• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
သူငယ်ချင်းတို့ ခံစားရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ရင်ခုန်သံအမှားတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ဝေငှချင်ခဲ့ရင် webmaster@yinkhonthanfm.com ဆီကို သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေကို ပေးပို့နိုင်ပါတယ်။ အော်သူငယ်ချင်းတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ထည့်ပေးဖို့ မမေ့နဲ့နော်။
ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေကတော့
 ပေးသူနဲ့ ယူသူ 
 လူကျော် 
Oct 09 2008
      ကျွန်တော်သည် ဤရင်ခုန်သံ website တွင် မကြာခဏဆိုသလို ခံစားချက်လေးတွေကို ၀င်ရေး လိုက်၊ သူများရဲ့ ခံစားချက်တွေကို ဖတ်ကြည့်လိုက်၊ သီချင်းနားထောင်လိုက် လုပ်လေ့ရှိပေသည်။ ဒီလို ၀င်ကြည့်ရင်းဖြင့် မိန်းကလေးဆိုသော နာမည်ဝှက်ဖြင့်ရေးသားထားသော comment တစ်ခုကို ဖတ် လိုက်မိလေသည်။ ထို comment မှာ အောက်ပါအတိုင်းဖြစ်လေသည်။ " ဆုတောင်းတိုင်းသာပြည့်မယ် ဆိုရင်လေ ကျွန်မကလောကကြီးမှာ အပျော်ရွှင်ဆုံး လူသားတစ်ဦး ဖြစ်ချင်မိတယ်။ ကျွန်မလေဘ၀မှာ လူ ဖြစ်လာရတာလေ သူတပါးအတွက်ပဲ။ ဘယ်တော့မှလေ ကိုယ့်အတွက် ဆိုတာမရှိခဲ့ဘူး။ သူတပါး လို အပ်တာ မှန်သမျှကိုလေ ဖြည့်ဆည်းဖူးတယ်။ တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုပျော်ရွှင်မှု ပေးနိုင်တဲ့လူမျိုးကို မျော်လင့်ဖူးတယ်။ ဆုတောင်းခဲ့ဖူးတယ်။ တကယ်တော့ အဲဒါဟာ စိတ်ကူးရင်တာ သက် သက် ပါပဲ။ ကိုယ်ကိုတိုင်ဆောက်တည်ရမည့်ဘ၀၁ခု ပြီးတော့ ကိုယ်ကိုတိုင် ဖြတ်သန်းရမယ့် လမ်းတစ် ခုပါ။ အဲဒါတွေအခုမှ နားလည်လာခဲ့တာ။ ဘာလို့လဲဆိုတော့ သူတပါးကိုအားကိုးချင်တဲ့လူဟာ ကံဆိုး ခြင်းတွေနဲ့ပဲ ကြုံတွေ့ရမယ်ဆိုတာ ကိုယ်ကိုတိုင်ကြုံဖူးပြီလေ။ အခုဆိုရင် ကျွန်မဆုတောင်းမိတာက တော့ တစ်ခုထဲပါ။ အဲဒါဟာဘာလဲဆိုတော့ . . . . " ပင်ဖြစ်လေသည်။
      ကျွန်တော်သည် ထို comment ကို ဖတ်လိုက်မိသောအခါ စိတ်ထဲတွင်တွေးစရာမေးခွန်းတစ်ခု ဖြစ်ပေါ်လာပေသည်။ ထိုတွေးစရာမေးခွန်းမှာ ကျွန်တော်တို့သည် ပေးသူနေရာက နေမှာလား၊ ယူသူနေ ရာက နေမှာလား ပင်ဖြစ်လေသည်။ ကျွန်တော် ကိုယ်တိုင်ဖြေကြည့်သောအခါ အလွန်ပင်ဖြေရခက်လေ သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ပေးသူနှင့် ယူသူနှစ်ခုစလုံးဖြစ်ချင်သောကြောင့် ဖြစ် ပေသည်။ ရှင်းအောင်ပြောရမည်ဆိုလျင် နည်းနည်းပေး၍ များများရချင်သောသူ ဖြစ်လိုပေသည်။
      သို့သော် ကျွန်တော်တို့၏ ဤကမ္ဘာတွင် အောင်မြင်ခဲ့သော၊ ကျော်ကြားခဲ့သောသူများကို ကြည့်ပါ က ထိုသူများသည် ပေးခဲ့သောသူများသာ ဖြစ်လေသည်။ ဥပမာဆိုရလျင် ရှင်တော်ဗုဒ္ဓ၊ မဟတ္တမဂန္ဓီနှင့် မာသာထရီဇာတို့ပင် ဖြစ်လေသည်။ အဆုံးစွန်ဆုံးဆိုရမည်ဆိုလျင် ဟစ်တလာသည်ပင်လျင် ပေးဆပ်သူ အဖြစ် ရပ်တည်ခဲ့လေသည်။ သို့သော်လည်း နောက်ဆုံးတွင် ရယူလိုမှုများကာ ဇာတ်သိမ်းမလှ ဖြစ်ခဲ့ရ လေသည်။ ထို့ကြောင့် ကျွန်တော်တို့သည် အသက်ရှင်သမျှကာလပတ်လုံး ပေးသူအဖြစ်တစ်ဖုံ၊ ယူသူအ ဖြစ်တစ်နည်း နေထိုင်သွားရမည်သာ ဖြစ်လေသည်။ တစ်သက်တာလုံး ပေးသူအဖြစ်ရပ်တည်နိုင်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော ဤကမ္ဘာလောကတွင် ပေးသူထက် ယူသူက များသောကြောင့် ဖြစ်လေသည်။ ထို့ပြင် မိမိ မလိုက်လျောနိုင်သည့်၊ လုပ်ပေးနိုင်စွမ်းမရှိသည့် ကိစ္စရပ် များကို တောင်းဆိုခံရခြင်းများလည်း တွေ့ကြုံရနိုင်ပေသည်။ ထိုအတွက် မပေးနိုင်လေခြင်း၊ ဖြည့်ဆည်း နိုင်စွမ်း မရှိလေခြင်းဟုတွေး၍ ၀မ်းနည်းနေစရာမလိုပေ။ ထို့အတူဘယ်အရာကိုမှ ဖြည့်ဆည်းမပေးနိုင် တာ ပေးသူအဖြစ် မရပ်တည်တော့ပါဘူး ဟူ၍လည်း စိတ်လျော့စရာမလိုအပ်ပေ။ အရေးကြီးသည်မှာ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်စွမ်းဆောင်နိုင်သလောက် ပေးခြင်းအမှုကို များနိုင်သမျှ များအောင်ပြု၍ ယူခြင်းအမှုကို နည်းနိုင်သမျှ နည်းအောင်ပြုလုပ်ရပေလိမ့်မည်။
      အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျွန်တော်သည် နည်းနည်းပေး၍ များများရချင်သောသူ ဖြစ်လိုပေ သည်။ သို့သော်ကျွန်တော်သည် ထို comment လေးကို ဖတ်ပြီးတွေးမိသည့်အချိန်မှစ၍ ပေးသူအဖြစ် နှင့်သာ ရပ်တည်ချင်လေသည်။ ထို့ကြောင့် comment ပိုင်ရှင်လေးကဲ့သို့ အမှန်မုချပြည့်ဝနိုင်မည့် ဆုတစ်ခုသာ တောင်းခွင့်ရခဲ့ပါက သူတစ်ပါး၏ စိတ်ချမ်းသာမှုကို တတ်နိုင်သမျှ ပေးစွမ်းနိုင်သောသူ ဖြစ် ရပါလို၏ဟု ဆုတောင်းမိမှာပင် ဖြစ်လေတော့သည်။
P.S သို့သော်လည်း အပြောလွယ်သလောက် အလုပ်ခက်သည်ဆိုသော စကားကဲ့သို့ပင် ကျွန်တော် သည် ထိုအကျင့်ကို စွဲမြဲစေရန် အတော်ပင်လေ့ကျင့်ရအုံးမည် ဖြစ်ပေသည်။
မင်ရဲ့ စိတ်ကူ၊အယူအဆ အရမ်းကောင်ပါတယ်...
ကျွန်မ လည်းအမှန်မုချပြည့်ဝနိုင်မည့် ဆုတစ်ခုသာ တောင်းခွင့်ရခဲ့ပါက သူတစ်ပါး၏ စိတ်ချမ်းသာမှုကို တတ်နိုင်သမျှ ပေးစွမ်းနိုင်သောသူ ဖြစ် ရပါလို၏ဟု ဆုတောင်းမိမှာပါပဲ....
Post comment By Reallysky
pyaw tae atine lote ng yin tot kg par tal...
pyaw tae atine lote ng yin tot kg par tal Fri... but.... pay sut thu kyi pe lote phot kya tot ma lwal woo htin tal naw.. kyoe sar par fri...
Post comment By hello
စဉ်းတော့စဉ်းစားစရာပဲနော်...................
လောကမှာပေးသူချည်းပဲရှိနေရင်လည်း အဆင်မပြေနိုင်သလို ယူသူချည်းပဲဆိုရင်လည်း အဆင်မပြေနိုင်ဘူး။ မျှတနေမှအဆင်ပြေမယ်ထင်တယ်လေ။ ကိုယ်ကပေးပေမယ့် သူကမယူရင် စိတ်ညစ်ရသလို သူကပေးပေမယ့် ကိုယ်ကမယူနိုင် ရင် လည်းစိတ်ညစ်ရမှာပဲလေ............အဲ့ဒီသဘောတရားကို အချစ် ဆိုတဲ့ ဘာမှန်းမသိနိုင်တဲ့အရာမှာသေသေချာချာကို တွေ့နိုင်တယ်........ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ကျွန်မချစ်သူက ပေးလာမယ့်အချစ်တွေကို လက်ခံနိုင်ပြီး သူ့အပေါ်ကိုအချစ်တွေ ပြန်လည်ပေးဆပ်နိုင်တဲ့သူ ဖြစ်ချင်တယ် ....ကျွန်မအချစ်ကိုလက်ခံနိုင်မဲ့ သူကိုပဲချစ်ချင်တယ်......ရယူတာနဲ့ပေးဆပ်တာကို အချိုးညီညီပဲဖြစ်ချင်တယ်...............
Post comment By ကောင်းငယ်လေး
Thank You Ko Lu Kyaw
ကိုလူ‌ေ က်ာ္ရဲ့ အ‌ေ တြးက တို့နှင့္ ‌ေ တာ္ ‌ေ တာ် တိုက် ဆိုင် ပါတယ် ကိုလူ‌ေ က်ာ္ရဲ့ Essay ‌ေ တြ ဖတ် ရတာ Thank You ပါ I want to know e-mail address, တို့ e-mail address - mthazinmm@gmail.com ပါ ဆက် ‌ေ ဆြး ‌ေ နြး တာ ‌ေ ပါ့
Post comment By Khine Yin Myint
ဤ Post နဲ့ပတ်သက်လို့ comment ပေးချင်ရင်  Post Comment