• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - အတိုင်းထက် အလွန်
Song Title - အတိုင်းထက်အလွန်
Vocalist - နောနော်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
သီချင်းထဲကအတိုင်း ကျွန်တော့်ချစ်သူနဲ့ တူတူနေချင်လို့ပေါ့နော်။ ရူးရူးမိုက်မိုက်နဲ့ အေးချမ်းတဲ့ညလေးကို ဖြတ်သန်းချင်လို့ပေါ့။ အဲ့လိုတူတူနေခွင့်ရရင်တော့ အတိုင်းထက်အလွန်ပေါ့ ညီမကတော့ သံစဉ်လည်းကြိုက်တယ်။ စာသားလည်းကြိုက်တယ်။ နောနော်ဆိုတာလည်း အရမ်းကိုကောင်းပါတယ်။ အဲ့ဒါကြောင့်မို့ အရမ်းကြိုက်တာ။
Posted By စိုင်းဝဏ္ဏကျော်နှင့် မယွန်း
သီချင်းရဲ့သံစဉ်နဲ့ စာသားကိုအရမ်းကြိုက်ပါတယ်။ ဗဟန်း၊ ပုလဲလမ်းမှာနေတဲ့ ကျွန်တော်အလွန်ချစ်ရတဲ့ စုစုအတွက် တောင်းဆိုထားတာဖြစ်ပါတယ်တဲ့။ ဒီသီချင်းလေးထဲကအတိုင်း ကျွန်တော် စုစုအပေါ်မှာထားတဲ့မေတ္တာတွေကို စုစုကိုသိစေချင်ပါတယ်။ ဒီသီချင်းလေးကို ဘယ်နေရာမှာပဲ ကြားမိကြားမိ ကျွန်တော်အရမ်းချစ်တဲ့ စုစုဆိုတဲ့ကောင်မလေးဆီကို အပြေးကိုသွားချင်တဲ့စိတ်ပေါ်လာရပါတယ်။
Posted By ကိုဝင်းနိုင် (ရန်ကင်း)
သီချင်းရဲ့သံစဉ်နဲ့ စာသားလေးကို ကြိုက်တယ်
Posted By မခင်အေးရည်၊ မဇင်မာမြင့်၊ မမို့မို့သွင်၊ မအေးသဇင်နှင့် မစုမြတ်ငြိမ်း
ချစ်သူတစ်စုံတစ်ယောက်ကို နားထောင်စေချင်ပါတယ်။
Posted By ကိုဟိန်းဘိုဘို၊ ကိုဝင်းကိုကိုထူး၊ ကိုရဲသီဟ၊ ကိုကောင်းထက်ကျော်၊ ကိုသက်ပိုင်ဦး
ဒီသီချင်းက နောနော်ရဲ့နှလုံးသားထဲကလာတဲ့ခံစားချက်စာသားတွေလို့ထင်တယ်။ ကျွန်တော်နဲ့လည်း တိုက်ဆိုင်မှုရှိတယ်။ အိပ်လို့မရတဲ့ညတွေတိုင်း ကျွန်တော့်ကောင်မလေးရဲ့မျက်နှာကို မြင်နေရတဲ့ခံစားမှုက သီချင်းလေးအတိုင်းပါပ
Posted By ကိုဟန်စိုး (မင်္ဂလာဒုံ)
ဒီသီချင်းထဲကလိုပဲ ကျွန်တော်လည်း ကျွန်တော့်ချစ်သူနဲ့အမြဲတမ်းတူတူနေချင်တဲ့ ခံစားမှုမျိုးရှိပါတယ်။
Posted By ကိုခင်မောင်မြင့် (သာကေတ)
သီချင်းရဲ့သံစဉ်လေးကို ကြိုက်တယ်။ နောနော်က အဆိုတော်အသစ်တစ်ယောက်ဖြစ်ပေမယ့် အဆိုရောအတီးပါပိုင်လို့ ပိုပြီးတော့ကြိုက်မိပါတယ်။
Posted By ကိုထန်လျှမ်းမော် (ရွှေပြည်သာ)
သီချင်းရဲ့သံစဉ်နဲ့ စာသားကိုကြိုက်တယ်။ ဂီတာတီးပြီးဆိုရင် အရမ်းကောင်းလို့ ဒီသီချင်းလေးကို ရွေးပေးရတာပါ
Posted By ကိုမင်းမင်း၊ ကိုကျော်ဇင်မျိုးဦး၊ ကိုအရိုး၊ ကိုဇော်ဇော်ဦးနဲ့ ကိုမျိုးမင်းထိုက်
ရင်ခုန်သံ အစီအစဉ်ကိုနားထောင်လိုက်လို့ နံပတ် ၁ နေရာမှာရှိနေတဲ့သီချင်းလေးက အတိုင်းထက်အလွန်ဆိုတဲ့သီချင်းလေးသာ ဖြစ်နေမယ်ဆိုရင် တကယ့်ကိုပဲ အတိုင်းထက်အလွန် ၀မ်းသာမိမှာပါ
Posted By သူရိန် (စမ်းချောင်း)
ဒီသီချင်းလေးကို ညီမချစ်သူကပေးနားထောင်လို့ ကြိုက်မိပါတယ်။ VCD အခွေထဲမှာ နောနော်ရဲ့ ပထမဦးဆုံးအခန်း ဂစ်တာတီးပြီး သီချင်းဆိုတာလေးကို အရမ်းကြိုက်ပါတယ်။
Posted By သီတာ (စမ်းချောင်း)
ကောင်လေးက ကောင်မလေးကို ချစ်တယ်ပေါ့နော်။ ကောင်လေးက ကောင်မလေးကို အမြဲတမ်းမြင်နေရင် စိတ်ထဲမှာလန်းနေသလိုပဲ အမြဲတမ်းပျော်ရွှင်မှုတွေကို ကောင်မလေးကပေးတယ်ပေါ့။ အမြဲတမ်းကြည်နူးမိသလိုဖြစ်တယ်။
Posted By မနှင်းယုချို (စမ်းချောင်း)
သီချင်းရဲ့စာသားနဲ့ အဓိပ္ပါယ်က အရမ်းကိုလေးနက်မှုရှိပါတယ်။ နားထောင်လိုက်ရုံနဲ့ သီချင်းလေးရဲ့ဆိုလိုရင်းကိုလည်း နားလည်လာပါတယ်။ ဒီသီချင်းထဲကလိုပဲ ကျွန်တော်လည်း ချစ်သူကောင်မလေးနဲ့ အမြဲတမ်းဆုံချင်မိတယ်
Posted By သက်ဇင်ထူး
သီချင်းခေါင်းစဉ်လေးကိုက အရမ်းလှလို့ကြိုက်မိတာပါ။
Posted By မစံပယ်ဖြူ
နောနော်ရဲ့အသံကိုအရမ်းကြိုက်တယ်။ သီချင်းလေးကိုလည်း အရမ်းကြိုက်တယ်။
Posted By မသင်းချယ်ရီအောင်၊ မချိုချိုသိန်း၊ မခိုင်သဉ္ဇာထွန်း၊ မနေခြည်စုစုလွင်
စိတ်နဲ့ ကိုယ်နဲ့မကပ်တာမင်းကြောင့်ဆိုတဲ့ စာသားလေးကိုအရမ်းကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်စိတ်တက်နေတဲ့ လူငယ်တွေရဲ့သဘာဝကို မြင်စေလို့ပါ။
Posted By မနှင်းနန္ဒာသွင် (လှိုင်)
ဒီသီချင်းက ကျွန်တော် နားထောင်လိုက်လို့ရှိရင် ကျွန်တော်ရဲ့ချစ်သူကို အမြဲတမ်းသတိရစေပါတယ်။ ဒီသီချင်းထဲကလိုပဲ ကျွန်တော်ရဲ့ချစ်သူနဲ့ ကျွန်တော်က အမြဲတမ်းသာဆုံတွေ့ခွင့်ရမယ်ဆိုရင် ရင်ထဲမှာအတိုင်းထက်အလွန်ပဲ ပျော်မှာပါ။
Posted By ကိုကျော်ဆန်းဝင်း (ဒဂုံ)
သီချင်းရဲ့သံစဉ်နဲ့ စာသားကိုကြိုက်လို့ပါ။
Posted By ကိုလှမင်းစိုး၊ ကိုထွန်းနိုင်စိုး၊ မခက်မေဇော်၊ မသီတာထွန်းနဲ့ မအိရွှေစင်
အဲ့သီချင်းလေးက ကျွန်တော့်ရဲ့ခံစားချက်နဲ့လည်း ကိုက်ညီတယ်လေ။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ကောင်မလေးကိုလည်း ကျွန်တော် ညတိုင်းလိုလိုမြင်ချင်တာပေါ့။ အဲ့ဒါကြောင့်မို့လို့ ဒီသီချင်းလေးထဲက အတိုင်းပဲပေါ့။ ကျွန်တော့်ကောင်မလေးနဲ့ ညတိုင်းအတူရှိနေရင်တော့ အတိုင်းထက်အလွန်ပျော်မှာပါပဲ
Posted By ကိုစိုင်းလင်းထွန်း (သာကေတ)
ကိုနောနော်ရဲ့အသံကိုကြိုက်တယ်။ သူ့သီချင်းတွေအများကြီးထဲကမှ ဒီအတိုင်းထက်အလွန်ဆိုတဲ့သီချင်းလေးကို ကြိုက်မိလို့ပါ။ ချစ်သူနဲ့အမြဲတမ်းအတူရှိနေချင်တာ မိန်းကလေးတိုင်းရဲ့ဆန္ဒပဲလေ။ သမီးရဲ့ချစ်သူနဲ့တော့ အခုတူတူရှိနေပါတယ်။ သမီးက သူ့ကိုအရမ်းချစ်သလို သူ့ကလည်းအရမ်းချစ်ပါတယ်။ အဲ့သီချင်းထဲကလိုပဲ သမီးချစ်သူနဲ့ အမြဲတမ်းတူတူရှိနေချင်ပါတယ်။
Posted By ဆူး (လမ်းမတော်)
အဲ့သီချင်းလေးက သူတို့ VCD ရိုက်တဲ့ပုံစံလေးကိုကြည့်လိုက်တော့ ပိုပြီးတော့စိတ်ထဲမှာ အဲ့သီချင်းကို ပိုပြီးတော့ကြိုက်သွားတာပေါ့။ အဲ့တော့ အဲ့လိုမျိုးညတွေမှာပါ ကိုယ့်ကောင်မလေးအိမ်ရှေ့မှာ သွားပြီးတော့ဂစ်တာတီးတာတို့ ပိုပြီးတော့ပျော်ဖို့ကောင်းတာပေါ့နော်။ ကြည်နူးဖို့လည်း ကောင်းပါတယ်။ အဲ့ဒါကြောင့်ပါ။ အဲ့လိုမျိုးအဖြစ်အပျက်ကလေး ကျွန်တော့်မှာလည်းရှိတယ်။ ကျွန်တော်တို့သူငယ်ချင်းပါပဲ အဲ့သူငယ်ချင်းတစ်ယောက်က သူ့ကောင်မလေးအိမ်မှာသွားပြီးတော့ ဂီတာတီးချင်တာ။ ဒါပေမယ့် ပထမတုန်းကတော့ သတ္တိမရှိကြဘူး။ သွားလည်းမသွားရဲဘူး။ အဲ့ဒါနဲ့မထူးပါဘူးပေါ့နော် မင်းအဲ့လောက်တီးချင်နေတာ တီးပေးမယ်ဆိုပြီးတော့ သီတင်းကျွတ်ညက သွားပြီးတော့တီးပေးတာ အဲ့အိမ်ရှေ့မှာ။ သွားလည်းတီးရော အဲအချိန်တုန်းက သူ့အမေနဲ့ အစ်ကိုတွေကလည်းမအိပ်ကြသေးဘူး။ သီချင်းတီးရင်းတီးရင်းနဲ့ ကောင်မလေးနာမည်ပါတဲ့သီချင်းလေးကိုလည်း ဆိုလည်းဆိုလိုက်ရော သူ့အစ်ကိုတွေကသိသွားပြီဆင်းလည်းဆင်းလာရော ကျွန်တော်တို့တွေထွက်ပြေးရတယ်။
Posted By ကိုစိုးလွင်မော်(ခ) ဘိုဘို (လသာ)
မျက်လုံးထဲမှာ ချစ်သူကိုအမြဲတမ်းမြင်ယောင်နေတာ လွှဲလို့မရဘူးဆိုတဲ့စာသားကို ကြိုက်တယ်။
Posted By မနှင်းလဲ့လဲ့ဝင်း
သီချင်းရဲ့သံစဉ်လေးက မြူးကြွပြီးနားထောင်လို့ အရမ်းမိုက်တယ်တဲ့။ အိပ်လို့မရတဲ့ညတွေမှာဆို ဒီသီချင်းလေးကို ကြားလို့ရှိရင် သူအနားနားမှာလာပြီးဆိုနေသလိုမျိုး စိတ်ထဲမှာခံစားရတယ်။ နောက်ပြီးဒီသီချင်းလေးက ရင်ထဲကအလွမ်းတွေကိုလည်း ကုသပေးလို့ ဒီသီချင်းလေးကိုကြိုက်ရတာပါ
Posted By မသန္တာထွေး
သီချင်းထဲကစာသားတွေက ကျွန်မရဲ့အဖြစ်အပျက်နဲ့တိုက်ဆိုင်နေတယ်။ ဒီသီချင်းလေးကို ညနေတိုင်းမှာ အမြဲတမ်းနားထောင်ဖြစ်တယ်။ နားထောင်လို့ရှိရင်လည်း သူ့ကိုပိုပြီးတော့ သတိရတယ်။ လွမ်းလည်းလွမ်းတယ်။ ဖြစ်နိုင်ရင် ပြန်မဆုံဖြစ်တော့တဲ့သူ့ကို အခုလိုညနေတိုင်း လွမ်းနေတယ်ဆိုတာ သူ့ကိုသိစေချင်တယ်။
Posted By မခင်အေးရီ