• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
သူငယ်ချင်းတို့ ခံစားရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ရင်ခုန်သံအမှားတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ဝေငှချင်ခဲ့ရင် webmaster@yinkhonthanfm.com ဆီကို သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေကို ပေးပို့နိုင်ပါတယ်။ အော်သူငယ်ချင်းတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ထည့်ပေးဖို့ မမေ့နဲ့နော်။
ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေကတော့
 အတွေးတစ်စကို ဖြန့်ကျက်ခြင်း 
 သင်းဝတ်ရည်အောင် (Sound Impact Production) 
Aug 28 2008
      လူတွေဟာ အချစ်ကိုပုံစံအမျိုးမျိုးနဲ့ အဓိပ္ပါယ်ဖွင့်တတ်ကြပါတယ်။ “ လူတစ်ယောက်ကိုချစ်ရတာ ပျော်ဖို့ကောင်းတယ်။ သူ့ဆီက ဘာမှမလိုချင်ဘူး။ သူ့ကိုချစ်နေရရင် ကျေနပ်ပါပြီ ” လို့ ပြောနေကြတဲ့ သူ တွေရှိသလို “ သူ့အချစ်ကြောင့် မွန်းကျပ်ရပါတယ်။ လွတ်မြောက်ခွင့်ပေးပါတော့” လို့ တောင်းဆို နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။ တစ်ချို့ကြတော့ “ မဟုတ်ဘူး ... အဲ့ဒီအချစ်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခု လုံး ပြန်ပြီးအဖတ်ဆယ်မရအောင် စုတ်ပြတ်သတ်သွားတာ ဒါကြောင့် အချစ်ကို မုန်းတယ် ” လို့ ခါးခါးသီးသီး ပြောကြပြန်တယ်။ “ အချစ်စစ်ဆိုတာ လောကကြီးမှာ ဘယ်တော့မှ မရှိ နိုင်တဲ့အရာမို့လို့ လုံးဝမယုံကြည်ဘူး ” လို့ ပြောတဲ့သူတွေလည်း ရှိပြန်ပါတယ်။
      အနည်းစုသော ပုဂ္ဂိုလ်များကတော့ “ အခုလိုထိပ်ဆုံးရောက်လာတာ အချစ်ကြောင့်ပါ ” တဲ့လေ။ အချစ်ကြောင့် အရာရာကို ရင်ဆိုင်ရဲသွားတဲ့သူတွေရှိသလို အချစ်ကြောင့်ဘ၀ဆုံးတဲ့သူတွေလည်း ရှိပါ တယ်။ အချစ်ကြောင့် ဂုဏ်တတ်ရသလို အချစ်ကြောင့် ဂုဏ်ပျက်ရတဲ့သူတွေဟာလည်း ဒီကမ္ဘာကြီးပေါ် မှာ ထုနဲ့ထည်နဲ့ရှိပါတယ်။ အဲ့လိုမျိုး လူတစ်ယောက်ကို ဘ၀တစ်ခုလုံးနဲ့ချီပြီး ကိုင်လှုပ်နိုင်တဲ့ အချစ်ဆို တဲ့အရာကြီးက ဘယ်လိုပုံစံမျိုးရှိလဲ. . . အ၀ိုင်းလား. . . လေးထောင့်လား. . . ပူသလား. . . အေးသ လား. . . ဘယ်လိုအရောင်ရှိပြီး ဘယ်လိုရနံရှိလဲ. . .
      အဲ့ဒီလိုအရောင်မရှိ၊ အနံမရှိ၊ ပုံသဏ္ဍာန်မရှိလို့ လက်ဆုပ်လက်ကိုင်လဲ ပြလို့မရနိုင်တဲ့ စိတ္တဇနာမ် သက်သက် အချစ်ဆိုတဲ့အရာကြောင့်ပဲ လူတွေဟာငိုကြ၊ ရယ်ကြ၊ ဒေါသဖြစ်ကြ၊ အမုန်းတွေ ပွားကြ ရတယ်။ အဲ့ဒီလိုဘယ်လိုမှ လက်ဆုပ်လက်ကိုပြလို့မရ၊ Definition ဖွင့်လို့မရတဲ့ အချစ်ဆိုတဲ့အရာ ကြောင့် လူတွေကိုအချိန်ကုန်မခံစေချင်ဘူး။ အထူးသဖြင့် ချစ်သူရည်းစားရှိမှ အပေါင်းအသင်း၊ သူငယ် ချင်းတွေကြားမှာ မျက်နှာမငယ်ဖြစ်ရမယ်လို့ အထင်မှားနေကြတဲ့ ၁၈၊ ၁၉ အရွယ်လူငယ်တွေကို ရည် ရွယ်ချင်တာပါ။
      သေချာတွေးစေချင်ပါတယ်။ လူတစ်ယောက်ကို ကိုယ်ကချစ်မှ ကိုယ့်ကိုလူတစ်ယောက်(ဆန့်ကျင် ဘက်လိင်) ကချစ်မှ ဖြစ်မယ်လို့ မတွေးစေချင်ပါဘူး။ အဲ့ဒီလိုမျိုးသူတွေကို လက်ဆုပ်လက်ကိုင်ပြနိုင်မှ ချစ်သူရှိတာမဟုတ်ပါဘူး။ တကယ်တမ်းတော့ ကိုယ့်ကိုအချစ်စစ်နဲ့ ချစ်တဲ့ချစ်သူတွေက ကိုယ့်ဘေးနား မှာ အဆင်သင့်ရှိနေပြီးသားပါ။ ကိုယ်ကအဝေးကြီးကို ငေးကြည့်နေမိတော့ ကိုယ့်ဘေးကချစ်သူကို မတွေ့ကြဘူးပေါ့။ ဒီနေရာမှာပြောချင်တဲ့ ချစ်သူဆိုတာက ကိုယ်အခက်အခဲတွေ့လာတဲ့အခါတိုင်း ကိုယ်စိတ်ပျက်အားငယ်နေတဲ့အခါတွေတိုင်း အားပေးနှစ်သိမ့်လမ်းညွှန်ပြသပေးတတ်သလို အရာရာ တိုင်းမှာ ကိုယ့်ရှေ့ကနေ တံတိုင်းတစ်ခုလို မားမားမတ်မတ်ရပ်တည်ပေးတတ်ကြတဲ့ မိဘနဲ့ ညီအစ်ကို မောင်နှမတွေပဲလေ။ သူတို့တတွေဟာ ကိုယ့်ဘ၀အတွက်တော့ ထာဝရချစ်သူတွေဆိုတာကို ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။
      အားလုံးလည်း သိကြမယ်ထင်ပါတယ်။ အချစ်ချင်းတူပေမယ့် ၅၂၈ နဲ့ ၁၅၀၀ ရဲ့အပူဒီဂရီ ကွာခြားပုံ ကိုလေ။ ၅၂၈ အပူချိန်က ပူတယ်ဆိုပေမယ့် နေသာထိုင်သာရှိရုံ ခပ်နွေးနွေးလေးရယ်. . . ၁၅၀၀ က တော့ ပြောမနေနဲ့ အဆုံးစွန်ထိလောင်မြိုက်ခြင်းပါပဲ။ ဒီတော့ ဒီဂဏန်းနှစ်ခုကြားက ကွာခြားချက်ကို ကြည့်ရုံနဲ့ ဘယ်အပူချိန်ဟာ ကိုယ့်အတွက်အပူသက်သာနိုင်မလဲဆိုတာ သိနိုင်တာကြောင့် ၁၅၀၀ နဲ့ ပတ်သက်လာရင် မျှော်လင့်ချက်တွေ တအားထားပြီး မခံစားစေချင်ဘူး။ တကယ်တော့ အချစ်ဆိုတဲ့အ ရာဟာ ဘ၀ကြီးတစ်ခုလုံးနဲ့နှိုင်းစာရင် ဘာမှမပြောပလောက်တဲ့ Atom တစ်ခုစာလောက်ပဲ ရှိပါတယ်။ ဒီတော့အချစ်နဲ့ပတ်သက်လာရင် လူတိုင်းကိုမခံစားစေချင်ဘူးဆိုပေမယ့် ကျွန်မအပါအ၀င် လူတိုင်းဟာ ပိုးဖလံမျိုးဆိုတော့လဲ. . .
P.S တွေးကြည့်စေချင်ရုံသက်သက်ပါ။ ကျွန်မကို ဒီလိုမျိုးအတွေးတွေ ၀င်လာအောင်လုပ်ပေးတဲ့ ညီမလေး Piglet အတွက်
အချစ်ဆိုတာဘာလဲဟင်...
ကျမကသိပ်ချစ်တတ်တဲ့ မိန်းကလေးတစ်ယောက်ပေါ့၊ ဒါပေမဲ့ လူတစ်ယောက်ကို ကြည့်ပြီးတော့ အချစ်ဆိုတာကြောက်ဖို့ကောင်းတယ်လို့ သိခဲ့ရပါတယ်။
Post comment By အလွမ်း
လူတစ်ယောက်ကို တအားကြီး ချစ်မိသွားရင်လဲ မကောင်းဘူးနော်။
ကိုယ့်ကို သူ တကယ်ချစ်တယ်ဆိုတာလဲ ယုံကြည်နေတယ်။ ကိုယ့်ဘက်ကလည်း သူ့ကို တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်မိသွားတာပါ။ ဒါပေမယ့် တခါတလေမှာ သူ့ဘက်က ကိုယ့်ကို လစ်လျူရှုသလိုမျိုးခံစားမိတဲ့အခါ ရင်ထဲမှာ မွန်းကျပ်နေအောင် ခံစားရတယ်။ အမြဲတမ်းမဟုတ်ရင်တောင် နည်းနည်းလေးဖြစ်ဖြစ် ဂရုစိုက်စေချင်တာပါ။ 528 အချစ်မျိုးနဲ့ ချစ်တတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကို အမြဲတမ်းရနေတော့ 1500 အချစ်မှာလည်း အဲဒီလိုပဲ ဖြစ်စေချင်ခဲ့တာလေ။ ဒါပေမယ့် ဘာကိုပဲဖြစ်ဖြစ် တအားကြီးမျှော်လင့်ထားမိရင် ရှုံးနိမ့်သွားတဲ့အခါ ဘာဖြစ်မလဲဆိုတာမျိုးလဲ ကြိုတွေးထားသင့်တယ်ဆိုကို အခု သိသွားပါပြီ။ အရာရာကို နားလည်နိုင်တဲ့သူဖြစ်အောင် ကြိုးစားရတော့မှာပေါ့။ လူတစ်ယောက်ကို အရမ်းချစ်မိနေပြီကိုး......................
Post comment By မေခ
လူတစ်ယောက်ကို တအားကြီး ချစ်မိသွားရင်လဲ မကောင်းဘူးနော်။
ကိုယ့်ကို သူ တကယ်ချစ်တယ်ဆိုတာလဲ ယုံကြည်နေတယ်။ ကိုယ့်ဘက်ကလည်း သူ့ကို တကယ်ကို မြတ်မြတ်နိုးနိုးနဲ့ ချစ်မိသွားတာပါ။ ဒါပေမယ့် တခါတလေမှာ သူ့ဘက်က ကိုယ့်ကို လစ်လျူရှုသလိုမျိုးခံစားမိတဲ့အခါ ရင်ထဲမှာ မွန်းကျပ်နေအောင် ခံစားရတယ်။ အမြဲတမ်းမဟုတ်ရင်တောင် နည်းနည်းလေးဖြစ်ဖြစ် ဂရုစိုက်စေချင်တာပါ။ 528 အချစ်မျိုးနဲ့ ချစ်တတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကို အမြဲတမ်းရနေတော့ 1500 အချစ်မှာလည်း အဲဒီလိုပဲ ဖြစ်စေချင်ခဲ့တာလေ။ ဒါပေမယ့် ဘာကိုပဲဖြစ်ဖြစ် တအားကြီးမျှော်လင့်ထားမိရင် ရှုံးနိမ့်သွားတဲ့အခါ ဘာဖြစ်မလဲဆိုတာမျိုးလဲ ကြိုတွေးထားသင့်တယ်ဆိုကို အခု သိသွားပါပြီ။ အရာရာကို နားလည်နိုင်တဲ့သူဖြစ်အောင် ကြိုးစားရတော့မှာပေါ့။ လူတစ်ယောက်ကို အရမ်းချစ်မိနေပြီကိုး......................
Post comment By မေခ
အရေးကြီးသောနားလည်မှု
ကျွန်မထင်မြင်မိတာ၁ခုတော့ရှိတယ်။ အဲဒါကနားလည်မှုပဲ။ကိုတိုင်ကြုံဖူးလို့တော့မဟုတ်ပါဘူး။ ဒါပေမယ့်ပတ်ဝန်းကျင်မှာမြင်တွေ့နေရတယ်။ နားလည်မှုရှိရင်အချစ်ကတည်မြဲတယ်ဆိုတာတော့လက်ခံပါတယ်။ ဒါပေမယ့်တခါတရံတောနားလည်မှုထက်ရုပ်ရည်ချောမောမှုက အဓိကကျပြန်ရော။ယောက်ျားလေးတွေအတွက်ကိုပြောတာနော်။ မိန်းကလေးတွေကတော့ ချစ်မိရင်ရုပ်ရေကအရေးမကြီးတော့ဘူးနော်။
Post comment By မိန်းကလေး
နားမလည်ပါ
မမပြောတဲ့အချစ် ကိုသမီိးနားမလည်ဘူး။သမီးနားလည်တာပြောပြမယ်နော်....။ နေကိုထွက်စအချိန်နှင့်ဝင်စအချိန်နှိုက်အထင်ရှားဆုံးတွေ့မြင်ရသကဲ့သို့ လူတို့ရဲ့ပင်ကိုယ်စိတ်များကို လည်ကောင်းတို့ ကလေးငယ်ဘ၀နှင့် ကွယ်မလွန်ခင်အချိန်တွင်အထင်ရှားဆုံးတွေ့မြင်ရသည်။ ဒါ့ကြောင့် သမီးလူတွေကိုမယုံရဲဘူး။ဦးလေးကိုလဲမယုံဘူး။
Post comment By ဦးလေးရဲ့ ဂွန်ဆန်မာ...........ဂျာဂါဂါ။
အချစ်=ပေးဆပ်ခြင်း=????
???????????? ???????????? ????????????
Post comment By သဲသက်ဝေ
နားလည်မှုနဲ့ တည်ဆောက်ထားတဲ့အချစ်တိုင်းကို တန်ဖိုးထားလျက်
မ၀တ်ရည်........ညီမကတော့ ဘယ်လိုအချစ်မျိုးကိုမဆို နားလည်မှုတွေနဲ့ဘောင်ကွပ်ရမယ်ထင်တယ်.......နားလည်မှုမရှိတဲ့ အချစ်ဆိုရင် 528 ပဲဖြစ်ဖြစ် 1500 ပဲဖြစ်ဖြစ် အဆင်မပြေမှာ ကျိန်းသေတယ်..........မိဘတွေကလည်းသားသမီးတွေရဲ့စိတ်ကိုနားလည်ပေးသင့်သလို သားသမီးတွေကလည်း မိဘတွေရဲ့ မေတ္တာဆိုတာတွေကို နားလည်ပေးသင့်တယ်.....ချစ်သူတွေဆိုရင်လည်း အတ္တတွေကိုသိမ်းထုတ်လို့ နားလည်မှုတွေနဲ့သာ တွဲလက်တွေဆက်ထားမယ်ဆိုရင် အချစ်ဆိုတဲ့ အရာဟာ ပျော်စရာကောင်းလာမှာပါ.........ဒါပေမယ့် လူဆိုတဲ့ သတ္ဆ၀ါက အတ္တတွေကို ကိုင်ဆုပ်ထားကြတဲ့သူတွေလေ..........အဲ့အတ္တဆိုတဲ့အရောင်တွေဆိုးလိုက်တော့ အချစ်ဆိုတာကြီးက ပျက်ဆီးသွားတော့တာပေါ့..............အချစ်ကသန့်သန့်လေးပါ.......ပြင်ပအရောင်တွေကြောင့် ပြောင်းလဲသွားတာပါ.....သန့်သန့်လေးပဲ လူသားအားလုံးကို အတ္တကင်းကင်းနဲ့ ချစ်ချင်တယ်.........ဒါပေမယ့် လူဆိုတော့လည်း အတ္တ ဆိုတာတွေကြားထဲမှာ နစ်မြုပ်ရင်း နဲ့ပဲ ရှေ့ဆက်နေရတယ်..........
Post comment By ကောင်းငယ်လေး
လူတစ်ယောက်ကို တကယ်ချစ်မိပြီဆိုရင်
ကျွန်မသူ့ကိုတကယ်ချစ်ခဲ့ပါတယ်။ သူလည်းကျွန်မကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်မဟာ အမြဲလစ်လျူရှုခံနေရတယ်။ တစ်ခါတစ်ခါကျတော့ အရမ်းမွှန်းကျပ်တယ်။ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ကျွန်မကတော့ သူ့အတွက် အမြဲပေးဆပ်နေချင်တာပါပဲ။ တစ်ခါတစ်လေမှာတော့ ချစ်သူရဲ့ အကြင်နာနဲ့ ဂရုစိုက်မှုကို မိန်းခလေးတိုင်း မက်မောကြမှာပါ။ လူတစ်ဦးနဲ့တစ်ဦးခံစားချက်ခြင်းတော့ တူမယ်မထင်ပါဘူး။ ကျွန်မရဲ့ရင်ထဲက ခံစားချက်ကိုပဲပြောတာပါ
Post comment By noenoe1983
မမပြောတာကြိုက်တယ်
သမိးကမချစ်ဖူးသေးဘူး။ဒါပေမယ့်၅၂၈ ကိုပဲကြိုက်တယ်။မပြောင်းလဲတဲ့အချစ်လို့ယုံတယ်။၁၅၀၀ကပူလောင်တယ်ဆိုတော့ ကြောက်တယ်။ါ
Post comment By ဖြူစင်
နားလည်မှု
ချစ်သူက ၁နှစ်မှာ ၈လလောက်ကအဝေးမှာရောက်နေတာသူ.အပေါ်မှာနားလည်မှုတွေ ပေးရတာများလာတော.စိတ်ကုန်လာတယ်လမ်းခွဲဖို.စဉ်းစားလိုက်တိုင်းမလုပ်နိုင်ခဲ့ဘူး မမေ့နိုင်တော့လဲ......
Post comment By သဲဆု
အချစ်ကဘ၀မှာအရေးပါတယ်လို့ထင်လားမမ
မမ ရဲံ စာ ကိုဖက်ရတာကောင်းပါတယ်..မမ ရေ အချစ်ကဘ၀မှာအရေးပါလား..ညီမလေးကတော့အချစ်ကိုမယုံဘူး..အရမ်းကြီးချစ်ဖူးပါတယ်. ဒါပေမယ့်ကိုယ်ချစ်တဲ့သူကကိုယ့်ကိုထားသွားခဲ့တယ်လေ..ဒါကြောင့်ကိုယ်ကလည်းအချစ်ကိုတန်ဖိုးမထားတကိတော့လားတော့မသိဘး
Post comment By beautysoul
အချစ်ကဘ၀မှာအရေးပါတယ်လို့ထင်လားမမ
မမ ရဲံ စာ ကိုဖက်ရတာကောင်းပါတယ်..မမ ရေ အချစ်ကဘ၀မှာအရေးပါလား..ညီမလေးကတော့အချစ်ကိုမယုံဘူး..အရမ်းကြီးချစ်ဖူးပါတယ်. ဒါပေမယ့်ကိုယ်ချစ်တဲ့သူကကိုယ့်ကိုထားသွားခဲ့တယ်လေ..ဒါကြောင့်ကိုယ်ကလည်းအချစ်ကိုတန်ဖိုးမထားတကိတော့လားတော့မသိဘး
Post comment By beautysoul
ချစ်တတ်တဲ့သူတွေကတော့ခံစားနေရမှာသဘာဝပါပဲ.....
လူတွေကအချစ်ကိုပုံစံအမျိုးမျိုးနဲ့ ပုံဖော်ချစ်နေကြတယ်နော်... လူတိုင်းချစ်တတ်ကြမယ်လို့ ကိုယ်ကတော့ယုံတယ်။ ကိုယ်လည်းချစ်တတ်တဲ့လူတစ်ယောက်ဖြစ်နေပြန်တယ်လေ...ဒီတော့ ကိုယ်ကအချစ်ကိုဒီလိုသတ်မှတ်ထားလိုက်တယ်...အချစ်=အရှုံး ဆိုပြီးတော့ပေါ့။ အခုကိုယ်အရှုံးဆိုတဲ့အရသာကိုကောင်းကောင်းခံစားတတ်နေပါပြီ... ကိုယ်တိုင်ရင် ဆိုင်ခံစားရတော့မှပဲ ကိုယ့်ကိုအရှုံးပေးချစ်နေကြတဲ့ မိဘ နှစ်ပါးကိုအရမ်းပဲသနားသွားမိတယ်လေ... ကိုယ့်ဘေးမှာအမြဲရှိနေတဲ့ ဒီအချစ်ကိုအရင်က ကိုယ်အလေးမထားတတ်ခဲ့ဘူး၊ အခုတော့ ကိုယ်အရမ်းမှားသွားပြီဆိုတာကို သိလိုက်ပါပြီ။ အခုလိုကိုယ့်ရဲ့အမှားတွေကို သိအောင်လုပ်ပေးတဲ့ လူတစ်ယောက်ကို ကျေးဇူးတင်မိပြန်တယ်လေ...သူ ကတော့ကိုယ့်ဘေးမှာအမြဲမရှိတတ်သလို ကိုယ့်ကိုလည်းဂရုစိုက်ဖို့ မေ့နေတတ်တဲ့ ကိုယ်ရဲ့ချစ်သူလေးပါပဲ... ps. ကိုယ့်ကိုဂရုမစိုက်နိုင်ပေမဲ့ သူ့ရဲ့လူနာတွေအပေါ်မှာတော့ သူကောင်းကောင်း ဂရုစိုက်လိမ့်မယ်လို့ကိုယ်ထင်ပါတယ်...ဘာပဲဖြစ်ဖြစ် ကိုယ်ကျေနပ်ပါတယ်လေ။
Post comment By ဆားပွင့်ငယ်
အချစ်
ကျွန်တော်ကတော့အချစ်ကို ဘာလို့မှမထင်ဘူးဗျ တကယ်တော့်အချစ်ဆိုတာ ကိုယ့်ရဲ့ မှန်ကန်မှုမရှိတဲ့ရင်ခုန်သံတစ်ခုလို့ပဲထင်တယ် စိတ်ကူးယဉ်ဆန်တယ် စိတ်ကူးယဉ်လွန်းရင် လက်တွေ့မဆန်တော့ဘူး လက်တွေ့မဆန်ရင် လောကမှာနေရာရှားသွားလိမ့်မယ် ဒါကြောင့် ပြောချင်တာကတော့ အချစ်ကိုယုံတဲ့လူတွေ သတိထားကြပါလို့ အချစ်ဆိုတာကို တအားကြီးအထင်မကြီးကြပါနဲ့လို့
Post comment By ဖြိုးအောင်
အချစ်
တကယ်တော့အချစ်ဆိုတာဘ၀ရဲ့ အစိတ်အပိုင်းအသေးလေးပါ။ ဘ၀မှာအချစိမရှိရင်ဘာမှ မပြည့်စုံဘူးဆိုတာအလကားပြောတာ။မိန်းကလေးတွေကိုအကြံပေးချင်တာက ကိုယ့်ဘ၀မှာတန်ဖိုးရှိအောင်နေတာနဲ့အမျှ၊ကိုယ့်မှာအရည်အချင်းနဲ့ပြည့်စုံနေတာနဲ့အမျှ ကိုယ်နဲ့ထိုက်တန်တဲ့အချစ်ဟာကိုယ့်ဆီကိုရောက်လာမှာပါပဲ။
Post comment By သစ္စာ
မမရေ..
မမပြောတာလည်းမှန်ပါတယ်..။ဒါပေမယ့် မမရယ်..အချစ်ဆိုတာက..ကိုယ်မသိလိုက်တဲ့ အချိန်မှာဝင်လာတတ်ပြီး...ကိုယ်သိလိုက်တဲ့ အချိန်မှာတော့ တော်တော်ကိုခရီးရောက်နေပြီ..။တခါတလေကျရင် အချစ်ဆိုတာကြီးကို မကျေနပ်ဘူး..။ဘာဖြစ်လို့ များသူများစိတ်ထဲကို သူလုပ်ချင်သလိုလုပ်နေပါလိမ့်လို့  ထင်မိတယ်..။လူတစ်ယောက်ကိုချစ်ရတာ တကယ်မလွယ်ဘူးဆိုတာကို ညီမအခုမှတကယ်သိလာရတယ်..။တခါတခါတွေးကြည့် တယ်..သူ့ စိတ်နဲ့ သူ့ကိုယ်ခံစားရတဲ့ ခံစားမှုတွေက ငါ့ ဆီကိုဘာဖြစ်လို့ လာလာရိုက်ခတ်နေတာလဲလို့ ...။အချစ်ဆိုတာပျော်ရွှင်မှုတွေပေးတဲ့ အရာလို့ တွေးရင် ပူလောင်မှုတွေလည်း ပေးတတ်ပါတယ်ဆိုတာမေ့ ထားလို့ တော့ မရဘူးနော်...
Post comment By ဖြူ
ဤ Post နဲ့ပတ်သက်လို့ comment ပေးချင်ရင်  Post Comment