• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ်
Song Title - ကိုယ်မညာတော့ဘူး
Vocalist - Nကိုင်ရာ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ခံစားချက်နဲ့တိုက်ဆိုင်လို့ ရွေးပေးလိုက်ရတာပါ
Posted By  မမေငုဝါလှိုင်၊ မဇင်ဝင်းမာ၊ မဖြူဖြူကျော်
ကိုယ့်ချစ်သူရဲ့လာရာလမ်းကို အမြဲတမ်းစောင့်မျှော်နေတယ်ဆိုတဲ့ ဒီသီချင်းထဲကစာသားလေးကို ကြိုက်လို့ရွေးပေးရတာပါ။ ညီမကိုရည်းစားစကားပြောထားတဲ့ကောင်လေးကိုလည်း မညာချင်တော့လို့ ဒီသီချင်းလေးကိုရွေးပေးရတာပါ။
Posted By မသိမ့်သိမ့်အေး (တာမွေ)
အချစ်ကိုလူတိုင်း ကိုယ်နားလည်သလိုအဓိပ္ပါယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ မိုးမြင့်လည်း လူတစ်ယောက်ကိုမျက်ဝန်းကနေတဆင့် မျှော်လင့်ချက်တွေပေးမိတယ်။ ဒါပေမယ့်သူ့ကိုမချစ်ရဲဘူး။ ချစ်လည်းမချစ်ချင်ဘူး။ ဘယ်တော့မှလည်းဖွင့်ဟမ၀န်ခံချင်ဘူး။ မြင်နေရုံနဲ့ပဲ နှစ်သိမ့်ပြီးတော့ထားခဲ့တာပါ။ ဒါပေမယ့်ဒီသီချင်းလေးကို နားထောင်လိုက်ရတဲ့အချိန်မှာပဲ ကိုယ့်မချင့်မရဲဖြစ်နေတာတွေကို သိစေချင်တဲ့ခံစားမှုလေးဖြစ်ပေါ်လာပါတယ်။ မိုးမြင့်လည်းဒီသီချင်းထဲကလိုပဲ သူ့ကိုမညာချင်တော့ပါဘူး။
Posted By မမိုးမြင့်သူဇာ (သန်လျင်)
သီချင်းရေးသူလည်း ကောင်းပါတယ်။ သီချင်းလေးဆိုတဲ့အဆိုတော်က မိန်ကလေးအဆိုတော်ဖြစ်ပေမယ့် ယောင်္ကျားလေးအနေနဲ့နားထောင်ကြည့်မယ်ဆိုရင် အရမ်းကိုကောင်းပါတယ်။ ကျွန်တော့်ခံစားချက်နဲ့လည်း ကိုက်ညီပါတယ်။ အချစ်စစ်နဲ့ချစ်တဲ့သူတိုင်း ခံစားဖူးတဲ့ခံစားချက်တွေကို တင်ပြထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးက ခံစားချက်ရှိသူတိုင်းနှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။
Posted By ကိုအေးဇော်ဖြိုး (၉ မိုင်)
ဒီသီချင်းလေးကို ဘာကြောင့်ကြိုက်ရလဲဆိုတော့ ဒီသံစဉ်နဲ့စာသားလေးကိုလည်း သဘောကျနှစ်သက်တယ်။ နောက်ပြီးတော့ ဒီသံစဉ်လေးက မNကိုင်ရာဆိုထားတာနဲ့လည်း အရမ်းကိုလိုက်ဖက်ညီတယ်။ ညီမတို့ချစ်သူနှစ်ဦးအတွက် အမှတ်တရဖြစ်တဲ့သီချင်းလေးတစ်ပုဒ်လည်း ဖြစ်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ညီမချစ်သူကို ဒီသီချင်းလေးနားထောင်ခိုင်းပြီးတော့ အဖြေပေးခဲ့လို့ပါ။
Posted By မမို့မို့ဇင် (လှည်းတန်း )
ညီမ အဖြေပေးဖို့စဉ်းစားနေတဲ့ ကောင်လေးတစ်ယောက်ကို ဒီသီချင်းလေးနားထောင်ပြီး အဖြေပေးဖို့စိတ်ကူးလိုက်မိပါတယ်။
Posted By မီချီကို (သင်္ဃန်းကျွန်း)
ကျွန်မရဲ့အဖြစ်အပျက်ကလည်း ဒီသီချင်းထဲကလိုပါပဲ။ ချစ်တဲ့ကောင်လေးကို ချစ်တယ်လို့ပြောချင်နေပေမယ့် မပြောရဲဘူးဖြစ်နေလို့ ဒီသီချင်းလေးဖွင့်ပြပြီး ချစ်တဲ့ကောင်လေးကို နားဆင်စေချင်ပါတယ်။
Posted By မဇင်ဝင်းမာ
ခံစားချက်က သူပေးတဲ့အခွေလေးထဲမှာ ဒီသီချင်းလေးကို ပထမဆုံးစပြီးတော့ နားထောင်ရတယ်ပေါ့နော်။ ပြီးတော့ သူ့ရဲ့အကြိုက်ဆုံးသီချင်းတစ်ပုဒ်လည်းဖြစ်တယ်။ သူနဲ့ မတွေ့ရရင်တောင်မှ ဒီသီချင်းလေးကို နားထောင်ရရင် သူရှိသလိုခံစားရတယ်။
Posted By မနေခြည်ရွှန်းလဲ့ ( စမ်းချောင်း)
ဒီသီချင်းလေးရဲ့သံစဉ်က ညီမအတွက်စွဲဆောင်မှုအတော်ရှိပါတယ်။ စာသားတွေကိုလည်း အတော်ကြိုက်ပါတယ်။ သီချင်းကို နားထောင်နေတဲ့အချိန်မှာ စိတ်ထဲမှာသီချင်းလေးနဲ့အတူ မျောသွားပါတယ်။
Posted By မအိဖူးငုံကျော် (ဒဂုံအရှေ့)
သီချင်းဆိုတဲ့ L ဆိုင်းဇီရဲ့အသံကိုလည်း ကြိုက်တယ်။ သီချင်းထဲက အဖြစ်အပျက်တွေက ညီမနဲ့အရမ်းတိုက်ဆိုင်နေတယ်။ ညီမလည်း ညီမရဲ့ချစ်သူကို ဒီသီချင်းထဲကလိုပဲ မညာချင်တော့ဘူး။
Posted By မဟေမာန်သီရိ (တောင်ဥက္ကလာ)
သမီးချစ်နေရတဲ့ သမီးရဲ့ချစ်သူကို မညာချင်တော့ပါဘူး။ နောက်ချစ်သူနဲ့အတူ အမြန်ဆုံးလည်းနီးစပ်ချင်ပါတယ်။ ပြုံးလိုက်လို့ရှိရင်လည်း အိမ်မက်ထဲမှာ ၀င်ဝင်လာမိတယ်။ ပြန်တွေးမိရင်လည်း အရမ်းရင်ခုန်တယ်။
Posted By ယုယ (လမ်းမတော်)
ဒီသီချင်းလေးကို နားထောင်လို့ရှိရင် ဧရာဝတီတိုင်းက ချစ်သူကို အရမ်းကိုသတိရမိပါတယ်။
Posted By မခိုင်သဇင်အောင် (MyanmarTimes Journal)