• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - လမ်းဆုံ
Song Title - ဟိုတုန်းကလို
Vocalist - L ဆိုင်းဇီ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးကို နားထောင်တိုင်း တစ်ချိန်ကချစ်သူကို သတိရမိပါတယ်။ ကျွန်မရဲ့ရင်ထဲမှာ ကျွန်မချစ်သူက အမြဲရှိသလိုမျိုး ကျွန်မချစ်သူရဲ့ ရင်ထဲမှာလည်း ကျွန်မအမြဲတမ်း ရှိပါ့မလားလို့ သိချင်နေပါတယ်။
Posted By မထက်ထက် (လှိုင် )
ဒီသီချင်းလေးကို နားထောင်ပြီး အရင်က ညီမရဲ့ချစ်သူကို သတိရမိပါတယ်။ ညီမက ညီမရဲ့ချစ်သူကို အချိန်တိုင်း သတိရနေပေမယ့် ညီမရဲ့ချစ်သူကတော့ ညီမကိုမေ့နေလောက်ပါပြီ။
Posted By မဖြိုးဖြိုးဦး (မြောက်ဒဂုံ)
ဒီသီချင်းလေးကို နားထောင်ပြီးတစ်ချိန်တုန်းက လမ်းခွဲသွားတဲ့ကောင်မလေးကို သတိရလာမိပါတယ်။ အဲ့ကောင်မလေးသာ သီချင်းထဲကလိုမျိုး ပြန်ရောက်လာခဲ့ရင် အရမ်းကိုကောင်းမှာပါပဲ။
Posted By မောင်ဝဏ္ဏ (ရန်ကင်း)