• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ၁၀စက္ကန့် Vol: 1
Song Title - မလွမ်းရဲသေးဘူး မောင်ရယ်
Vocalist - Lဆိုင်းဇီ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
အမက တော်ရုံတန်ရုံဆိုမလွမ်းချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမရဲ့နှလုံးသားကထိခိုက်လွယ်တယ်လေ။ ကွဲအက်လည်းလွဲတယ်ဆိုတော့ တော်ရုံတန်ရုံမလွမ်းချင်ဘူး။ အခုတစ်ပတ်ခရီးသွားလိုက်တာတောင်မှ တစ်ရက်ကိုတစ်ခါမျက်ရည်ကျရတယ်။ အဲ့ဒါကြောင့်မို့လို့ သူ့ကိုလွမ်းလည်းမလွမ်းချင်ဘူးပေါ့။ မလွမ်းရဲဘူးပေါ့။ ဒါကိုသူ့ကိုလည်း သိစေချင်တယ်ပေါ့။
Posted By မချောချောပြည့် (လှည်းတန်း )
မLဆိုင်းဇီရဲ့အသံလေးကိုလည်း အရမ်းကြိုက်တယ်။ ပြီးတော့အဲ့သီချင်းလေးက သမီးနဲ့အရမ်းတိုက်ဆိုင်တယ်။ သမီးရဲ့ခံစားချက်ကတော့ သမီးနဲ့သူနဲ့က ဘယ်တော့မှဆုံနိုင်တော့မှာ မဟုတ်တော့ပါဘူး။ သူ့အတွက်နဲ့လွမ်းခဲ့ရတဲ့နေ့တွေလည်း မနည်းခဲ့ပါဘူး။ သူ့ကိုချစ်နေသေးတာကိုတော့ သမီးရဲ့ကိုယ်စောင့်နတ်ကလွဲလို့ ဘယ်သူ့မှမသိနိုင်ပါဘူး။
Posted By မမြမြ၀င်း (စမ်းချောင်း )
ဒီသီချင်းလေးရဲ့ ခေါင်းစဉ်အဓိပ္ပါယ်၊ သီချင်းရဲ့သံစဉ်၊ စာသားလေးတွေကို အရမ်းကိုနှစ်သက်ပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်မိတဲ့အချိန်မှာ ကျွန်မရဲ့ရင်ထဲကခံစားချက်တွေကို ဖော်ထုတ်ပေးလိုက်သလိုဖြစ်တဲ့အတွက် ဒီသီချင်းလေးကိုရွေးပေးမိတာပါ။
Posted By မပြုံးပြုံးကြည် (ကြည့်မြင်တိုင်)
ညီမရဲ့ချစ်သူက ညီမနဲ့တွေ့တိုင်းလမ်းခွဲဖို့အကြောင်းပဲ ပြောတယ်။ ညီမကလည်း သူ့ကိုမခွဲနိုင်ဘူး။ ပြီးတော့လွမ်းလည်း မလွမ်းရဲသေးဘူး။ အဲ့ဒါကြောင့်မို့လို့ ဒီသီချင်းနဲ့တိုက်ဆိုင်လို့ ရွေးပေးရတာပါ။
Posted By မပပ၀င်း (ရန်ကင်း )
သီချင်းလေးနဲ့ ညီမရဲ့အဖြစ်အပျက်က အရမ်းကိုတိုက်ဆိုင်မှုရှိပါတယ်။ ဒီသီချင်းလေးက ညီမအတွက်ခံစားလို့ အရမ်းကောင်းတဲ့သီချင်းလေးတစ်ပုဒ်ပါ။ Lဆိုင်းဇီရဲ့အသံကလည်း ဒီသီချင်းလေးရဲ့စာသားနဲ့ အရမ်းလိုက်တဲ့အပြင် VCD ကြည့်လိုက်တဲ့အခါမှာလည်း Lဆိုင်းဇီရဲ့ mood ကိုအရမ်းကြိုက်မိပါတယ်
Posted By မဌေးဌေးဝင်း (ထောက်ကြန့် )
ဒီသီချင်းလေးက ညီမနဲ့အရမ်းကိုတိုက်ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြိုးမှာဆယ်တန်းနှစ်ကတည်းက တဖက်သတ်ကြိုက်နေတဲ့လူတစ်ယောက်ရှိတယ်။ အဲ့လူကလည်းဖြိုးကြိုက်နေတာကို ကြိုက်တယ်။ ဒါပေမယ့် ဖြိုးကိုတော့ပြန်မကြိုက်ပါဘူး။ အဲ့တစ်ယောက်မှာအခုရည်းစားရှိသွားတဲ့အတွက် အရင်ကလိုမဟုတ်တော့ဘူး။ မလွမ်းရဲတော့ပါဘူး။ သီချင်းထဲကအတိုင်းပါပဲ။
Posted By မဖြိုးပြည့်ဇော် (မင်္ဂလာတောင်ညွှန့်)
ဒီသီချင်းလေးကို နားထောင်လိုက်ရင် အိမ်ရှေ့မျက်စောင်းထိုးကအစ်ကိုကြီးကို သတိရမိတယ်။ အဲ့အစ်ကိုကြီးက အစ်မရှေ့ကဖြတ်လျှောက်သွားရင် အဲ့သီချင်လေးကို မကြားတကြားဆိုနေမိပါတယ်။
Posted By ဒေါ်အေးမင်းသက် (တက္ကသိုလ်ရိပ်သာလမ်းဟောင်း)
ကျွန်မအရမ်းချစ်ရတဲ့သူက ကျွန်မကိုခွဲခွာသွားလို့ ဒီသီချင်းလေးနဲ့အတူ ဖြေသိမ့်နေရပါတယ်။
Posted By မတင်ကိုကိုအောင် (တောင်ဒဂုံ)
လွမ်းဆွေးရမှာကို အရမ်းကြောက်လို့ ဒီသီချင်းလေးရဲ့ခေါင်းစဉ်ကိုကြားရုံနဲ့ ကြိုက်မိပါတယ်။
Posted By မအေးအေးခိုင် (တောင်ဥက္ကလာ)
ဒီသီချင်းလေးထဲက စာသားတွေအတိုင်း သူတို့မှာတိုက်ဆိုင်မှုတော့ မရှိပါဘူး။ ဒါပေမယ့် Lဆိုင်းဇီရဲ့အသံကိုကြိုက်လို့ ဒီသီချင်းလေးကို ရွေးပေးထားရပါတယ်။
Posted By မစောသီရိနိုင်၊ မနန္ဒာ၊ မချောသန့်စင်၊ မကဗျာ
ကျွန်မတို့ ချစ်သူနှစ်ဦးက အခုတော့ခဏတာလေးဝေးနေရတယ်။ ဒါကြောင့်ဒီသီချင်လေးနားထောင်ပြီး ခဏတော့အလွမ်းဖြေနေရတယ်။
Posted By မခိုင်သင်္ကြန်ဦး (မင်္ဂလာတောင်ညွန့်)
ဒီသီချင်းလေးက မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို ပေါ်လွင်စေတယ်။ ထားခဲ့မှာကြောက်တဲ့မိန်းကလေးတွေရဲ့စိတ်ကို ချစ်သူယောင်္ကျားလေးတွေကိုလည်း သိစေချင်ပါတယ်
Posted By မပိတောက်မေ (ရန်ကင်း)
သီချင်းလေးကို သမီးရဲ့တစ်ယောက်သောသူကို အမြဲတမ်းနားထောင်စေချင်ပါတယ်။ ဒီသီချင်းလေးနားထောင်တိုင်း မျက်ရည်ဝဲမိပါတယ်။
Posted By မတွယ်တာလင်း(ခ)ရွှေရည် (မရမ်းကုန်း)
ကျွန်မမှာအရမ်းပဲချစ်ရတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။ ဒီသီချင်းလေးကိုကြားတိုင်း ကျွန်မချစ်သူက ကျွန်မကိုထားသွားမလားဆိုပြီး စိုးရိမ်စိတ်တွေခဏခဏ၀င်နေပါတယ်။ သီချင်းထဲကကောင်မလေးလို ဖြစ်မှာကိုလည်း အရမ်းစိုးရိမ်ပါတယ်။ ဒါကြောင့်ကျွန်မရဲ့ချစ်သူကို ဒီအစီအစဉ်လေးကနေတဆင့် ကျွန်မကိုအလွမ်းတွေမပေးပါနဲ့။ အလွမ်းတွေပေးဖို့ ကြိုးစားနေတယ်ဆိုရင်လည်း ဒီသီချင်းထဲကအတိုင်း မလွမ်းရဲသေးဘူးမောင်ရယ်လို့ ပြောချင်ပါတယ်။
Posted By မနေခြည်ဝင့်ဝါ (ကြည့်မြင်တိုင်)
ညီမက Lဆိုင်းဇီရဲ့သီချင်းလေးကိုလည်း ကြိုက်ပါတယ်။ အမြဲတမ်းလိုပဲ နားထောင်ဖြစ်ပါတယ်။ သူ့သီချင်းလေးတွေ နားထောင်လိုက်လို့ရှိရင် အမြဲတမ်းနားထောင်လို့လဲကောင်းတယ်။ သီချင်းရဲ့စာသားလေးကလည်း ညီမရဲ့ခံစားချက်နဲ့လည်း ကိုက်ညီတော့ ဒီသီချင်းလေးကိုနှစ်သက်ပါတယ်။ ဒီသီချင်းလေးနဲ့ပဲ ညီမရဲ့အဝေးရောက်နေတဲ့ချစ်သူကိုပဲ အမြဲတမ်း လွမ်းနေရပါတယ်။
Posted By မမာလာနွယ်
သီချင်းလေးကို စနားထောင်တုန်းကတော့ သိပ်မကြိုက်ဘူး။ နားထောင်ရင်းနဲ့မှ အရမ်းလည်းကောင်းတယ်။ အရမ်းလည်းသနားဖို့ကောင်းတယ်။ သူဆိုတဲ့အသံနဲ့လည်းလိုက်တယ်။ နောက်အဲ့ထဲမှာကြိုက်တဲ့တစ်ကြောင်းကတော့ တို့တွေဘယ်လိုစိမ်းရမှာလဲ အဲ့ဒါလေးကိုပိုကြိုက်တယ်။
Posted By မခင်သန္တာ (ဆယ်မိုင်)
ကျွန်မရဲ့ခံစားချက်နဲ့ ဒီသီချင်းလေးက ထပ်တူဖြစ်နေပါတယ်။ ခဏနဲ့မထားခဲ့ပါနဲ့ဆိုတဲ့စာသားလေးကို ကြားလိုက်ရတဲ့အချိန်မှာ အရမ်းကိုငိုချင်စိတ်ပေါက်လာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့လက်ရှိချစ်နေရတဲ့ချစ်သူက ထားသွားမှာစိုးရိမ်လို့ပါ။
Posted By မဇင်မာချို (သာကေတ )
သီချင်းရဲ့စာသားတွေက ခံစားချက်နဲ့တိုက်ဆိုင်နေတယ်။ အခုလောလောဆယ် ချစ်သူကအဝေးကိုသွားတော့မှာဆိုတော့ တစ်ယောက်တည်းကျန်ခဲ့ရမှာကို မတွေးရဲဘူး။ လွမ်းလည်းမလွမ်းရဲဘူး။
Posted By မချမ်းမြမြအောင် (ရန်ကင်း )
ဒီသီချင်းလေးကို နားထောင်ပြီးတဲ့အခါ ကျွန်မရင်ထဲမှာ ဖော်မပြနိုင်လောက်အောင် ခံစားမှုကိုရရှိခဲ့ပါတယ်။ ဒီသီချင်းထဲမှာပါတဲ့ မဆုံနိုင်တဲ့အကြောင်းဆိုတဲ့စာသားလေးက ကျွန်မနဲ့တိုက်ဆိုင်ခဲ့ပါတယ်။ ပြီးတော့ မလွမ်းရဲသေးဘူးမောင်ရယ်ဆိုတဲ့ စာသားလေးကလည်း ကျွန်မအရမ်းခံစားရပါတယ်။
Posted By မအိအိခိုင် (လှည်းတန်း )
ညီမမှာလည်း မဆုံနိုင်တဲ့အကြောင်းတွေရှိခဲ့ဖူးပါတယ်။ ဘာသာမတူတာလေးတစ်ခုကြောင့် ဝေးရတယ်ဆိုတဲ့အသိနဲ့ ညီမရဲ့ချစ်သူကို စွန့်လွှတ်ခဲ့ရတာပါ။ ဒီသီချင်းလေးကိုနားထောင်မိတိုင်း ရင်ထဲမှာဝမ်းနည်းပြီးငိုချင်လာပါတယ်။ ဖြစ်နိုင်ရင်သူနဲ့မခွဲချင်ပါဘူး။ လွမ်းလည်းမလွမ်းချင်ပါဘူး။
Posted By မမြတ်မြတ်မွန် (စမ်းချောင်း )
သီချင်းရဲ့စာသားနဲ့ အဆိုရှင်ရဲ့သီဆိုပုံကို အရမ်းကြိုက်ပါတယ်။ နားထောင်လို့ကောင်းတဲ့သီချင်းလေးတစ်ပုဒ်ပါ။ နောက်ဘယ်သူ့ကိုမှ မပြောချင်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်။ ကျွန်မ အခုချစ်နေတဲ့ကောင်လေးက တစ်ချိန်ချိန်မှာထားခဲ့မှာကို ကြိုပြီးသိနေပါတယ်။
Posted By မနန်းမို့မို့အောင် (တာမွေ )
ဒီသီချင်းလေးထဲက စာသားအကုန်လုံးကိုကြိုက်ပါတယ်။ အမရဲ့ခံစားမှုနဲ့လည်း တိုက်ဆိုင်မှုရှိပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီးတော့ အမရဲ့ချစ်သူက အမကိုထားသွားမလားဆိုပြီးတော့ စိုးရိမ်စိတ်တွေဖြစ်လာပါတယ်။ ဒီသီချင်းလေး ခေါင်းစဉ်လေးအတိုင်းပဲ မလွမ်းရဲသေးဘူးဆိုတာကို သိစေချင်ပါတယ်။ အမရဲ့ချစ်သူလည်း ဒီသီချင်းလေးကိုနားထောင်ပြီးတော့ အမရဲ့ခံစားချက်ကို နားလည်ပေးစေချင်ပါတယ်။ ခံစားချက်အပြည့်နဲ့သီဆိုပေးတဲ့ မLဆိုင်းဇီကိုလည်း ကျေးဇူးတင်ပါတယ်။
Posted By မအေးအေးမော် (တောင်ဥက္ကလာ )
ဒီသီချင်းလေးက နည်းနည်းကိုယ့်ရဲ့စိတ်နဲ့ တိုက်ဆိုင်မှုရှိတယ်။ ပြီးတော့ Lဆိုင်းဇီရဲ့သီချင်းလေးကို ကြိုက်လည်းကြိုက်တယ်။ အသံလေးနဲ့လည်း လိုက်ဖက်မှုရှိတယ်ပေါ့။ ဒီအချိန်မှာ လမ်းခွဲဖို့အတွက်ရည်ရွယ်နေတဲ့ချစ်သူကိုပေါ့ ဒီသီချင်းလေးကို နားထောင်ပြီးတော့ ခံစားစေချင်လို့ပါ။
Posted By မမြတ်သီတာ (စမ်းချောင်း )
ညီမရဲ့ခံစားမှုက သီချင်းလေး ခေါင်းစဉ်အတိုင်းပါပဲ။ ကိုယ်ကချစ်ရတဲ့သူကို ဘယ်တော့မှမလွမ်းချင်ဘူး။ မဆုံနိုင်တဲ့ အကြောင်းရင်းတွေကို တွေးတောင်မတွေးရဲဘူးဆိုပြီး ရေးပေးထားတယ်လေ။
Posted By မသစ္စာ (လှိုင် )
ဒီသီချင်းလေးက ချစ်မိတဲ့လူတစ်ယောက်ရဲ့ခံစားချက်ကို စပ်ဆိုထားလို့ ကြိုက်တာပါ။ အကြောင်းအမျိုးမျိုးကြောင့် ချစ်တဲ့သူနှစ်ဦးသာ ဝေးသွားမယ်ဆိုရင်၊ ဒါမှမဟုတ် ချစ်တဲ့သူက နောက်ထပ်အသစ်ကိုတွေ့သွားမယ်ဆိုရင် အရမ်းကို ကြေကွဲရမှာပါ။
Posted By ဖူးဖူး (တာမွေ )
ဒီသီချင်းထဲက စာသာလေးတွေ အကုန်လုံးကို အရမ်းကြိုက်ပါတယ်။ ကျွန်မမှာ အဲ့လို ခံစားချက် မျိုးမရှိပေမယ့် ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင် ချစ်သူပြစ်သွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ခံစားချက်ကို ခံစားမိပါတယ်။
Posted By ထက်ထက်ဦး (သာကေတ )
ဒီသီချင်းလေးကိုလေ နားထောင်ပြီးတော့ ညီမရဲ့ချစ်သူက ညီမကိုထားသွားမလားလို့ စိုးရိမ်မိတယ်။ ညီမရဲ့ချစ်သူကို ဒီသီချင်းထဲကလိုပဲ မလွမ်းရဲသေးဘူးဆိုတာ သိစေချင်တယ်။ ပြီးတော့ ညီမရဲ့ ချစ်သူလည်း ဒီသီချင်းလေးကို နားထောင်ပြီးတော့ ညီမအပေါ် နားလည်ပေးပါလို့ တောင်းဆို ချင်ပါတယ်။
Posted By မခိုင်ခိုင်ဦး (မြေနီကုန်း )
ကျွန်မဆီမှာလည်း ဒီသီချင်းထဲကလိုပဲ မကြာခင်မှာလွမ်းရတော့မယ့် ချစ်သူတစ်ယောက်ရှိပါတယ်။ အဲ့တော့ဒီသီချင်းလေးကို ကြားလိုက်ရရင် မျက်ရည်ဝဲမိပါတယ်။
Posted By သက်ထားဆွေ (မရမ်းကုန်း)
ကျွန်တော့်မှာလည်း အရမ်းချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ အဲ့ဒီကောင်မလေးကို အကြောင်းတစ်ခုကြောင့် လမ်းခွဲမလို့ကြံစည်တုန်း ဒီသီချင်းလေးကို ကျွန်တော်ကဖွင့်ပြလိုက်ပါတယ်။ ကောင်မလေးနဲ့ တကယ်လည်းလမ်းခွဲပြီးရော ဒီသီချင်းလေးကို ညစဉ်ညတိုင်းနားထောင်မိပါတယ်။ ဒီသီချင်းလေးကို နားထောင်မိတိုင်း ကောင်မလေးရဲ့မျက်နှာကို မြင်ယောင်လာပြီး အရမ်းကိုခံစားရပါတယ်။
Posted By ကိုကျော်ဝင်းထွန်း (သာကေတ)
ဒီသီချင်းက ညီမရဲ့ခံစားချက်ကို စောင်းပြီးတော့ရေးထားသလို ခံစားရပါတယ်။ သီချင်းခေါင်းစဉ်ထဲက အတိုင်း အဲ့လိုအလွမ်းတွေနဲ့ မကြုံချင်ပေမယ့် အခုတော့လည်း အလွမ်းတွေနဲ့ ကြုံနေရပါတယ်။
Posted By မမီ (သာကေတ)
ဒီသီချင်းကို ကျွန်မရဲ့ခံစားချက်နဲ့ညီလို့ ကြိုက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီသီချင်းလေးက Karaoke ဆိုရင် ဆိုလို့ကောင်းလို့ ကြိုက်တာပါ။
Posted By သဲစုဝင်းဝါ (သုဝဏ္ဏ)