• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - မင်းအတွက် ၂
Song Title - နင်ဟာ ငါ့ရဲ့
Vocalist - ရဲလေး
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ကျွန်တော့်မှာ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူ့အတွက်တော့ အဲ့ဒီကောင်မလေးက လမင်းလေးပါပဲ။ ဒါပေမယ့် ကောင်မလေးရဲ့မိဘတွေက ကျွန်တော့်ကိုလုံးဝသဘောမကျဘူး။ ရည်းစားများတယ်လို့လဲ ထင်ကြတယ်။ နောက်ပြီးတော့ ကျွန်တော်ရည်းစား မများတဲ့အကြောင်း၊ ကျွန်တော်ကောင်မလေးကို အရမ်းချစ်တဲ့အကြောင်း ဒီသီချင်းလေးဖွင့်ပြပြီး ပြောပေးပါ။
Posted By ကိုအောင်နိုင်လှစိုး (သာကေတ)
သမီးက ကိုရဲလေးရဲ့ ပရိတ်သတ်တစ်ယောက်ပါ။ သူဆိုတဲ့သီချင်းတွေအကုန်လုံးကိုလည်း ကြိုက်တယ်။ ဒီသီချင်းက သံစဉ်နဲ့စာသားက ပိုကောင်းလို့ရွေးပေးလိုက်တာ။ ကိုရဲလေးကိုလည်း ဒီထက်မကအောင်မြင်အောင် ဆုတောင်းပေးချင်ပါတယ်။
Posted By ယမုံ (တာမွေ)