• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
သူငယ်ချင်းတို့ ခံစားရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ရင်ခုန်သံအမှားတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ဝေငှချင်ခဲ့ရင် webmaster@yinkhonthanfm.com ဆီကို သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေကို ပေးပို့နိုင်ပါတယ်။ အော်သူငယ်ချင်းတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ထည့်ပေးဖို့ မမေ့နဲ့နော်။
ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေကတော့
 မရည်ရွယ်ခဲ့သော်လည်း 
 ထွန်းထွန်း(ကမ္ဘောဇ) 
Nov 17 2008
      နောက်ပြန်လှည့်ကြည့်လိုက်တော့ ဖြတ်သန်းခဲ့တဲ့ကာလ ၂၂ နှစ်တာဘ၀မှာ အမှားတွေကတော့ မ ရေမတွက်နိုင်အောင် ရှိခဲ့တာပါ။ သိသိကြီးနဲ့ မှားခဲ့တာတွေ၊ မရည်ရွယ်ဘဲနဲ့ မှားခဲ့တာတွေ၊ မမှားချင်ဘဲနဲ့ ဇွတ်မှားအောင်လုပ်ခဲ့တာတွေ အများကြီးပါပဲ။ အချိန်မီပြန်ပြင်လို့ ရတာတွေရှိသလို ပြင်လို့မရတော့တဲ့ အချိန်မမှီအမှားတွေလည်း ရှိပါတယ်။ အချိန်တွေနောက်ပြန်ဆုတ်နိုင်ပြီး အမှားတွေပြင်ဆင်နိုင်တယ်။ ဒါ ပေမယ့် နောက်တစ်ခါမမှားစေရပါဘူးလို့ ကျွန်တော့်ကိုကတိပေးခိုင်းရင် အဲ့ဒီအတွက်ကျွန်တော် အာမ မခံနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာပြည့်ဝတဲ့လူတစ်ယောက် မဟုတ်သေးဘူးဆိုတာ ကိုယ့်ကိုကိုယ်ကောင်းကောင်းကြီး သိနေလို့ပါပဲ။ အဲ့ဒီအတွက် ရှက်မိပါတယ်။
      ရှက်စရာကိစ္စတွေကို စဉ်းစားလိုက်တော့ လတ်တလောဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ခေါင်းထဲဝင်လာ ပါတယ်။ ရုံးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရုံးမှာက အလုပ်သဘောအရ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား နားလည်မှုရှိစွာ ဆက်ဆံကြရပါတယ်။ အဲ့ဒီပွင့်လင်းမှုအောက်မှာ အချင်းချင်းစတာ၊ နောက်တာတွေ၊ ရှိလာပါတယ်။ ကျွန်တော်လည်း အစကတော့ အထာမကျသေးပေမယ့် အချိန်ကသင်ပေးသွားခဲ့ပါတယ်။ ဒီလိုနဲ့စလိုက်နောက်လိုက် နေလာလိုက်တာ on-line သုံးတဲ့အချိန်မှာ သွားထိတော့တာပါပဲ။ On line ကိုရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးကြတဲ့အခါ သူနဲ့ ကျွန်တော် on line မှာဆုံပါတယ်။ သူ ဆိုတာက ရုံး က ရာထူးတူလုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးပါ။ အင်မတန်ပွင့်လင်းပြီး ထက်ထက်မြက်မြက် ခင်စရာ ကောင်းသူ နားလည်မှုရှိတဲ့ ရှမ်းမလေးပါ။ ပြောမနာ၊ ဆိုမနာတွေဆိုတော့ on line ပေါ်ရောက်လည်း စစ နောက်နောက်ပါပဲ။ အစပိုင်းနေ့တွေမှာတော့ ဘာပြဿနာမှမရှိခဲ့ပါဘူး။ အေးအေးဆေးဆေးပါပဲ။ တစ် ရက်ကျတော့ သူက ကျွန်တော့်ကို on line မှာမေးလာပါတယ်။ " Do U know me? " တဲ့။ ကျွန်တော် လည်း ကြောင်သွားပါတယ်။ သူ ကတော့ ကျွန်တော့်ကို ရစ်နေပြီလို့ ထင်လိုက်တယ်။ ပြီးတော့ စိတ် ပေါက်ပေါက်နဲ့ ကျွန်တော်က ပြန်စလိုက်ပါတယ်။ " သိတာပေါ့ဗျ။ အမ ကို ကျွန်တော် မသိဘဲနေပါ့မ လား။ ရုံးမှာဆို အမကို နေ့တိုင်းအာဘွားပေးနေကြလေ " လို့ရိုက်တည့်မိလိုက်တယ်။ အဲ့တော့ဟိုဘက် က " အမ် " တဲ့။ တကယ်ဆို သူစ၊ ကိုယ်စမို့ သူ့ဘက်က ပြန်စလိမ့်လို့ ကျွန်တော်ထင်ထားခဲ့တာပါ။
      နောက်နေ့ရုံးရောက်တော့ စကားစပ်မိပြီး ကျွန်တော် မနေ့ကစထားတဲ့ကိစ္စအတွက် စိတ်ထဲမှာမ ထားဖို့တောင်းပန်တော့ သူက " ဘာ " တဲ့။ ကျွန်တော်က " မဘာပါနဲ့၊ ငါတောင်းပန်နေပြီပဲ။ ဘာလို့လဲ " လို့ မေးလိုက်မိပါတယ်။ အဲ့ဒီတော့မှ သူက မျက်လုံးပြူး၊ မျက်ဆန်ပြူးနဲ့ " ငါ မနေ့ညက on line မ တက်ဘူး။ နင်ဘာတွေ chat ထားတာလဲ။ အဲ့ဒါ ငါ့ကောင်လေးဖြစ်မယ်။ သူ ငါ့ password ကို သိတယ် ဟ " တဲ့။ ကောင်းရော သွားပြီ။ ကျွန်တော်ထူပူသွားသည်။ လွဲသွားပြီဆိုတာ သိလိုက်တယ်။ ရုံးကသူ ငယ်ချင်းတွေက ၀ိုင်းရီကြသည်။ ကျွန်တော်တို့နှစ်ယောက် ခေါင်းချင်းဆိုင်စဉ်းစားရတော့သည်။ အဖြေ က ၁ ခုပဲထွက်သည်။ အဲ့ဒါကတော့ ကျွန်တော် သူ့ကောင်လေးကို တောင်းပန်ရမည်။ နောက်ရက် အ နည်းငယ်အကြာ သူ့ကောင်လေး ကျွန်တော်တို့ရုံးခန်းကို အလုပ်ကိစ္စနှင့် လာသောအခါ ကျွန်တော်က ပင်စ၍ ကိုယ့်ကိုယ်ကို အပြုသဘောဆောင် မိတ်ဆက်တောင်းပန်လိုက်သောအခါနားလည်မှု ရှိသော သူကလက်ခံ၍ အဆင်ပြေသွားခဲ့သည်။ မတောင်းပန်၍လည်းမဖြစ် ကျွန်တော်မွှေးခဲ့သောမီး ကျွန်တော် ပြန်ငြိမ်းရမယ့် တာဝန်ရှိသည်။
      ကျွန်တော် အမှတ်မထင်စခဲ့မိသော၊ မရည်ရွယ်ခဲ့သော၊ မဆင်မခြင်ပြောခဲ့သော ကိစ္စတစ်ခုသည် အ များအတွက် ပြောစမှတ်ပြုစရာ ရီစရာကိစ္စတစ်ခုဖြစ်ခဲ့သော်လည်း ကာယကံရှင်နှစ်ဦးနှင့် တိုက်ရိုက်ပတ် သက်ခဲ့သော ကျွန်တော့်အတွက်မူ မျက်နှာပူစရာ တနည်းအားဖြင့် ရှက်စရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော် ထိုသို့ဖြစ်ရကောင်းစေလို့ မရည်ရွယ်ခဲ့ပါ။ မရည်ရွယ်ခဲ့သော အမှားတစ်ခု ဖြစ် ပါတယ်။ အကယ်၍ ထိုအချိန်က သူမ၏ account ကို သူမ၏ ကောင်လေးက ၀င်မသုံးဘဲ သူမကိုယ် တိုင်သုံးနေလျင် ကျွန်တော်စနောက်သောစကားတွေအတွက် သူမပြန်ပြောမည့် စကားမှာ . . . ? ? ? ဘာများဖြစ်နိုင်မည်နည်း။
မှားယွင်းသောကျီစယ်မှု
လူတိုင်းလူတိုင်းမှာ နောက်ပြောင်ကျီစယ်မ ဆိုတာတွေဟာရှိစမြဲပါ။ ကျွန်မကလဲ စာရေးသူနဲ့ခက်ဆင်ဆင်ဖြစ်ရပ်မျိုး ဖြစ်ဖူးခဲ့ပါတယ်။ ဘာသဘောမှမပါဝင်ခဲ့သော ကျီစယ်မှုသက်သက်ကလေး၁ခုပါ။ ကျွန်မအပျော်သုံးတဲ့ mail account ၁ခုရှိတယ်။ အဲဒီaccountနဲ့ ကျွန်မ စမ်းသပ်ချင်တဲ့လူတွေကို စမ်းသပ်ခဲ့တယ်။ boy &girl အားလုံးကိုပေါ့။ ကျွန်မတော်တော်ကို ဆိုးခဲ့ပါတယ်။ ကျွန်မရဲ့စိတ်ကိုက လူတွေကို အမြဲလေ့လာချင်တဲ့စိတ် ရှိတာလဲပါတယ်။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်၁ယောက်ကိုသွားပြီးစမ်းသပ်ခဲ့တယ်။ အဲဒီ၁ယောက်ရဲ့ကောင်မလေးက စမ်းသပ်ခိုင်းတာလဲပါတယ်။ သူကို online friend လုပ်ပြီးတော့ အပြင်မှာဆုံမယ်ဆိုတော့ သူကလာခဲ့မယ်တဲ့။ တွေ့ရမည့်နေရာနဲ့အချိန်ကို သူကပဲရွေးပေးခဲ့တယ်။ အဲဒီနေရာကို သူတကယ့်ကိုသွားခဲ့ပါတယ်။ အဲဒါကိုသူ့ကောင်မလေးကသိသွားပြီး ရန်ဖြစ်ကျတယ်။ ပြီးတော့လမ်းခွဲတဲ့အထိဖြစ်လာကြတယ်။ သူ့ကောင်မလေးက သူ့ကိုအကြွင်းမဲ့ယုံတာကိုး။ အဲဒီလိုမျိုးသူတပါးကို မကျီစယ်ဖို့ကျွန်မဆုံးဖြတ်ခဲ့တယ်။ သူတပါးတွေကို ဘာအဖျက်သဘောမပါပဲ ကျီစယ်ချင်ယုံသက်သက်ပါ။ ဒါပေမယ့်လမ်းခွဲတဲ့အဆင့် ထိအောင်ရောင်သွားခဲ့တာကိုး။ နောင်တရလို့လဲမဆုံးပါဘူးး ကျွန်မလိုဘယ်သူကိုမှမမှားစေချင်ပါဘူး။
Post comment By မိန်းကလေး
မကျေနပ်စွာ ချစ်တတ်သူ
မင်းရဲ့ စာကို တွေ့လိုက်တော့ မင်းတော့မသိဘူး ငါတော့တော်တော်ပျော်တယ်
Post comment By ပြန်မသိမ်းထားချင်သူ
ကျီစယ်တယ်ဆိုတာ
ကျီစယ်တယ်ဆိုမှတော့ နာကျည်းလို့ မုန်းတီးလို့မှမဟုတ်ပဲ ချစ်ခင်နှစ်လိုမှုရှိတယ်ဆိုတဲ့သဘောပါပဲ။အဆိုးလေးတွေပါလာရင်လဲ ခွင့်လွတ်လိုက်ပေါ့။ ကွဲတယ်ကွာတယ်ဖြစ်လာရင်လဲရေစက်မပါလို့ပဲလို့မှတ်။ :) သူငယ်ချင်း တကယ်လို.သာကောင်မလေးကိုယ်တိုင်ဆိုရင် အနည်းဆုံးတော့ အာဘွားပေးရင် မန်နေဂျာ မမြင်အောင်ပေး လို့တော့ပြန်ပြောလောက်တယ်ထင်တယ်။ :D
Post comment By ကျော်မင်းခန့်
pyit tat per tel....
online mher pyaw te sa ker twey ka tot d lo pel pyit tat per tel. a pyit kyi ta ku lo tot u sa lo ma ya per wo. sate cha lat cha ter nay per. :)
Post comment By nyi lay
ကျေးဇူးပါပဲ...
ကျတော့်တော့ပညာယူလိုက်ပြီ...။ကျတော်လဲအဲလိုစတတ်နောက်တတ်တဲ့အကျင့်လေးရှိတယ်..။ ကျတော်လဲ..အဲလိုမဖြေစ်အောင်ဆင်ခြင်လိုက်တော့မယ်..။ ဟုတ်တယ်လေ..ကိုယ်ကဘာမှမဟုတ်ပဲစလိုက်တာ.. ကိုယ့်ကြောင့်တော်ကြာလူများပြသနာတက်နေဦးမယ်.. ဒီစာဖတ်ရတာကောင်ပါတယ်..ကျေးဇူးပါ..။ ကောင်းပါ
Post comment By စိုင်းနွမ်မိန်း
kang tae byar
ngar ako ka sin sar that tar pae taw taw lay ko kg tae byar tage phyit ter lar] ako to bank ka kaung ma lay tway la hla lar? hla yin mdy ko lar yin khaw khae naw
Post comment By htuthit
ရပါတယ် အပျော်စ တာပဲ
မိမိဧ။်စေတနာသည် မိမိဧ။်ကံတရားတဲ့ ပျော်အောင်နောက်တာပဲ ဟုတ်တယ်မလား
Post comment ByဲJINX&JONAH
Do u KNOW ME???
သူမပြန်ပြောမည့် စကားမှာ ဘာများဖြစ်မယ် ထင်လဲ ??? Ans: သေချင်လို့လား ပေါ့
Post comment By အစိမ်းရောင်ဝါးပင်ရိုင်းလေး
အချိန်ပေးလိုက်ပါ...........
ကျွန်မဆိုရင်လဲ ကောင်လေးကိုစိတ်ဆိုးမိမှာပါ။ဒါပေမယ့် ကိုယ့်ချစ်သူကိုတော့ ဒီလိုမစမ်းသပ်သင့်ဘူးထင်ပါတယ်။
Post comment By သက်တန့်
ပြောစရာရှိတယ်။
I လည်း you လို ၁ ခါ လောက်ကြုံဘူးချင်တယ် ။ ဘယ်လို ခံစားရမလဲလို့ ။
Post comment By JulepKyaw
မှားယွင်းစွာကျီစယ်မှုနဲ့နည်းနည်းတူတယ်
အဲဒီအဖြစ်နဲ့နည်းနည်းတော့တူတယ်နောက်ပိုင်းတော့မဟုတ်ဘူး တို့ကကျတော့သူနဲ့တကယ်ချစ်သူတွေဖြစ်သွားတယ် ဒါပေမယ့် တို့သူ့ကိုတကယ်ချစ်သွားခဲ့တယ် သူသိလားမသိဘူးလားတော့တို့လည်းမသိဘူး နှစ်ပတ်လည်းကြာရော သူနောက်တစ်ယောက်ထပ်ထားသွားတယ် အရမ်းခံစားရတယ် သူပြောတဲ့စကားတွေကိုပြန်စဥ်းစားရင် မယုံနိုင်ဘူး သူ့ကိုအရမ်းယုံခဲ့တယ် သူကတော့ကလဲ့စားချေယုံသက်သက်ပဲတဲ့ တို့သူ့ကိုအပြစ်မတင်ပါဘူး စိတ်လည်းမနာဘူး သူ့ကိုချစ်တယ် ပြန်လာစေချင်တယ်
Post comment By ဖြူလေး
ကိုယ်လုပ်မိသောအမှားအတွက်နောင်တနှင့်ယှဉ်သောရှက်ခြင်း။
သူငယ်ချင်းတစ်ယောက်ကိုနောက်ဖူးတယ်။သူgtalkသုံးနေတုန်းအပြင်ခဏလေးထွက်သွားတုန်းမှာပုံတစ်ပုံ( အမြင်ရိုင်းစေတဲ့ပုံ ) ကိုသူ့gtaklပုံမှာသွားပြောင်းလိုက်မိတယ်။အဲဒီအချိန်မှာအွန်လိုင်း ပေါ်မှာသူ့အသိကောင်လေးတစ်ယောက်လည်းရှိနေတယ်တဲ့။မြင်သွားတာပေါ့။နိုင်ငံခြားမင်းသမီးပုံပေမယ့်အမြင်မတင့်တယ်တဲ့ပုံဆိုတော့သူသိတော့တော်တော်လေးရှက်သွားတယ်။သူု့ကိုတောင်းပန်တော့သဘောကောင်းတဲ့သူဆိုတော့ပြန်ပြီးခွင့်လွှတ်ပါတယ်။သူ့မှာအဲဒီသူငယ်ချင်းကိုလည်းblogလုပ်ပြီးတစ်လလောက်အဲဒီ accကိုမသုံးရဲဘူးဖြစ်သွားတယ်။သူ့ကိုတော်တော်လေးအားနာသွားမိတယ်။ကိုယ်လုပ်လိုက်တဲ့အမှားတစ်ခုကသူ့ကိုအရှက်ရသွားစေတဲ့အတွက်နောင်တရလို့မဆုံးတော့ပါဘူး။အဲဒီကစပြီးနောက်တတ်တဲ့အကျင့်ကိုဖျောက်လိုက်တာအခုထိပါ။သူငယ်ချင်းကိုထပ်ပြီးတော့တောင်းပန်ပါတယ်။မင်းဟာအကျင့်စာရိတ္တကောင်းမွန်တာမင်းကိုခင်သူတိုင်းသိကြပါတယ်။
Post comment By tlm
online မှာတစ်ယောက်နဲ့တစ်ယောက်အရှုးလုပ်နေကြတာပါပဲ
ဒါပေမဲ့ ကျွန်မ ရဲ့ကောင်လေးအကောင့်ကိုအပျော်သဘောနဲ့ဝင်ပြီးနောက်လိုက်တယ် ရည်းစားရှိလားလို့မေးတော့ မရှိဘူးတဲ့ ကျွန်မ တော်တော် စိတ်ထိခိုက်ခဲ့ရတယ်ဒါပေမဲ့ အခုချိန်ထိသူ့ကို မမေးခဲ့ပါဘူး စိတ်ထဲမှာပဲ သိမ်းထားလိုက်တယ် ကျွန်မက သူ့ကိုသိပ်ချစ်တာကိုး သူ့ကိုဆုံးရှုံးရမှာကိုအရမ်းကြောက်တယ်လေ အဲ့ဒါကျွန်မမှားသွားလား
Post comment By post by may
ဤ Post နဲ့ပတ်သက်လို့ comment ပေးချင်ရင်  Post Comment