• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
သီချင်းအမည်     
လမ်းမခွဲကြေး - အေသင်ချိုဆွေ၊ သြရသ
ဒီသီချင်းလေးက ကိုယ်တွေ့အဖြစ်အပျက်လေးနဲ့ တိုက်ဆိုင်လွန်းလို့ပါ။ ညီမတို့ချစ်သူနှစ်ဦးလည်း မိဘတွေကကြည်ဖြူတဲ့ ချစ်သူနှစ်ဦးဖြစ်စေချင်ပါတယ်။
ပြန်တွေးကြည့် - မိုးမိုး
ဒီသီချင်းလေးကို ဘယ်အချိန်ပဲနားထောင်နားထောင် မရိုးနိုင်လို့ကြိုက်ပြီး ရွေးပေးရတာပါ။
ဟိုတုန်းကလို  - L ဆိုင်းဇီ
ဒီသီချင်းလေးကို နားထောင်ပြီးတစ်ချိန်တုန်းက လမ်းခွဲသွားတဲ့ကောင်မလေးကို သတိရလာမိပါတယ်။ အဲ့ကောင်မလေးသာ သီချင်းထဲကလိုမျိုး ပြန်ရောက်လာခဲ့ရင် အရမ်းကိုကောင်းမှာပါပဲ။
အမြဲတမ်း ယုံကြည်တယ်  - စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေ
ဒီသီချင်းလေးကို ရွေးပေးရတာက စာသားလေးတွေကို ကြိုက်လို့ပါ။ စာသားလေးတွေအတိုင်းပဲ ဘယ်သူပဲလာခွဲခွဲ ချစ်သူကိုဆက်ပြီးချစ်နေမှာပဲ။
ချစ်ခဲ့တာလား - ၀ိုင်းစုခိုင်သိန်း
ဒီသီချင်းလေးရဲ့ Intro စာသားလေးကို အရမ်းကိုကြိုက်ပါတယ်။ နှလုံးသားရဲ့အတိမ်အနက် ငါ့အတွက်တော့ အိပ်မက်မဟုတ်ဆိုတဲ့ စာသားလေးက တကယ့်ကိုခံစားရပါတယ်။
သိမ်းထားခွင့် - N ကိုင်ရာ
ကျွန်မလည်း သီချင်းလေးကိုနားထောင်ပြီး သီချင်းထဲကလိုပဲ ကျွန်မရဲ့ခံစားချက်တွေကို ကျွန်မချစ်သူကို ပြောပြချင်ပါတယ်။
Good Bye - စိုင်းစိုင်းခမ်းလှိုင်
ဒီသီချင်းလေးကို နားထောင်လိုက်တိုင်း ဇာတ်လမ်းလေးကို ကြည့်ရသလို ခံစားရပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်တိုင်း Good Bye လို့နှုတ်ဆက်တာခံလိုက်ရတဲ့ ကောင်မလေးရဲ့ နေရာကို ရောက်သွားပါတယ်။
စိတ်ကူးရွက်ကြွေ - အေသင်ချိုဆွေ
တကယ်တော့ မိန်းကလေးဘ၀က တမ်းတရုံပဲဆိုတဲ့ စာသားလေးကို ပိုကြိုက်မိတယ်။ ညီမလည်း ဒီသီချင်းထဲက မိန်းကလေးလိုပဲ အချစ်နဲ့ပတ်သက်ရင် အမြဲတမ်းတမ်းတနေရတယ်။
အပြစ်မမြင် - ၀ိုင်းဆုခိုင်သိန်း
ဒီသီချင်းလေးကို နားထောင်မိပြီး စိတ်ထဲမှာမေးခွန်းတစ်ခုဖြစ်လာပါတယ်။ ဘာဖြစ်လို့ မိန်းကလေးတွေက အနစ်နာခံပြီး သူတို့ချစ်သူကို ချစ်ကြတာလဲဆိုတဲ့ မေးခွန်းပါ။ အဲ့လိုမျိုး မိန်းကလေးတွေ ရှိတဲ့အတွက်လည်း အံသြမိပါတယ်။
ဘာဖြစ်ဖြစ်ချစ်မယ် - ဟဲလေး
ကျွန်တော်လည်း ဒီသီချင်းထဲကလိုပဲ ချစ်သူကို အရမ်းချစ်တယ်။ ဒါပေမယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်အပေါ်မှာ အရမ်းကိုအနိုင်ကျင့်လွန်းတယ်။