• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ပေါက်တဲ့အိုး
Song Title - လမ်းမခွဲကြေး
Vocalist - အေသင်ချိုဆွေ၊ သြရသ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးက လက်ရှိခံစားချက်နဲ့ အရမ်းကိုတိုက်ဆိုင်နေပါတယ်။ ကျွန်တော် အရမ်းချစ်တဲ့ ကောင်မလေးကို ချစ်ခွင့်ပန်ချင်ပေမယ့်လည်း မုန်းသွားမှာအရမ်းကြောက်လို့ ချစ်ခွင့်ပန်ဖို့ မ၀ံမရဲဖြစ်နေပါတယ်။
Posted By မောင်ညီညီထွန်း (စမ်းချောင်း)
အရမ်းပျော်ပါတယ်။ ကျေလည်းကျေနပ်ပါတယ်။ နံပတ် ၁ နေရာကို ရောက်ရှိလာတဲ့အတွက် အရမ်းကိုကျေနပ်ပါတယ်။
Posted By အေသင်ချိုဆွေ (အဆိုတော်)
ဒီသီချင်းလေးက ညီမရဲ့ရင်ထဲက ခံစားချက်နဲ့တူလို့ပါ။ အဲ့သီချင်းထဲက ကောင်မလေးရဲ့နေရာကို ရောက်ဖူးတော့ ကိုယ်ချင်းစာလို့ရပါတယ်။
Posted By မအိအိစံ (တောင်ဥက္ကလာ)
ဒီသီချင်းလေးက ကိုယ်တွေ့အဖြစ်အပျက်လေးနဲ့ တိုက်ဆိုင်လွန်းလို့ပါ။ ညီမတို့ချစ်သူနှစ်ဦးလည်း မိဘတွေကကြည်ဖြူတဲ့ ချစ်သူနှစ်ဦးဖြစ်စေချင်ပါတယ်။
Posted By မမြတ်နိုးမောင် (သာကေတ)
ဒီသီချင်းလေးက အရမ်းကိုနားထောင်လို့ကောင်းပါတယ်။ နားထောင်ပြီးလိုက်တိုင်းလည်း ရိုးမသွားဘဲနဲ့အမြဲတမ်း နားထောင်ချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။
Posted By မထက်ထက် (တောင်ဥက္ကလာ)