော အသက်ရှည်အောင် ကျင့် ကြံနေထိုင်ရဲ့လား၊ မတည့်တာတွေကို မစားတာမျိုး၊ ဆေးမှန်မှန်သောက်တာမျိုးတို့ လုပ်ရဲ့လားလို့ပဲ။ လူတစ်ယောက်ဟာ သူတောင်းတဲ့ဆုအပေါ်မှာ သူ့ကြိုးစားမှုတွေနဲ့ ပြည့်အောင်လုပ်နိုင်တယ်ဆိုတဲ့ အချက်ကို သိရှိထားသင့်တယ်။ ကိုယ်ကဆုသာတောင်းနေတယ်။ ကိုယ်ကိုတိုင်ကတော့ အားမဖြည့်ဘူး ဆိုရင် ရှက်စရာကြီးပဲ။
      ဆုတောင်းဆိုတာ တောင်းမဲ့ဆုအတွက် မိမိဘက်ကတင်းပြည့်ကျပ်ပြည့်သာ ကြိုးစားထားရင် ကံကြမ္မာကိုသာ အားမကိုးထားဘူးဆိုရင် မလိုအပ်တဲ့အပိုပစ္စည်းစိတ်ဖြေနည်းပါ။ မိမိကိုယ်ကို ယုံကြည် မှုနည်းသူတွေရဲ့ လက်စွဲမျိုးပါ။ လောကကြီးရဲ့ ဖြစ်ပျက်သမျှကိစ္စတွေမှာ (ဂမ္ဘီရဆန်တဲ့ကိစ္စမျိုးတော့ မပါဘူးပေါ့) တကယ်ကြိုးစားသူတွေကို ဆုတောင်းတဲ့သူတွေ ဘယ်လိုနည်းနဲ့မှ ယှဉ်နိုင်မှာမဟုတ်ပါဘူး။ လူတွေဟာ မိုးလင်းမျက်လုံးနှစ်လုံးပွင့်တာနဲ့ “ ကားမှီပါစေ၊ ကားလူချောင်ပါစေ ” စသဖြင့် အမျိုးမျိုး သောဆုမျိုးကို စိတ်ထဲမှာတတွတ်တွတ်တောင်းနေတတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဆုတောင်းမှု တွေကို ကျွန်တော်ကိုယ်တိုင်ရှက်ရွံလာပြီး အခုလက်ရှိကျွန်တော်အမြဲတောင်းနေတဲ့ဆုက ၂ ဆုပဲရှိပါတော့မယ်။ ဘာဆုတွေလဲဆိုတာကတော့ . . .
Oh... ho
L .... lae
Post comment By N:lin
You have told me the Wish Already
may be it was Tuesday,u told me ur wish please let this wish for me. please
Post comment By JN
U LAY
HOW DO YO DO? YOU REMEMBER I? I AM POOH [PH..721116].
Post comment By POOH...Z.Y.L.
my wish
whatever they may be, i wish they may be fulfilled.
Post comment By c.m.n
I Wanna Know !!!!
ဘာဆုတောင်းတွေများပါလိမ့် ..... ????
Post comment By အစိမ်းရောင်ဝါးပင်ရိုင်းလေး
အကို့ဆု...... ပြီးတော့........ ညီ့ရဲ့ဆု
ဆုဆိုလို့ ငယ်ငယ်လေးကတည်းက မှတ်မှတ်ရရ အမြဲတန်းသိသိသာသာ ထူးထူးခြားခြားဆုအကြီးကြီးတော့ မတောင်းဖြစ်ပါဘူး။ ဘုရားရှိခိုးပြီးတိုင်း(သို့) ကုသိုလ်တစ်ခုပြုပြီးတိုင်း ယခုပြုရ ကုသလကြောင့် လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ၊ သံသရာဝယ် ကျင်ပါရဘိ ပညာရှိနှင့်ယှဉ်မိပေါင်းသင်း၊ ဥာဏ်မဲ့ကွင်း၍ ပြည့်လင်းလှူဖွယ် လှူစဉ်ဝယ်လည်း သုံးသွယ်စေတနာ ဖြောင့်ညီညာသည် ခေမာအထွတ် တိုင်လိုသောဝ် အဲဒီလိုတော့ တောင်းဖြစ်ပါတယ်ဗျာ။ ဥာဏ်နဲ့ယှဉ်တဲ့ဆုတောင်းလား၊ ဘာလားဆိုတာ.... အကို့ဆီကအကြံဥာဏ်တောင်းချင်မိပါတယ်.... အကိုနဲ့တကွ CityFM ၀ိုင်းတော်သားများ အထက်ကဆုအတိုင်းပြည့်ပါစေလို့ ဆုတစ်ခုထပ်တောင်းလိုက်ပါရစေတော့ဗျာ..........
Post comment By ရှမ်းတောင်တန်းအဝေးတစ်နေရာမှ အကို့ရဲ့ညီ........(mkkm)
ဆုတောင်းလေး
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ ကျွန်မကလောကကြီးမှာ အပျော်ရွှင်ဆုံး လူသား၁ဦး ဖြစ်ချင်မိတယ်။ ကျွန်မလေဘ၀မှာ လူဖြစ်လာရတာလေ သူတပါးအတွက်ပဲ။ ဘယ်တော့မှလေ ကိုယ့်အတွက် ဆိုတာမရှိခဲ့ဘူး။ သူတပါးလိုအပ်တာ မှန်သမျှကိုလေ ဖြည့်ဆည်းဖူးတယ်။ ၁ခါ၁လေတော့လည်း ကိုယ့်ကိုပျော်ရွှင်မှူပေးနိုင်တဲ့ လူမျိုးကို မျော်လင့်ဖူးတယ်။ ဆုတောင်းခဲ့ဖူးတယ်။ တကယ်တော့ အဲဒါဟာ စိတ်ကူးရင်တာ သက်သက်ပါပဲ။ ကိုယ်ကိုတိုင် ဆောက်တည်ရမည့်ဘ၀၁ခု ပြီးတော့ ကိုယ်ကိုတိုင် ဖြတ်သန်းရမယ့် လမ်း၁ခုပါ။ အဲဒါတွေအခုမှ နားလည်လာခဲ့တာ။ ဘာလို့လဲဆိုတော့ သူတပါးကိုအားကိုးချင်တဲ့လူဟာ ကံဆိုးချင်းတွေနဲ့ပဲ့ ကြုံတွေ့ရမယ်ဆိုတာ ကိုယ်ကိုတိုင်ကြုံဖူးပြီလေ။ အခုဆိုရင် ကျွန်မဆုတောင်းမိတာကတော့ ၁ခုထဲပါ။ အဲဒါဟာဘာလဲဆိုတော့ . . . .
Post comment By မိန်းကလေး
ဆုတောင်းတွေပြည့်ဝပါစေ ကိုဖေယျာလင်း
ဆုတောင်းတွေပြည့်ဝပါစေ ကိုဖေယျာလင်း လို့ဆုတောင်းပေးပါတယ် လူတိုင်းဟာဘ၀မှာအကောင်းဆုံးဇြစ်ချင်ကြပါတယ့့် 
Post comment By လမင်းငယ်
သူ.ဆုတောင်းလေးပြည်.စေချင်
လပြည်.နေ. အင်္ဂါထေါင်.မှာ သူ.အတွက် ဆုတောင်းပေးခဲ.ပါတယ်။ဆုတောင်းလေးအမြန်ဆုံးပြည်.ပါစေလို.၊ကျန်တာတော.ko xayar lyinn ကိုယ်တိုင် ကြိုးစားနော်။
Post comment By independent
ဆုတောင်းဆိုတာ....
ညီမ လည်းအစ်ကိုလိုပါပဲ။ ပြည့်တယ်မပြည့်ဘူးမပြောနိုင်ပါဘူး။ဒါပေမဲ့ ဘုရားရှိခိုးတိုင်းဆုတောင်းနေတာကတော့.. အများကြီးပါပဲ။ဆုတောင်းတယ်ဆိုတာ တစ်ခုတည်းကိုလား ဒါမှမဟုတ် အများကြီးလား။ ဆုတောင်းတိုင်းပြည့်တယ်လို့မရှိပါဘူး။
Post comment By AK
နာကျင်မှုဆုတောင်း
အခုလောလောဆယ်မှာတော့ကျွန်မရင်ဖွင့်ချင်တာဆုတောင်းချင်တာလေးကတော့ကျွန်မဘ၀ရဲ့ကျွန်မနှလုံးသားရဲ့နာကျင်ခံစားမှုတွေအမြန်ဆုံးအဆုံးသတ်ပါစေလို့ပါ။ ကျွန်မဘ၀မှာဒီထက်ပိုပြီးတော့စိတ်မဆင်းရဲချင်တော့ဘူး။ ကျွန်မကိုအရမ်းကိုချစ်ပါတယ်ဆိုပြီးပြောခဲ့တဲ့ကျွန်မရဲ့ချစ်သူကအခုတော့ကျွန်မကိုသူအေးစက်စွာပြုမူနေပြီ။ ကျွန်မမှာဘာအပြစ်မှမရှိခဲ့ပါဘူး။ပြီးတော့ကျွန်မသူ့ကိုချစ်တဲ့အချစ်ကလဲဖြုစင်ခဲ့ပါတယ်။ရိုးသားခဲ့ပါတယ်။ဘာကိုမှစွန်းထင်းမှုမပါဘဲအဖြူသက်သက်ပါ။ အခုတော့ကျွန်မဘာဆက်လုပ်ရမလဲ။ကျွန်မဆုတောင်းရုံကလွဲပြီးကျွန်မဘာကိုမျှော်လင့်ရမလဲ။စာဖတ်သူတွေကျွန်မကိုပြောပါအုံး
Post comment By မိန်းကလေး
နာကျင်မှုဆုတောင်း
အခုလောလောဆယ်မှာတော့ကျွန်မရင်ဖွင့်ချင်တာဆုတောင်းချင်တာလေးကတော့ကျွန်မဘ၀ရဲ့ကျွန်မနှလုံးသားရဲ့နာကျင်ခံစားမှုတွေအမြန်ဆုံးအဆုံးသတ်ပါစေလို့ပါ။ ကျွန်မဘ၀မှာဒီထက်ပိုပြီးတော့စိတ်မဆင်းရဲချင်တော့ဘူး။ ကျွန်မကိုအရမ်းကိုချစ်ပါတယ်ဆိုပြီးပြောခဲ့တဲ့ကျွန်မရဲ့ချစ်သူကအခုတော့ကျွန်မကိုသူအေးစက်စွာပြုမူနေပြီ။ ကျွန်မမှာဘာအပြစ်မှမရှိခဲ့ပါဘူး။ပြီးတော့ကျွန်မသူ့ကိုချစ်တဲ့အချစ်ကလဲဖြုစင်ခဲ့ပါတယ်။ရိုးသားခဲ့ပါတယ်။ဘာကိုမှစွန်းထင်းမှုမပါဘဲအဖြူသက်သက်ပါ။ အခုတော့ကျွန်မဘာဆက်လုပ်ရမလဲ။ကျွန်မဆုတောင်းရုံကလွဲပြီးကျွန်မဘာကိုမျှော်လင့်ရမလဲ။စာဖတ်သူတွေကျွန်မကိုပြောပါအုံး
Post comment By မိန်းကလေး
တောင်း တဲ့ဆု
ကျွန်မလည်း ဘုရားရှိခိုးပြီးရင် အမြဲဆုတောင်းတတ်တယ်။ အစ်ကို...တောင်းတဲ့ဆုကဘာလဲ ဟင်?
Post comment By ရွှေကလေး
ကိုလင်း ဆုတောင်း ဆိုတာလေးကိုဆွေးနွေးချင်လို့ပါ
အကိုရေ........ညီမကတော့ ဆုတောင်းဆိုတဲ့ ဝေါဟာရကို မကြိုက်ဘူး....သိတတ်စအရွယ်ကတည်းက ဆုမတောင်းဖြစ်ဘူး ဘုရားကတောင် ဟောခဲ့တယ်လေ........ကံဆိုတာအလုပ်တဲ့ အိမ်ပြန်နောက်ကျနေလို့ နောက်နေ့မှ ဆက်ဆွေးနွေးတော့မယ်နော် See u later နော်.............
Post comment By ကောင်းငယ်လေး
wishes...!
may all of your wishes be the best...!
Post comment By pretty heart
ကိုလင်း ဆုတောင်းလေးအကြောင်းဆွေးနွေးချင်လို့ပါ.......
ဘုရားကဟောခဲ့တယ် ကံဆိုတာအလုပ်တဲ့ အလုပ်လုပ်တဲ့သူအတွက် ကံဆိုတာကောင်းနေမှပဲတဲ့ ဆုတောင်းဆိုတာကိုမယုံဘူး ညီမလေးမှတ်ထားတဲ့ စကားလေးတစ်ခွန်း ပြောပြချင်တယ် ယုံကြည်မှုအနည်းဆုံးလူဟာ ကိုးကွယ်မှုအများဆုံးလုပ်တယ်တဲ့။ အကိုလက်ခံမခံ သိချင်ပါတယ်။ ညီမ mail က zawpwintphyu21@gmail.com ပါ။ အကို mail လည်းသိချင်ပါတယ်။ ဆက်ဆွေးနွေးချင်ပါသေးတယ်။
Post comment By ကောင်းငယ်လေး
ဆုတောင်းတဲ့လား
ဆုတောင်းပြည့်လို့ လက်တွေ့ဖြစ်လာရင် ဘာလို့တန်ဖိုးမထားခဲ့တာလဲ
Post comment By နားလည်မှုဆိုတာ
ဆုတောင်းဆိုတာမရှိပါ
ကိုယ်တို့ရဲ့ ဗုဒ္ဓဘာသာမှာ ဆုတောင်းဆိုတာမရှိဘူးလို့သိထားပါတယ်။ ဆုပန်တာပဲ ရှိတာပါ။ သုမေဓာရှင်ရသေ့က ဘုရားရှေ့မှာ ဆုတောင်းခဲ့တာမဟုတ်ပါဘူး။ ဘုရားဖြစ်ရပါလို၏ လို့ဆုပန်ခဲ့တာပါ။ လူတွေအမှတ်မှားနေကြတာပါ။ ကိုယ်ဖြစ်တာတစ်ခုရှိရင် ဖြစ်အောင် ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမှာပါ။ ဗုဒ္ဓက ပြောခဲ့ပြီးသားပါ မိမိကိုယ်သာ ကိုးကွယ်ရာတဲ့။
Post comment By လူနောက်
ဆုတောင်း
ဆုတောင်းတိုင်းသား ပြည့်မယ်ဆိုရင်လေ..ငါ အတိတ်တွေကိုဘဲ ပြန်လိုချင်တယ်...အချိန်တွေကို save လုပ်ပြီး လိုချင်တဲနေရာက ပြန် run လိုရ ရင်ကောင်းမယ်..
Post comment By ငါကွ
for u
su taung lay ka ma soo buu bya
Post comment By saiseiwon@gmail.com
ဆုတောင်းတိုင်းမပြည်.နိုင်ပါဘူး
ဆုတောင်းတိုင်းပြည်.တယ်ဆိုတာမဖြစ်နိုင်ပါဘူး ဥပမာ-သေသွားတဲ.လူတစ်ယောက်ကိုအသက်ပြန်ရှင်ပါစေဆိုတာမဖြစ်နိုင်တဲ.ဆုတောင်းတစ်ခုပါ လူဆိုတာဟာအတိတ်မှာရပ်နေလို.မရပါဘူး အနာဂတ်ဆီကိုလျှောက်လှမ်းရမယ်လူတွေချည်းပဲ လူတွေမှာမျှော်လင်.ချက်တွေလက်တွေ.အကောင်အထည်ဖော်ရမယ်.အိပ်မက်တွေကိုယ်စီရှိကြပါတယ် လက်တွေ.မလုပ်ပဲဆုပဲတောင်းနေမယ်ဆိုရင်
Post comment By မေအိမ်.ချစ်(angelstar142@gmail.com)
ဆုတစ်ခုပဲ အမြဲတိုင်းတောင်းသူပါ (ဒါပေမဲ့...........)
ခိုင်က ဘုရားရှိခိုးရင် ဆုတစ်ခုပဲအမြဲတမ်းတောင်းဖြစ်ပါတယ်။အဒိဆုကတော့ ဘ၀များ စွာကျင်လည်ခြင်း ကင်းတဲ့အေးချမ်းရာအရပ်ဆီကိုပါ။အခုဆိုရင်တော့ ဆုတစ်ခုပိုတောင်း ထားပါတယ် ။ လူသားတိုင်း လိုတိုင်းတ တတိုင်းရကြပါစေဆို.တဲ့ဆုပေါ့နော်။
Post comment By ခိုင်(yangon###)
ဆုတောင်းတိုင်းသာပြည့်ခဲ့ရင်
ဆုတောင်းတိုင်းသာပြည့်မယ် ဆိုရင် ဆုတစ်ခုလောက်တောင်းချင်လိုက်တာ။ အဒါကတော့ ဖြစ်လာမဲ့အနာဂတ်ကို ကြိုတင်ပြီး 5 နာရီလောက်သိချင်လို.ပါ။ တောင်းတဲ့ဆုနဲ့ပြည့်ပါမလား။
Post comment By နှင်းချစ်သူdninesnow@gmail.com
အစ်ကို့ဆုတောင်းတွေပြည့်ပါစေ
မော်တာလည်း ဆုတောင်းဖူးပါတယ်.. ဒါပေမဲ့ .. မသေချာတဲ့ဆုတောင်းမှုတွေပါပဲ .. မရေရာပေမဲ့ .. စိတ်ထဲမှာ ဖြစ်စေချင်တဲ့အရာလေးတွေကိုတော့ .. ခုချိန်ထိ ဆုတောင်းနေမိတုန်းပါပဲ ...း)
Post comment By မော်တာပါးစပ် su.motormouth@gmail.com
ဆုတောင်းတိုင်းသာပြည်.မယ်ဆိုရင်
ဆုတောင်းတိုင်းသာပြည်.မယ်ဆိုရင်ပေါ.လောကကြီးမှာဘာအပူအပင်ဘာသောကမှရှိမှာမဟုတ်ဘူးပေါ.နော်။
Post comment By yin2thar.thar@gmail.com
တောင်းချင်နေတဲ့ဆုက
ယုစံမှာ အကိုတစ်ယောက်ရှိတယ်။ အဲဒီအကိုကယုစံအသက်၁၀နှစ်မှာယုစံကြောင့်ကားတိုက်ပြီးသေဆုံးသွားခဲ့တာ အခုဆုတောင်းခိုင်းမယ်ဆိုရင် အကိုကိုပြန်လာအောင်ဆုတောင်းမယ် အကိုမိုးထက်ခေါ်တကုမိုကို ပြန်လာပါစေလို.
Post comment By အိယုစံ
ဆုတောင်းတိုင်းသာပြည့်ခဲ့မယ်ဆိုရင်..........
ဆုတောင်းတိုင်းသာပြည့်ခဲ့မယ်ဆိုရင်လေ...အရာရာအားလုံးကိုအသစ်ကနေပြန်စခွင့်ပြုပါလို့ ဆုတောင်းလိုက်ချင်ပါတယ်.............
Post comment By လမင်းငယ်
မေးချင်ပါတယ်
ကိုဇေယျာလင်းရေဆုတောင်းတာနဲ့ပြည့်သွားရောလား ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လူတွေကဆုပဲတောင်းနေတော့မှာပေါ့နော် ညီမအမြင်ကိုပြောတာပါ.....ကိုဇေယျာလင်းရောဆုတောင်းရင်ပြည့်မယ်လို့ယုံကြည်ထားလား
Post comment By juliet
မြန်မာ
ကိုဇေယျာလင်း တကယ်စိတ်ကူးယဉ်ဆန်တယ်
Post comment By ဇင်ဇင်
ဆုတောင်း
နေကတော.ဆုတောင်းတိုင်းကိုမပြည်.စေလိုပါဘူး။ တခါတလေမှာကိုယ်ဆုတောင်းမိတတ်ကြတယ်လေသူနဲ.ဘယ်တော.အခါမှမတွေ.ပါစေနဲ.ဆိုသလိုမျိုးပေါ.။ နောက်ကျပြန်တွေ.ချင်တာပဲလေ။ ဆုတောင်းတိုင်းပြည်.ရပါစေလို.နေတခါမှမဆုတောင်းဖူးပါဘူး
Post comment By နေ
ဤ Post နဲ့ပတ်သက်လို့ comment ပေးချင်ရင်  Post Comment