• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ၁၀စက္ကန့်
Song Title - ကိုယ့်အနား ရှိစေချင်
Vocalist - Rဇာနည်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
မကြာခင်မှာ သူ့ရဲ့ချစ်သူကအဝေးကိုထွက်သွားတော့မှာမို့ ဒီသီချင်းထဲကအတိုင်း သူ့ချစ်သူကိုသူ့ရဲ့အနားမှာ ရှိစေချင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်မရဲ့ချစ်သူကို ကျွန်မရဲ့ရင်ထဲမှာပဲ အမြဲသိမ်းထားလိုက်ချင်တယ်။ ဘယ်ကိုမှမသွားစေချင်ဘူး
Posted By မခင်မာထွေး (တောင်ဒဂုံ)
ရေခြားမြေခြားမှာရောက်နေတဲ့ ချစ်သူကိုနားဆင်စေချင်တဲ့စိတ်။ နောက်ပြီးတော့အရင်လို ပျော်ရွှင်နေတဲ့အချိန်တွေကို လွမ်းဆွတ်ပြီးတော့ ချစ်သူကို ကိုယ့်အပေါ်မှာ စိတ်မချမှုတွေ ပြေပျောက်စေပြီးတော့ နားဆင်စေချင်တဲ့စိတ်ကလေးနဲ့ပါ
Posted By ဇင်လေး
ကိုယ်ကသူ့ကိုထားခဲ့ပြီး အဝေးကိုထွက်သွားရမယ့်သူပါ။ ရေခြားမြေခြားဝေးကွာသွားရင် သူ ကိုယ့်အပေါ်မှာ သစ္စာရှိစေချင်ပါတယ်။ ကိုယ်ကလည်း သူ့အပေါ်မှာ သစ္စာရှိမယ်ဆိုတာကို ဒီသီချင်းလေးနဲ့ ပြောပြခဲ့ချင်တယ်။ သူ့နဲ့ကိုယ်နဲ့ သစ္စာတွေသာမှန်ကန်ပြီး တောင်းတဲ့ဆုနဲ့ပြည့်မယ်ဆိုရင် ရည်မှန်းချက်တွေပြည့်သွားတဲ့အချိန်မှာ ပြန်ပြီးတော့လက်တွဲချင်ပါတယ်။ ဝေးနေတဲ့အချိန်မှာလည်း အလွမ်းရက်တွေကို အမြန်ကုန်ဆုံးချင်ပါတယ်။ ခံစားနေရတဲ့ခံစားချက်တွေအားလုံး ဒီသီချင်းထဲမှာပါလို့ ဒီသီချင်းလေးကို ကြိုက်နှစ်သက်ရတာပါ။
Posted By မအိမ့်မျက်ခြယ် (ဗဟန်း)
အဝေးရောက်နေတဲ့ချစ်သူကို လွမ်းနေတဲ့အချိန်မှာ ဒီသီချင်းလေးကိုကြားလိုက်ရတော့ တိုက်ဆိုင်မှုတွေရှိပြီး ရင်ခုန်လာပါတယ်။ သီချင်းထဲက စာသားလေးတွေကို နားထောင်မိတဲ့အခါမှာ အဝေးရောက်နေတဲ့ချစ်သူကို အနားမှာရှိစေချင်တဲ့ဆန္ဒတွေ ဖြစ်ပေါ်မိပါတယ်။
Posted By မအေးမြကြည် (သင်္ဃန်းကျွန်း)
ကျွန်တော်က မကြာခင်မှာအဝေးတစ်နေရာကို သွားတော့မယ့်သူပါ။ ကျွန်တော့်ချစ်သူက ကျွန်တော့်ကိုစောင့်နေနေ မနေနေ ကျွန်တော်ကတော့ ကျွန်တော့်ချစ်သူဆီ ပြန်လာလို့ရမယ့်ရက်ကို လက်ချိုးပြီးရေနေပါမယ်
Posted By ကိုမျိုး(ခ)ကိုမျိုးချစ် (သုဝဏ္ဏ)
အဝေးရောက်နေတဲ့ချစ်သူကို စိတ်ချချင်ပါတယ်။ ညီမလည်း သစ္စာရှိရှိစောင့်နေပါ့မယ်
Posted By စုရတနာ (တာမွေ)
ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင် ရင်ထဲမှာလွမ်းလာသလို ခံစားမိတယ်။ Rဇာနည်အသံကလည်း စွဲဆောင်မှုအရမ်းရှိလို့ ကြိုက်ရတာပါ
Posted By ၀င်းသီရိအောင်
ကျွန်မနဲ့ ကျွန်မချစ်သူက ကိစ္စအတော်များများမှာ အလွဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ သူအားတဲ့အချိန် သူ့နားမှာ ကျွန်မမရှိနိုင်သလို တစ်ခုတစ်ခုကျွန်မအားတဲ့အခါမှာလည်း သူကကျွန်မအနားမှာ မရှိနိုင်ပါဘူး။ အဲ့ဒါကြောင့်မို့လို့ ဖြစ်နိုင်လို့ရှိရင် ချစ်သူကိုအနားမှာ အမြဲရှိစေချင်ပါတယ်
Posted By မတင်အိခိုင် (တောင်ဥက္ကလာ)
ကျွန်တော့်ကောင်မလေးက ရေခြားမြေခြားကိုသွားနေတယ်။ သူ့ကိုသတိရတဲ့အခါတိုင်း ဒီသီချင်းထဲကစာသားတွေမှာ ညီမကြိုက်တဲ့စာသားတွေကို ပြောင်းဆိုလေ့ရှိတယ်။
Posted By မင်းခေါင်ကြည် (ကမာရွတ်)
ရေခြားမြေခြားသွားနေတဲ့ချစ်သူကို ပြောပြချင်တဲ့စာသားတွေပါနေလို့ ကြိုက်ရတာပါ
Posted By သော်သော်
ဒီသီချင်းလေးကိုရွေးပေးလိုက်လို့ ညီမမှာရေခြားမြေခြားရောက်နေတဲ့ချစ်သူတစ်ယောက်ရှိတယ်လို့ မထင်စေချင်ပါဘူး။ Rဇာနည်ရဲ့ဆိုဟန်ကိုလည်း ကြိုက်တယ်။ သံစဉ်လေးကိုလည်း ကြိုက်တယ်။ ဒါကြောင့်မို့လို့ရွေးပေးရတာပါ။
Posted By မိဖြိုး (ဗဟန်း)
Rဇာနည်ရဲ့အသံနဲ့ Rခိုင်ရေးပေးထားတဲ့စာသားတွေကို ကြိုက်လို့ပါ။
Posted By မအိမွန်၊ မထက်ထက်အောင်၊ မမေသင်းခိုင်၊ မဇင်မာအောင်၊ မရတနာဖြိုး
ဒီသီချင်းလေးကို နားထောင်လို့ရှိရင် လွမ်းလွန်းလို့မျက်ရည်တောင်ကျမိပါတယ်။ အဝေးကိုသွားနေတဲ့သူတစ်ယောက်အတွက်ပေါ့။ ဒီသီချင်းလေးက ကျန်နေတဲ့သူကိုလည်း အားဆေးဖြစ်စေပါတယ်။ ဘယ်ကိုပဲသွားသွားဒီသီချင်းလေးကို ကြားလိုက်လို့ရှိရင် ရပ်ပြီးတော့နားထောင်မိတယ်။
Posted By မအိမ့်မှုးသခင် (ရန်ကင်း)
ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင် ကျွန်မနဲ့ခဏတာဝေးနေတဲ့ချစ်သူကို သတိရနေမိတယ်။ နောက်ကျွန်မက ရင်ခုန်သံFMရဲ့အမာခံပရိတ်သတ်ဆိုတော့ ကျွန်မရဲ့စာသားလေးကိုလည်း ဖတ်ပြစေချင်ပါတယ်။
Posted By မစုစုလှိုင် (အမေ့အိမ်စာပေ )
ကိုRဇာနည်သီချင်းကိုလည်း အမြဲတမ်းနားထောင်ဖြစ်တယ်။ ဒီသီချင်းလေးကို နားထောင်ရတာ အရမ်းကိုခံစားရတယ်။ ကိုယ့်ချစ်သူကအနားမှာရှိပါတယ်။ ဒါပေမယ့် အဲ့သီချင်းထဲကလိုပဲ သစ္စာရှိစေချင်တာပေါ့။
Posted By မသဲမာ (လှည်းတန်း)
ကျွန်မ အရမ်းချစ်ရတဲ့ချစ်သူက နိုင်ငံခြားမှာပညာသွားသင်နေပါတယ်။ ကျွန်မ သူ့ကိုအမြဲပဲအနားမှာရှိစေချင်တယ်။ ဒါပေမယ့် သူကအဝေးကို ရောက်နေတယ်လေ။ အဲ့လိုမျိုးရင်ထဲမှာ ဖြစ်ပျက်နေတဲ့ခံစားချက်တွေနဲ့ ဒီသီချင်းလေးနဲ့တူလို့ ကြိုက်ပါတယ်။
Posted By ငြိမ်းငြိမ်းအိ (လှိုင် )
ချစ်သူနဲ့ဝေးနေတဲ့အချိန်မှာ ညီမရဲ့စိတ်က ညီမရဲ့ချစ်သူကိုပဲ အမြဲတမ်းသတိရနေပါတယ်။ အဲ့လိုဝေးနေတဲ့အချိန်တွေမှာ ချစ်သူက တခြားတစ်ယောက်ကိုစိတ်မယိုင်ဘဲ ညီမကိုပဲသစ္စာရှိစေချင်တာ ဒီသီချင်းထဲကအတိုင်းပါပဲ။
Posted By မတိုးသဇင်ခိုင် (မရမ်းကုန်း )
ဒီသီချင်းလေးက ကျွန်မရဲ့ခံစားချက်နဲ့တိုက်ဆိုင်တာကြောင့် အရမ်းပဲကြိုက်မိပါတယ်။ သီချင်းလေးနားထောင်လိုက်တိုင်း မျက်စိထဲမှာ ချစ်သူကိုအမြဲတမ်းမြင်ယောင်နေတယ်။ ဒီသီချင်းလေးထွက်လာတော့ ချစ်သူနဲ့ဝေးကွားနေတဲ့အချိန်လေး ဖြစ်နေတာကလည်း အရမ်းကိုတိုက်ဆိုင်လွန်းပါတယ်။
Posted By မနှင်းဝေေ၀ကျော် (သာကေတ )
သီချင်းစာသားလေးကိုလည်း အရမ်းကြိုက်တယ်။ ပြီးတော့ခံစားချက်ခြင်းကလည်း အရမ်းတူညီနေလို့ပါ။ ကိုယ်ချစ်တဲ့သူကို အမြဲပဲအနားမှာပဲ ရှိစေချင်ပါတယ်။
Posted By ဖြိုးဖြိုးဇင် (လှည်းတန်း )
ဒီသီချင်းကို ကိုRဇာနည်ရဲ့အသံကိုလည်း ကြိုက်တယ်။ ပြီးတော့ အဝေးရောက်နေတဲ့ချစ်သူကိုလည်း နားဆင်စေချင်ပါတယ်။ ညီမ ဘက်ကလည်း သူ့ကိုသစ္စာရှိစွာစောင့်နေမယ်။ သူဘက်ကလည်း သစ္စာရှိပါလို့ပြောချင်ပါတယ်။
Posted By မတင်ဇာ (မင်္ဂလာတောင်ညွှန် )
ကျွန်တော်လည်း သူများတွေလိုပဲချစ်သူတွေရှိတာပေါ့။ ကျွန်တော့်ချစ်သူကလည်း ဒီနှစ်ကုန်ရင်နိုင်ငံခြားကိုသွားတော့မယ်။ မသွားခင်အချိန်လေးမှာသူနဲ့ ကျွန်တော်နဲ့ ချစ်သူစဖြစ်တဲ့အချိန်ကနေစပြီးတော့ အဲ့ဒီအချိန်အထိကျွန်တော်တို့တတွေက နှစ်ယောက်သားအတူတူ သွားလာပြီးတော့၊ ဆိုင်တွေသွားပြီးတော့မုန့်တွေစားခဲ့ကြတယ်။ အဲ့လိုအချိန်တွေကို သူထွက်သွားမယ့်အချိန်မှာ လွမ်းနေမယ်ပေါ့။ အဲ့လိုသူထွက်သွားတဲ့အချိန်ပေါ့၊ သူမရှိတဲ့အချိန်မှာ ကျွန်တော့်ကိုသူစိတ်ချလက်ချ နေခဲ့စေချင်တယ်။ အတူတူရှိပြီး မတွေ့ရတဲ့အချိန်တွေမှာတောင်မှ အရမ်းလွမ်းကြရင် ရေခြားမြေခြားကိုသွားရတဲ့အချိန်ဆိုရင် ဘယ်လောက်တောင်လွမ်းဆွေးရမလဲဆိုတဲ့ ခံစားမှုလေးတွေ သီချင်းထဲမှာပါနေတယ်။ ကျွန်တော့်အပေါ်မှာထားတဲ့ သစ္စာတရားတွေက ဆုတောင်းတစ်ခုသာပြည့်ခဲ့မယ်ဆိုရင် နောက်ဆုံးသူပြန်လာတဲ့အချိန်မှာ သူချစ်တဲ့ကျွန်တော်က သူ့အနားမှာရှိနေပေးစေချင်တော့တယ်ဆိုတဲ့ ခံစားမှုလေးတွေ ဒီသီချင်းထဲမှာပါနေတယ်။
Posted By မောင်မင်းသုကျော်
ဒီသီချင်းလေးကို FM မှာစကြားပြီးတော့ ညီမတို့ချစ်သူနှစ်ဦးအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းလေးကို ညီမရဲ့ချစ်သူ ကိုရဲမြအောင်ကြားနိုင်မယ်ဆိုရင် ညီမရဲ့အနားကိုပြန်လာစေချင်ပါတယ်။
Posted By မသဲအိဖြူ (တောင်ဒဂုံ )
ဒီသီချင်းလေးထဲက ဟိုးအဝေးမှာနေတဲ့အခါဆိုတဲ့ သီချင်းစာသားလေးကို အရမ်းကြိုက်တယ်။ ချစ်သူတွေတကယ်တမ်းခွဲခွာရတော့မယ်ဆိုရင် ရင်ထဲမှာဟာတာတာနဲ့ အထီးကျန်လွန်းလှပါတယ်။ ကျွန်မချစ်သူ သစ္စာရှိရှိနဲ့ ပြန်လာမယ့်နေ့ကို စောင့်မျှော်လင့်နေပါတယ်။
Posted By မနေခြည်နွေး
အရမ်းကိုတိုက်ဆိုင်ပါတယ်။ ဒီသီချင်းလေးစထွက်ကတည်းက နာမည်ကြီးတဲ့အချိန်မှာပဲ ကျွန်မချစ်သူက နိုင်ငံခြားကိုထွက်သွားတယ်လေ။ ကျွန်မချစ်သူဘက် ခံစားနေရတဲ့ခံစားချက်ကိုဆိုပေးထားသလိုမျိုး ခံစားရပါတယ်။ ဒါပေမယ့်နှစ်ဦးနှစ်ဖက်စလုံး ခံစားရတဲ့ခံစားချက်တွေနဲ့ တူနေပါတယ်။
Posted By မပိုးပိုးဖြူ (တာမွေ )
ကျွန်တော်နိုင်ငံခြားသွားရတော့မယ်အချိန်မှာ ကျွန်တော့်ချစ်သူကိုထားခဲ့ရမှာလေ။ ဒါကြောင့်မို့ ကျွန်တော်က ကျွန်တော့်ချစ်သူကိုမှာခဲ့တယ်။ ဒီသီချင်းလေးကို ခဏခဏနားထောင်ပါလို့။ ဘာဖြစ်လို့လဲဆိုတော့ သူပြောချင်တဲ့စကားတွေက ဒီသီချင်းထဲမှာ အကုန်ပါနဲတဲ့အတွက်ကြောင့်ပါ။
Posted By မောင်မင်းသူခန့်
ဒီသီချင်းလေးကို အရမ်းပဲကြိုက်နှစ်သက်မိပါတယ်။ ဒါကြောင့်ဒီသီချင်းလေးကို ရေးပေးတဲ့ကိုR ခိုင်ကို ကျေးဇူးတင်သလို ဒီသီချင်းလေးကို ဆိုပေးတဲ့ ကိုR ဇာနည်ကိုပါ အထူးပဲကျေးဇူးတင်မိပါတယ်။
Posted By မဇာခြည် (အင်းစိန် )
ဒီသီချင်းထဲမှာပေါ့နော်။ ဤမှန်ကန်သောသစ္စာလေးကြောင့် ဆုတောင်းပြည့်ခဲ့ရင်ပေါ့နော်။ အချစ်ဆုံးသာ ကိုယ့်အနားရှိစေချင်ဆိုတာ နန်းအနေနဲ့တော့ နန်းရဲ့ဆုတောင်းသာပြည့်ခဲ့ရင်ပေါ့နော်။ နန်းချစ်တဲ့သူ တစ်ယောက်ကို နန်းနားမှာ အမြဲရှိစေချင်တယ်။
Posted By မနန်းသူဇာဌေး  (လှည်းတန်း )
ကျွန်တော်က ကိုR ဇာနည်ရဲ့ပရိတ်သတ်တစ်ဦးပါ။ သီချင်းလေးကိုလည်း အရမ်းကြိုက်ပါတယ်။ သူ့ရဲ့အသံကိုလည်း အရမ်းကြိုက်ပါတယ်။ နောက်ကိုယ်နဲ့ ခံစားချက်ခြင်းလည်း ထပ်တူညီတယ် ပေါ့နော်။ ကျွန်တော် အလုပ်သဘောနဲ့ နိုင်ငံခြားသွားတုန်းက တွေ့ခဲ့ရတဲ့မိန်းကလေးတစ်ယောက်ကို သီချင်းထဲကလို ကိုယ့်အနားမှာအမြဲတမ်းရှိစေချင်တယ်ပေါ့နော်။
Posted By မောင်ဝေယံဦး (အင်းစိန်)
လောလောဆယ် ညီမချစ်သူနဲ့ ညီမ သီချင်းထဲကအတိုင်း ခွဲနေရလို့ပါ။ သီချင်းထဲကလိုပဲ ညီမချစ်သူကိုသစ္စာရှိရှိနဲ့ စောင့်နေချင်တယ်။ ညီမချစ်သူကလည်း ညီမကိုပြန်ပြီးတော့ သစ္စာရှိစေချင်တယ်။
Posted By မကြည်မို့မို့သိန်း (မင်္ဂလာတောင်ညွန့် )
ဒီသီချင်းရဲ့ခေါင်းစဉ်နဲ့ စာသားတွေကို အရမ်းကြိုက်ပါတယ်။ ၀သုန်အရမ်းတွေ့ချင်တဲ့သူက ၀သုန်နဲ့ အဝေးဆုံးတစ်နေရာမှာ ရောက်နေတဲ့အတွက် တစ်နေ့နေ့ကျရင် ပြန်ဆုံနိုင်လိမ့်မယ်လို့ ယုံကြည်ပြီး ဒီသီချင်လေးကို ရွေးပေးလိုက်တာပါ။
Posted By မ၀သုန်မိုးစက် (မင်္ဂလာဒုံ )
ကျွန်မချစ်သူက အခုလောလောဆယ် ကျွန်မရဲ့အနားမှာမရှိပါဘူး။ သူ့ကိုသတိရတိုင်း ဒီသီချင်းလေးကိုလွမ်းတဲ့စိတ်နဲ့ အမြဲတမ်း နားထောင်မိတယ်။ ဒီသီချင်းထဲမှာပါတဲ့ ယုံကြည်ချက်ကလေးတွေက ကျွန်မရဲ့ယုံကြည်ချက်ကလေးတွေပဲ ဖြစ်နေလို့ ဒီသီချင်းလေးကို ကြိုက်တာပါ။
Posted By မချိုသင်းအောင် (တာမွေ)
အဝေးကချစ်သူကို အမြဲတမ်းကိုယ့်အနားမှာရှိစေချင်တာရယ်၊ နောက်ပြီးပြန်လာမယ့်အကြောင်းနဲ့ အမြဲတမ်းစောင့်နေပါတယ်ဆိုတဲ့ အကြောင်းကို ရေးထားတဲ့ဒီသီချင်းလေးကို နားထောင်ရင်းကြိုက်မိသွားလို့ ရွေးပေးရတာပါ။
Posted By မောင်စိုးလင်းထက် (ကျောက်တံတား)