• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - Top Ten
Song Title - နေချင်တာ မင်းအနား
Vocalist - IMP
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
နှစ်ယောက်အတူတူ ကြိုက်ကြတာပါ။ နင်ဟာငါ့ရဲ့ကောင်းကင်တစ်ခုပါလို့ တင်စားထားတာကို ကြိုက်တယ်။ ကျွန်တော်လည်း အချစ်ကိုဦးစားပေးတဲ့သူတစ်ယောက်မို့ထင်တယ်။ အကြင်နာ မင်းအနားမှာဆိုတဲ့ ခေါင်းစဉ်လေးကို သဘောကျတယ်။ ဒါကြောင့်မို့လို့ ကြိုက်တာပါ။ ညီမက အရင်တုန်းက ဒီသီချင်းကိုနားမထောင်ဖူးပါဘူး။ သူလာနားထောင်ခိုင်းမှပဲ နားထောင်ဖြစ်သွားတာ။ သူကဒီသီချင်းထဲက ကောင်လေးလိုပဲ ညီမလိုသမျှ အကုန်လိုက်လျောပေးတတ်ပါတယ်။ ညီမအားငယ်နေလည်း ဒီသီချင်းထဲကလိုပဲ အားပေးတတ်ပါတယ်။ ဒီသီချင်းလေး နားထောင်ရင် သူ့ကိုပဲအမြဲမြင်ယောင်နေပါတယ်။ နောက်ပြီးတော့ သူ့ကိုလည်းကျေးဇူးတင်ပါတယ်။
Posted By ရှင်းခန့်၊ ငွေစန္ဒာ
ဒီသီချင်းလေးက ရင်ထဲကခံစားချက်နဲ့ အရမ်းကိုတိုက်ဆိုင်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ချစ်သူကို ကောင်းကင်တစ်ခုလို သတ်မှတ်ထားပါတယ်။ နောက်ကျွန်တော်က ၀န်ထမ်းဆိုတော့ ချစ်သူရဲ့အနားမှာအမြဲတမ်းမနေနိုင်ပါဘူး။ ဒါကြောင့်ဒီသီချင်းလေးကနေတဆင့် ကျွန်တော်ချစ်သူကို ဘယ်လောက်ချစ်တယ်။ ချစ်သူရဲ့အနားမှာ ဘယ်လောက်နေချင်တယ်ဆိုတာ သိစေချင်ပါတယ်
Posted By ကိုမောင်မောင်ဦး (ဒလ)
ဒီသီချင်းထဲကလိုမျိုး ချစ်သူကိုအရမ်းချစ်တဲ့ကောင်လေးမျိုး လိုချင်ပါတယ်။
Posted By မနန္ဒာအောင်၊ မနီနီလွင်၊ မထက်ထက်အောင်နဲ့ မကေသရီဇော်
အဲ့သီချင်းလေးက အေးအေးလေးနဲ့စွဲဆောင်မှုရှိတယ်။ တစ်ချို့သီချင်းတွေက အရမ်းကိုမြူးကြွပြီးတော့ ဘယ်လိုလဲမသိဘူး။ အေးအေးလေးပဲ သမီးကကြိုက်တယ်။ အသည်းကွဲလေဒီထဲမှာပါတော့ ပိုပြီးတော့သဘောကျသွားတယ်။
Posted By မယမင်းဝေဖြိုး (ကြည်မြင်တိုင်)
ဒီသီချင်းရဲ့ သံစဉ်နဲ့စာသားလေးကို ကြိုက်တယ်။ သီချင်းရဲ့စာသားလေးတွေက နုလွန်းလို့ ကြိုက်ပြီးလိုက်တောင်ကူးမိတယ်။
Posted By မစုစုဖြူ (သုဝဏ္ဏ )
ဒီသီချင်းလေးကို ကျွန်မချစ်သူကောင်လေးဖွင့်ပြလို့ ကြားရတာပါ။ ကျွန်မစိတ်ကောက်နေတဲ့အချိန်တွေဆိုရင် ချစ်သူကောင်လေးက ဒီသီချင်းလေးကို ဂစ်တာတီးပြီး အမြဲဆိုပြလို့ ဒီသီချင်းကိုရွေးပေးလိုက်ရတာပါ။
Posted By မနဒီလှိုင် (သာကေတ)
သီချင်းရဲ့သံစဉ်နဲ့ စာသားကိုကြိုက်တယ်။ ခံစားချက်နဲ့လည်း တိုက်ဆိုင်တယ်။
Posted By ကိုမင်းမော်သိန်း၊ ကိုအောင်သန်းဦး၊ ကိုရဲ၊ ကိုဇော်မင်းထွန်း
ကျွန်တော့်ခံစားချက်နဲ့တော့ မတူဘူးပေါ့။ ကျွန်တော့ရဲ့သူငယ်ချင်းက သူ့ချစ်သူက သူ့အတွက်ကောင်းကင်ကြီးပါပဲလို့ ခံစားချက်ကိုဖွင့်ပြလို့ ကျွန်တော်ဒီသီချင်းနားထောင်ရင်းနဲ့ တိုက်ဆိုင်သွားလို့ ဒီသီချင်းကိုကြိုက်တာပါ။ သီချင်းစာသားလေးကလည်း နားထောင်ရင်း အရမ်းကိုအဓိပ္ပါယ်ရှိပါတယ်။ အတူတူနေဖို့ ဘယ်လောက်ထိဝေးရမလဲ အဲ့စာသားကိုကြိုက်ပါတယ်။
Posted By မောင်တင်ကိုလတ် (လှိုင်သာယာ )
ဒီသီချင်းနဲ့ ပတ်သက်ပြီးတော့ ခံစားချက်မရှိဘူးပေါ့။ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ဆိုတဲ့သီချင်းတွေက ပရိတ်သတ်နှုတ်ဖျားမှာ ပိုပြီးတော့ဆွဲစေတယ်လေ။ အဲ့ဒါကြောင့် အဲ့လိုသီချင်းမျိုးတွေကို ပိုပြီးတော့ နားထောင်ဖြစ်တယ်။ နားထောင်ဖြစ်တာများသွားတော့ ကြိုက်သွားတာ။
Posted By ယုဝတီဦး (မင်္ဂလာဒုံ )
ကျွန်တော့်ချစ်သူ စိတ်ညစ်နေတဲ့အချိန်ဆို ကျွန်တော်ဘေးမှာနေပြီးတော့ နှစ်သိမ့်ပေးချင်ပါတယ်။ နောက်ပြီး ကျွန်တော့်ချစ်သူအလိုကျအားလုံးကိုလည်း ဖြည့်ဆည်းပေးချင်ပါတယ်။
Posted By မောင်ဇော်ဇော်အောင် (မင်္ဂလာဒုံ )
ကျွန်တော်ရဲ့ချစ်သူကို အတူနေဖို့ဘယ်လောက်ထိဝေးရမလဲဆိုတဲ့မေးခွန်းမေးချင်တာ ဒီသီချင်းထဲကအတိုင်းပါပဲ။
Posted By ကျော်ကျော်ဗို (ပန်းပဲတန်း )
ဒီသီချင်းလေးကို နားထောင်ပြီး ချစ်သူကိုအရမ်းချစ်ပြီး မြတ်နိုးတန်ဖိုးထားတတ်တဲ့ ကောင်လေးတစ်ယောက်ကို လိုချင်တယ်။
Posted By စန္ဒီချို (မရမ်းကုန်း )