• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
သူငယ်ချင်းတို့ ခံစားရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့ ရှက်စရာကောင်းတဲ့ရင်ခုန်သံအမှားတွေ၊ ခံစားချက်တွေနဲ့ အတွေးတွေကို ဝေငှချင်ခဲ့ရင် webmaster@yinkhonthanfm.com ဆီကို သူငယ်ချင်းတို့ရဲ့ ခံစားချက်တွေကို ပေးပို့နိုင်ပါတယ်။ အော်သူငယ်ချင်းတို့ရဲ့ ဓာတ်ပုံလေးတွေကိုလည်း ထည့်ပေးဖို့ မမေ့နဲ့နော်။
ရင်ထဲက ထွက်ပေါ်လာတဲ့ ခံစားချက်တွေ၊ အတွေးတွေကတော့
 Choice 
 ခိုင်ရင်မြင့် 
Feb 26 2009
      ကိုယ်ကတော့ ခရီးသွားဆိုတဲ့ စကားလေးကို တော်တော်ကြိုက်ပါတယ်။ ကိုယ်တို့သွားရမယ့်ခရီး က စာထဲမှာ ဖတ်ဖူးသလို ခန့်ခန့်ထည်ထည်ပြောရရင် အမိဝမ်းကြောတိုက်မှသည် သချိုင်းဆီသို့ပေါ့။ ဒါ နှင့်ပြောရရင် ကိုယ်တို့ဟာ အဲ့သည့်ခရီးကြားမှာ မရပ်မနားသွားနေရတဲ့ ခရီးသွားတွေပါ။ ကိုယ်တို့ လျှောက်ရတဲ့ လမ်းတွေဟာ တစ်ဦးနဲ့တစ်ဦးတော့ ဘယ်တူမလဲ။ ပန်းခင်းလမ်းကို လျှောက်ရသူရှိသလို ဆူးခင်းလမ်းလျှောက်ရတဲ့သူတွေလည်း ရှိမှာပါ။ ကျိန်းသေတာက ပန်းခင်းလမ်းကိုချည်း၊ ဆူးခင်းလမ်းကို ချည်း လျှောက်ရမှာတော့ မဟုတ်ပါဘူး။ ဘ၀ရဲ့ခရီးလမ်းတွေဆိုတာ အနိမ့်အမြင့်၊ အတက်အကျ၊ အ ကြမ်းအနုတွေ ဒွန်တွဲထားတဲ့ နေရာတွေပေါ့။ ပန်းခင်းထဲ လမ်းလျှောက်ရင်း ရွံဗွက်တွေ အပြည့်နှင့် လမ်းကို ကြုံတွေ့နိုင်သလို ဆူးခင်းလျှောက်ရင်းနဲ့လည်း ကိုယ်တို့နေပြည်တော်က ကွန်ကရစ်လမ်းတွေ လို လမ်းကောင်းကောင်းနှင့်လည်း တွေ့နိုင်ပါတယ်။
      ဘယ်လမ်းကိုပဲလျှောက်လျှောက် မရပ်မနားသွားရင်တော့ မောမှာပဲနော်။ လမ်းမှာ လမ်းပျောက် တာတွေ၊ လမ်းမှားတာတွေ၊ ခလုတ်တိုက်တာတွေ ကြုံဦးမှာကိုး။ ဘ၀ရဲ့လမ်းတွေကို လျှောက်ရင်း ခ လုတ်တိုက်ရုံ၊ မောရုံမဟုတ်ဘဲ နာဂစ်လိုမုန်တိုင်းပါ ထန်လာရင် ပတ်ဝန်းကျင်မှာ မှောင်မည်းလို့ ရှုပ်ထွေး ပွေလီလာရင် ဇွဲတွေ၊ ၀ီရိယတွေ ထည့်လို့အားတင်းပြီး ဆက်သွားလည်း အလကားပဲနော်။ အဲ့သည့် အချိန်မှာ အလောတကြီး ဆက်သွားမိရင် တို့သွားတဲ့လမ်းဟာ မှားသွားမှာပဲ။ ကိုယ်ကတော့ အဲဒီလို အချိန်မျိုးမှာ ကိုယ်လျှောက်နေတဲ့လမ်းကို ခဏရပ်လိုက်ချင်ပါတယ်။ ရှေ့ဆက်လို့မရအောင် ရှုပ်ထွေး သွားတဲ့ အခြေအနေမျိုးမှာ ခဏရပ်ပြီး ပတ်ဝန်းကျင်ကို အသေအချာလေ့လာဦးမယ်။ ရှေ့ဆက်ဖို့ ဘယ် လမ်းကိုရွေးရင်ကောင်းမလဲလို့ အသေအချာစဉ်းစားဦးမယ်။ ဒါကိုယ်ပြောချင်တဲ့အတွေးအခေါ်လေးပါ။ ဒီ အတွေးအခေါ်က ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးအခေါ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ်လောက်က နာ မည်မမှတ်မိတော့တဲ့ ဂျာနယ်တစ်စောင်မှာ ဆောင်းပါးရှင် အိန်ဂျယ်လင်းရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ ရပါတယ်။ ဆောင်းပါးအကျဉ်းက လင်မယားနှစ်ဦး ဆယ်နှစ်မြောက်လက်ထပ်မင်္ဂလာနှစ်ပတ်လည် အတွက် ရေအောက်ထုံးကျောက်ဂူကြီးဆီမှာ ရေငုပ်ကြဖို့ ခရီးသွားဖို့ စီစဉ်ထားကြတယ်။ ခရီးစတော့ မိန်းမဖြစ်တဲ့သူက အကြောင်းတစ်ခုကြောင့် ထာဝရခွဲခွာပြီး မလိုက်နိုင်တော့လို့ အမျိုးသားတစ်ဦးတည်း ခရီးကိုသွားခဲ့ပါတယ်။ မ၀င်ရလို့ တားထားတဲ့ကြားက ဘယ်သူမှမ၀င်ရောက်ဖူးတဲ့ ရေအောက်ကမ္ဘာတစ် နေရာထဲကို ၀င်ရောက်သွားခဲ့ပါတယ်။ ရုတ်တရက် ရေအောက်မှအမှုန်တွေထလာပြီး ပတ်ဝန်းကျင်ကို မမြင်ရတော့ပါဘူး။ အဲ့ဒီအချိန်မှာပဲ သူဟာထွက်ပေါက်လို့ သူထင်နေတဲ့နေရာဆီကို အမှုန်တိုက်ကြီးထဲ ကနေ ကူးခတ်သွားဖို့ စိတ်ကူးခဲ့ပါတယ်။ ဒါပေမယ့် သူငြိမ်ငြိမ်လေးပဲ နေလိုက်တယ်။ အဲ့လိုနေလိုက်တဲ့ အတွက်လည်း သူဟာ သူ့ရဲ့အသက်ကနေ ချမ်းသာရာရခဲ့ပါတယ်။ (အသေးစိတ်အချက်အလက်တွေ ကွဲလွဲသွားခဲ့ရင် မူရင်းစာရေးဆရာမှ ခွင့်လွှတ်စေချင်ပါတယ်)
      ကိုယ်မှတ်မိသလောက် အကျဉ်းချုပ်ကတော့ ဒါပါပဲ။ ဒီဆောင်းပါးလေးမှာ ကိုယ့်စိတ်မှာ တော် တော်စွဲမြဲနေခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးကို ဖတ်ပြီးတဲ့နောက်ပိုင်း အချိန်တွေမှာ ကိုယ့်ဘ၀ခရီးလမ်းမှာ ရှေ့ဆက်လို့မရလောက်အောင် ရှုပ်ထွေးပြီးသောကရောက်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ကိုယ်ကတော့ ငြိမ် ငြိမ်လေး နေလိုက်ပါတယ်။ ဟိုဆောင်းပါးထဲက အမျိုးသားဟာ သေရတော့မလောက်ခံစားချက်ကို ရင် ထဲမှာ ပွေ့ပိုက်ထားရင်း ခဏတာငြိမ်ငြိမ်လေးရပ်တန့်ထားနိုင်ခဲ့ပါတယ်။ သေဆုံးခြင်းဆိုတာကို မျက်နှာ ချင်းဆိုင်ရင်း ငြိမ်နေခဲ့တာ တော်တော်ခက်ခဲမှာပါ။ သေဆုံးမှုကို မျက်နှာချင်းဆိုင်ရင်း ငြိမ်နေခဲ့ရတာ တော်တော် ခက်ခဲမှာပါပဲ။ ကိုယ့်တို့ဘ၀လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲအများစုဟာ သေဆုံး ခြင်းနဲ့ ဝေးပါသေးတယ်။ ရှုပ်ထွေးခက်ခဲမှုတော့ ရှိမှာပါပဲ။ ဒါကိုမျက်နှာချင်းဆိုင်ကြည့်ရင်း ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေကြည့်စမ်းပါ။ ကိုယ်သွားရမယ့်လမ်းစတစ်ခုက အလိုအလျောက်ပေါ်လာတာချည်ပဲ။ လမ်းစပေါ်မလာရင်တောင် အကောင်းဆုံးလမ်းကို ရွေးချယ်နိုင်မှာပါ။
      အရေးကြီးတာက ရှုပ်ထွေးခက်ခဲမှုကို ရင်ဝယ်ပိုက်ထားတဲ့ သောကနှင့်ခရီးကို ရှေ့မဆက်ဖို့ပါ။ အမှုန်တိုက်ကြီးထဲကနေ ဘယ်လမ်းမှန်းမသိဘဲ ကူးခတ်မသွားဖို့ပေါ့။ ဒီအမှုန်တိုက်ကြီးက ကိုယ့်အပေါ် မှာ အမြဲပဲလွှမ်းခြုံမထားနိုင်ဘူး။ ကြည်လင်သွားတဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အပေါ်ကျရောက်လာမှာပါ။ ဒါဟာ ကောင်းချီးစကားမဟုတ်ပါဘူး။ လောကနိယာမပါ။ ဒါကြောင့် ခဏလေးပဲရပ်လိုက်ပါ။ ဒါပေမယ့် ဆက်တော့သွားနော်။
လက်ခံပါတယ်
ဟုတ်တယ်။ ကျွန်တော်တို့အားလုံးက အခက်အခဲကိုတစ်ခုကို ကြုံတွေ့ရတဲ့အခါ ထူပူပြီးတော့ အဲ့ဒီကနေ လွတ်မြောက်ဖို့ကို အစွမ်းကုန်ကြိုးစားကြတယ်။ ဒါပေမယ့် အဲ့ဒီအခါမှာ မမျှော်လင့်ဘဲ ပြဿနာတွေ တွေ့တတ်တယ်။ အခုတော့ ကျွန်တော် ရပ်နိုင်အောင် ကြိုးစားရတော့မယ်။
Post comment By မောင်လူကျော်
ပြုလုပ်သင့်တဲ့အရာတစ်ခုပါ...
ဘ၀မှာအခက်အခဲတွေ အနှောင့်အယှက်တွေ အတားအဆီးတွေ ဆိုတာကရှိနေတတ် တယ်လေ... အဲ့လိုအချိန်တွေကိုရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာ လူတစ်ယောက်ဟာ အလိုလိုမောပန်းလာတတ်တယ်... ဒါကြောင့်မို့ စိတ်ကိုခဏလောက်ဖြစ်ဖြစ်တော့ အနားပေးပြီးမှဆက်လုပ်သင့်တယ်ဆိုတာ လက်ခံထားတဲ့လူတစ်ယောက်ဖြစ်နေတဲ့ ကျွန်မအတွက်တော့ အစ်မရဲ့အယူအဆ ကိုအပြည့်အ၀ လက်ခံပါတယ်..... ဘာပဲဖြစ်ဖြစ်အမှားတော့နည်းမှာအမှန်ပဲလို့ထင်မိပါတယ်...
Post comment By္ထဆားပွင့်ငယ်
ဤ Post နဲ့ပတ်သက်လို့ comment ပေးချင်ရင်  Post Comment