• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ခွင့်ပြုတယ် ခွင့်လွှတ်တယ်
Song Title - ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်
Vocalist - Rဇာနည်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ကောင်လေးက ဒီသီချင်းထဲကကောင်မလေးကို နောက်တစ်ယောက်တွဲသွားလည်း ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ် ဆိုတဲ့အတိုင်းပဲ သမီးရဲ့ချစ်သူကလည်း သမီးကိုနောက်တစ်ယောက်တွဲသွားလည်း ခွင့်ပြုတယ်။ ခွင့်လွှတ်တယ်တဲ့။ ကျွန်တော်လည်း သီချင်းထဲကလိုပါပဲ။ ကျွန်တော့်ချစ်သူစိတ်ချမ်းသာမယ်ဆိုရင် အရာရာကို ခွင့်ပြုတယ်၊ ခွင့်လွှတ်ပါတယ်။
Posted By အငယ်လေးတို့ချစ်သူစုံတွဲ
ဒီသီချင်းထဲက ကောင်လေးရဲ့အချစ်ဦးကို အရမ်းလေးစားပါတယ်။ ကိုယ့်ချစ်သူကိုဒီလောက်ချစ်နိုင်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်အားကျပါတယ်။ ဒါပေမယ့် အပြင်လောကမှာ ဒီလိုခံစားရတဲ့ကောင်လေးတွေ များလာခဲ့ရင်တော့ မိန်းကလေးတွေအတွက်မကောင်းဘူးပေါ့
Posted By ကိုသက်ပိုင်ဦး (ရန်ကင်း)
သမီးကိုစိတ်ဝင်စားနေတဲ့ ကောင်လေးတစ်ယောက်က ဒီသီချင်းကိုဖွင့်ပြတယ်။ ပထမတော့ ပေါ့ပေါ့တန်တန်ပဲ နားထောင်ခဲ့မိတာ နောက်ထပ်တစ်ခေါက်နှစ်ခေါက်သုံးခေါက် အဲ့လိုထပ်ခါထပ်ခါဖွင့်ပြလိုက်တော့ ဒီသီချင်းလေးကို အရမ်းကြိုက်သွားမိတယ်။ ကောင်လေးကိုလည်း အရမ်းသနားမိသွားတယ်။ Rဇာနည်ရဲ့အသံကလည်း အရမ်းကောင်းတယ်။ စာသားလေးတွေကလည်း အရမ်းလန်းတယ်။ ဒီသီချင်းလေးကြောင့်ပဲ သူ သမီးကိုအရမ်းချစ်နေတယ်ဆိုတာ သမီးယုံသွားပါပြီ။ သမီးတို့နှစ်ယောက်လည်း ဒီသီချင်းလေးကြောင့် ချစ်သူဖြစ်သွားလို့ ဒီသီချင်းလေးကို အမှတ်တရအနေနဲ့ ရွေးပေးလိုက်တာပါ
Posted By မလဲ့ရည်အောင် (လသာ)
သီချင်းရဲ့ သံစဉ်နဲ့စာသားကိုကြိုက်တယ်။ R ဇာနည်ရဲ့အသံကိုလည်းကြိုက်တယ်။ သီချင်းထဲကကောင်လေးက ကောင်မလေးကို တကယ်ချစ်ပေမယ့် ကောင်မလေးက မျက်နှာများတယ်။ ဒါပေမယ့်လည်းကောင်လေးက ကောင်မလေးကိုအပြစ်မမြင်ဘဲ ခွင့်လွှတ်ရင်း ချစ်နေမယ်ဆိုတဲ့စိတ်ထားလေးကို လေးစားမိတယ်။ သနားလည်း သနားမိတယ်။
Posted By မမြတ်မွန်ကိုကို (မြောက်ဒဂုံ)
ကိုRဇာနည်ကိုလည်းကြိုက်တယ်။ သီချင်းရဲ့သံစဉ်ကိုလည်း ကြိုက်တယ်။ ကျွန်တော်ရဲ့ခံစားချက်နဲ့ ထပ်တူဖြစ်လို့
Posted By ကိုတင်ထွေး (မင်္ဂလာတောင်ညွန့် )
ဒီသီချင်းလေးက တစ်ဖက်သတ်အချစ်နဲ့ချစ်တဲ့ ချစ်သူတစ်ယောက်ရဲ့ခံစားချက်ကိုရေးထားလို့ ညီမခံစားပြီး သနားမိပါတယ်။ နောက်ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင်လည်း ပတ်သက်ခဲ့ဖူးတဲ့တစ်ယောက်သောသူကို လွမ်းမိပါတယ်။
Posted By မဖူးလေး (မရမ်းကုန်း )
ဒီသီချင်းလေးက ကျွန်မရဲ့ခံစားချက်နဲ့တိုက်ဆိုင်ပါတယ်။ သီချင်းထဲကလိုမျိုးပဲ ကျွန်မရဲ့ချစ်သူက တခြားတစ်ယောက်နဲ့ချစ်နေမယ်ဆိုရင်လည်း ခွင့်လွှတ်နားလည်ပေးပါ့မယ်။
Posted By မထက်ထက် (လှိုင်သာယာ)
ဒီသီချင်းလေးကို နားထောင်လိုက်တော့ ဒီသီချင်းထဲက ကောင်လေးကိုသနားမိတယ်။ အဲ့ကောင်လေး တစ်ဖက်သတ်ချစ်နေရတဲ့ ကောင်မလေးကိုလည်း တော်တော်စိတ်ဆိုးမိတယ်။ အဲ့သီချင်းနဲ့ ပတ်သက်တဲ့ခံစားချက်မျိုးတော့မရှိပါဘူး။ ဒါပေမယ့် ဒီလိုထူးခြားကောင်းမွန်တဲ့ ခံစားချက်လေးတွေရေးပေးထားတဲ့တေးရေးဆရာရဲ့ idea ကိုကြိုက်လို့နောက် အဆိုတော် Rဇာနည်ရဲ့အသံကိုကြိုက်လို့ ဒီသီချင်းလေးကို ရွေးပေးလိုက်တာပါ။
Posted By မသီရိအိမ်(ခ)သက်နှင်းအေး (လှိုင်)
သီချင်းရဲ့စာသားနဲ့ ရင်ထဲကခံစားမှုက အရမ်းကိုတိုက်ဆိုင်လွန်းနေတယ်။ သီချင်းထဲကကောင်လေးလိုမျိုး ခွင့်လွှတ်ပြီးချစ်တတ်တဲ့သူမို့လို့ ကိုယ့်ကိုကိုယ်ပြန်ပြီးတော့သနားမိတယ်။
Posted By မစိန်ထွန်း (စမ်းချောင်း)
R ဇာနည်ရဲ့အသံကိုကြိုက်တယ်။ ဒီသီချင်းလေးနားထောင်တိုင်း ၀မ်းနည်းသလိုခံစားရပါတယ်။
Posted By မခိုင်ဇာ၊ မစိုးယုစေ၊ မလေးမူယာစိုး၊ မနှင်းစုလှိုင်၊ မယဉ်ယဉ်ထွန်း
ဒီသီချင်းထဲက ကောင်လေးရဲ့တစ်ဖက်သတ်ချစ်နေတဲ့ခံစားချက်ကို သီချင်းနားထောင်ရင်း ခံစားရပါတယ်။ နောက်ပြီးသဘောထားကြီးတဲ့ ကောင်လေးရဲ့စိတ်ထားကိုလည်း သဘောကျမိတယ်။ အဲ့လိုစိတ်ထားလေးကိုသာ သဘောကျတာ ကျွန်တော်ကိုယ်တိုင် အဲ့လိုအဖြစ်အပျက်မျိုးကြုံလာခဲ့ရင်တော့ ဒီလိုခွင့်လွှတ်ဖြစ်မှာမဟုတ်ဘူး။
Posted By ကိုကျော်ဝင်းထွေး (ဗိုလ်တထောင် )
ဒီသီချင်းလေးက ကျွန်တော်ရဲ့ခံစားချက်နဲ့ထပ်တူညီပါတယ်။ Rဇာနည်ရဲ့အသံကိုလည်း အရမ်းကြိုက်တယ်။ သံစဉ်တွေ၊ စာသားတွေကိုလည်း အရမ်းကြိုက်ပါတယ်။ ဒီသီချင်းလေးကို ကျွန်တော်ဆိုမိလိုက်ရင် ကျွန်တော့်ကိုထားသွားတဲ့ကောင်မလေးကို မျက်လုံးထဲမှာ အလိုလိုမြင်ယောင်လာမိပါတယ်။
Posted By မောင်ထွန်းလင်း (တောင်ဥက္ကလာ )
ခံစားချက်တော့ မရှိပါဘူး။ ဒီသီချင်းလေးကို သံစဉ်နဲ့ စာသားလေးကိုကြိုက်တယ်။ R ဇာနည်ရဲ့အသံကိုလည်း ကြိုက်တယ်။ သီချင်းထဲကလိုမျိုးပေါ့ ကိုယ့်ချစ်သူက ကိုယ့်အပေါ်ကို ဘယ်လိုပဲအမှားတွေလုပ်လုပ် ခွင့်လွှတ်နိုင်တယ် အဲ့လိုချစ်သူမျိုးကိုလိုချင်တယ်။ တကယ့်လို ကိုယ်က ချစ်တဲ့သူတွေ့ခဲ့မယ်ဆိုရင်လည်း ကိုယ့်ချစ်သူက တခြားတစ်ယောက်ကိုတွဲနေမယ်၊ ချစ်နေမယ်ဆိုရင်လည်း ခွင့်လွှတ်မိမှာပဲ ဘာလို့လဲ ကိုယ်ကအရမ်းချစ်ခဲ့တာကို။ သီချင်းထဲက ကောင်လေးမျိုး အပြင်မှာရှိခဲ့မယ်ဆိုရင်လည်း အရမ်းကိုသနားဖို့ကောင်းပါတယ်။
Posted By မအဏ္ဏ၀ါအေး (ကမ္ဘာအေး )
သီချင်းခေါင်းစဉ်နဲ့ စာသားလေးတွေကို ကြိုက်တယ်။ ကိုယ်ချစ်နေတဲ့သူက ကိုယ့်ကိုပြန်ချစ်ချစ်၊ မချစ်ချစ်။ ကိုယ်က အမြဲတမ်း ခွင့်လွှတ်နေပါ့မယ်ဆိုတဲ့ အကြောင်းလေးပေါ့။ ကို Rဇာနည်ရဲ့အသံလေးကိုလည်း ကြိုက်တယ်။ သီချင်းလေးက တိုက်ဆိုင်တော့ခံစားရတယ်။ ကိုယ်ချစ်နေတဲ့သူက ကိုယ့်ကိုပြန်ချစ်ချစ်၊ မချစ်ချစ်။ ကိုယ်က အမြဲတမ်း ခွင့်လွှတ်နေပါ့မယ်ဆိုတဲ့ သဘောလေးပေါ့နော်။
Posted By မ၀တ်ရည်ထွန်း (စမ်းချောင်း )
ဒီသီချင်းလေးမှာ အကြိုက်ဆုံးစာသားက နောက်တစ်ယောက်နဲ့တွဲလည်း ကိုယ်ခွင့်လွှတ်မယ်။ ကိုယ်မသိဘူး အချစ်ဦးမို့ပါ။ ဒီစာသားက ခံစားချက်နဲ့ ထပ်တူကျနေလို့ပါ။
Posted By မချိုချိုနွယ် (မရမ်းကုန်း )
ဒီသီချင်းလေးက တကယ်တော့သနားစရာပါ။ သီချင်းထဲက ကောင်လေးကိုလည်း အရမ်းကို သနားမိတယ်။ အပြင်မှာရှိနေလို့ရှိရင်လည်း သူ့ကိုအရမ်းချီးကျူးပြီး လေးစားနေမိမှာပါ။ ဘာလို့လဲဆိုတော့ ဘယ်သူမှ သူ့လောက် ခွင့်လွှတ်မပေးနိုင်လို့ပါ။
Posted By မပပအောင် (တောင်ဥက္ကလာ)
ဒီသီချင်းက ညီမရဲ့ခံစားချက်နဲ့လည်း တိုက်ဆိုင်နေလို့လားတော့ ညီမ သူ့အပေါ်မှာထားတဲ့မေတ္တာတွေကို သူသိစေချင်သလို နားလည်း နားလည်စေချင်ပါတယ်။ သူ ဘာအပြစ်တွေပဲလုပ်လုပ် သူ့အပေါ်ထားတဲ့ ညီမရဲ့စိတ်တွေက ဘယ်တော့မှမပြောင်းလဲဘူး ဆိုတာ ဒီသီချင်းထဲကအတိုင်းပါပဲ။
Posted By မအေးမင်းနိုင် (သာကေတ)