• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
သီချင်းအမည်     
ချစ်ခွင့်ရချင်ပြီ - ကောင်းမြတ်
ဒီသီချင်းထဲကလိုပဲ ကျွန်တော့်ရဲ့ကောင်မလေးဆီက အချစ်ကိုရဖို့ မျှော်လင့်နေတာပါ။ သီချင်းထဲက စာသားတွေက ကျွန်တော့်ရဲ့ခံစားချက်နဲ့ ထပ်တူကျနေပါတယ်။
အတိတ်ရဲ့ ရင်ခွင် - ဟန်ထွန်း
လူတိုင်းမှာ အတိတ်ကဒဏ်ရာကိုယ်စီ ရှိနိုင်ပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင်လည်း ကျွန်တော့်ရင်ထဲက အတိတ်ကဒဏ်ရာတစ်ခုကို
ရင်ခုန်ဘက်သို့တမ်းချင်း - ဟန်ထွန်း
ဒီသီချင်းလေးက တစ်ချိန်တုန်းက ညီမရဲ့အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်မှုရှိပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်တဲ့အခါတိုင်း အတိတ်ကိုသတိရပြီး ရင်ထဲမှာကြည်နူးရလို့ပါ။
အဖြူသက်သက် - L လွန်းဝါ
သီချင်းထဲကလိုမျိုး အဖြူသက်သက်မေတ္တာမျိုးလိုချင်တယ်ဆိုရင် ညီမကိုရူးတယ်လို့များ ပြောမလားမသိဘူးနော်။
ရင်နာတယ် ဧပရယ်  - ဟန်ထွန်း
ဒီသီချင်းလေးကို နားထောင်ပြီး ဧပြီလမှာကွဲခဲ့ရတဲ့ ချစ်သူကို သွားပြီးတော့သတိရမိတယ်။
အိမ် - ဟန်ထွန်း
ဒီသီချင်းလေးကို ဘာလို့ကြိုက်ရလဲဆိုတော့ ထူးထူးခြားခြားတွဲဆိုထားတဲ့ ထူးခြားတဲ့အသံပိုင်ရှင်နှစ်ယောက်ကို ကြိုက်လို့ပါ။
ဝေးနေတုန်းပဲ - ဘဲဥ၊ အိမြတ်
ဒီသီချင်းထဲမှာပါတဲ့ ကောင်မလေးရဲ့အချစ်ကို အရမ်းကိုအားကျမိပါတယ်။ နောက်ပြီးတော့ ညီမကလည်း အဲ့လိုအချစ်ကြီးတဲ့လူ တစ်ယောက်ပါ။
နှောက်ယှက်သူ - ရဲလေး၊ Jenny
ဒီသီချင်းထဲက စာသားတွေက အရမ်းကိုမြူးလို့ကြိုက်မိတာပါ။ ကျွန်မက ရဲလေးရဲ့ပရိတ်သတ်ဆိုတော့ ရဲလေးသီချင်းတွေ တော်တော်များများကိုလည်း ကြိုက်ပါတယ်။
Baby Girl - ရဲလေး၊ L လွန်းဝါ
ကျွန်တော်ချစ်ရတဲ့ကောင်မလေးက ကျွန်တော်နဲ့ အသက်အတော့်ကိုကွာပါတယ်။ ၁၀ နှစ်နီးပါးကိုကွာပါတယ်။ နီးစပ်ဖို့မလွယ်ဘူးဆိုတာ သိပေမယ့် ကျွန်တော့်ရင်ထဲက အချစ်တွေက ဒီသီချင်းထဲကအတိုင်းပါပဲ။
ဝေးရမှာ တွေးကြောက်နေသူ - ကြိုးကြာ
ဒီသီချင်းထဲကအတိုင်း သမီးက သမီးချစ်သူကို အနိုင်ရချင်တာပါ။ ဘယ်သူနဲ့ပဲ ပြိုင်ပြိုင် အရှုံးမပေးချင်တဲ့ သီချင်းထဲကကောင်မလေးရဲ့ စိတ်ကိုလည်း နှစ်သက်ပါတယ်။