• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - Happy Sai Sai Birthday
Song Title - တောဂေါ်လီ
Vocalist - စိုင်းစိုင်းခမ်းလှိုင်၊ ဂျွန်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ပထမဦးဆုံးတော့ အကုန်လုံးကိုနားထောင်ခဲ့တာပဲ။ စိုင်းစိုင်းထွက်တဲ့အခွေတွေု နားထောင်တယ်။ ဒါပေမယ့် သိပ်ပြီးတော့မထင်ရှားဘူး။ အကုန်လုံးကိုတော့ ကြိုက်တယ်၊ ကြိုက်တယ်ပေါ့နော်။ ထားလိုက်တယ်။ Last year december လောက်တုန်းက တောကိုသွားတယ်ကွာ။ တောကိုရောက်တော့ တောကလူတွေရဲ့ အစ်ကိုတွေမောင်တွေကို ကြည့်လိုက်တော့ သူတို့တွေက၊ ဒီလူငယ်တွေက သူတို့ Character နဲ့အတူတူပဲ။ သူတို့ဒီဟာကို မြင်ပြီးရေးးထားသလိုပဲ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါကိုကြိုက်ဖြစ်သွားတာပါ။
Posted By စိုးဖြူလင်း (ရွှေဂုံတိုင်)
ဒီသီချင်းလေးကို နားထောင်တဲ့အခါ စိတ်ထဲမှာပေါ့သွားပြီးတော့ လွတ်လပ်မှုကိုခံစားရတယ်။ သီချင်းကအဓိပ္ပါယ်လည်းရှိတယ်။ သံစဉ်နဲ့စာသားက မြူးကြွပြီးတော့ တကယ့်တောသဘာဝနဲ့လည်း ကိုက်ညီတယ်လို့ ခံစားမိတယ်
Posted By မထက်ထက်အောင် (မရမ်းကုန်း)
ဒီသီချင်းကို နားထောင်လိုက်လို့ရှိရင် စိတ်ထဲမှာအလိုလိုကချင်လာပါတယ်။ သီချင်းစာသားလေးတွေကို သိပ်မရသေးပေမယ့် အခုထက်ထိကျက်ပြီး လိုက်ဆိုလို့ကောင်းတုန်းပါပဲ
Posted By ဘိုကြီး (ကြည့်မြင်တိုင)
သီချင်းလေးက မြူးလို့ပါ
Posted By ဇော်မင်းထွန်း၊ ပြည့်စုံအောင်၊ သိန်းထိုက်စိုး၊ ၀ဏ္ဏထွန်း
ဒီသီချင်းလေးထဲမှာ မျက်လုံးထဲမှာ မြင်စရာတွေအများကြီးရှိတဲ့ထဲက ထူးထူးခြားခြားမြင်မိတာက တောသဘာဝလုံမပျိုငယ်လေးတွေရဲ့ ရေခတ်ဆင်းတဲ့ပုံစံကိုပါပဲ။ အဲ့လိုမြို့ကလူငယ်တွေမမြင်နိုင်တဲ့ တောသဘာဝ၊ တောအလှတရားတွေကို စိုင်းစိုင်းခမ်းလှိုင်က မြင်အောင်ရေးပေးထားနိုင်တဲ့အတွက် စိုင်းစိုင်းကိုချီးကျူးမိပြီး ဒီသီချင်းလေးကို အရမ်းကြိုက်မိပါတယ်။
Posted By ကိုသုတဇော်
Hip Hop ကိုကလေးငိုသံလောက်တောင် နားဝင်မချိုဘူးဆိုတဲ့နယ်တွေမှာတောင် အခုလူတိုင်းရဲ့ပါးစပ်ဖျားမှာ စိုင်းစိုင်းရဲ့တောဂေါ်လီသီချင်းလေးကို ကြားနေရပါပြီ။ ဒါတွေက စိုင်းစိုင်းရဲ့ထူးခြားတဲ့အရည်အချင်းတွေပါ။
Posted By မဂျူးဂျူး
ဒီသီချင်းလေးက မြူးလည်းမြူးတယ်။ အရမ်းလည်းရီရပါတယ်။ သီချင်းလေးကိုနားထောင်လိုက်လို့ရှိရင် တောသားခပ်ကဲက ကောင်လေးတစ်ယောက်ရဲ့နေပုံထိုင်ပုံကို ရုပ်ရှင်ကြည့်နေရသလို ကွင်းကွင်းကွက်ကွက်မြင်ယောင်လာမိပါတယ်။ နောက်ပြီးစာသားလေးကလည်း အပိုအလိုမရှိကွက်တိ၊ ကာရန်ကလည်းမိလွန်းလှပါတယ်။ စိုင်းစိုင်းကိုလည်း အရမ်းကိုလေးစားမိပါတယ်။
Posted By ကိုအောင်ထွဋ်ခေါင်
ဒီသီချင်းလေးနားထောင်ရတာ ပျော်တယ်။ ပြီးတော့ရွာမှာပေါ့ တောရွာမှာဖြစ်ပျက်နေတဲ့ တောသဘာဝရယ်၊ တောကလူငယ်တွေ မြို့စတိုင်နဲ့နေထိုင်တယ်။ တောကလူကြီးတွေနဲ့ ဖြစ်ပျက်နေတာတွေကပေါ့နော် လူကြီးနဲ့လူငယ်ကြားမှာ မရိုင်းစေဘဲနဲ့ ပျော်စရာကောင်းနေသလိုမျိုး အဲ့ဒါကြောင့်မို့လို့ အမကြိုက်တယ်။
Posted By မချောစုမြတ် (လှည်းတန်း )