• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - အတိုင်းထက်အလွန်
Song Title - မျဉ်း
Vocalist - နောနော်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးရဲ့ အဖြစ်အပျက်က ဒီသီချင်းထဲကအတိုင်းပါပဲ။ ဥပမာတစ်ခုကိုပြောရရင်တော့ ကျွန်တော်ကရေခဲသုတ်ကို အရမ်းကြိုက်တယ်။ ကောင်မလေးက ကော်ဖီကိုအရမ်းကြိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်က တစ်ယောက်ကြိုက်တာကို တစ်ယောက်ကလိုက်ပြီးစားလို့မရဘူး။ အဲ့လိုမျိုးအသေးစိတ်ကစပြီးတော့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ စောစောစီးစီး ဖြတ်ပြစ်လိုက်ပါတယ်။
Posted By ညီညီဇော် (အင်းစိန်)
ကျွန်တော့်ကောင်မလေးနဲ့ ကျွန်တော်နဲ့က အရမ်းကိုအကြိုက်ချင်းတူပြီးတော့ စိတ်သဘောထားချင်းကလည်း တစ်ထပ်တည်းပါပဲ။ ဒီသီချင်းကို ကြားလိုက်တဲ့အခါကျတော့ ဒီလိုမျိုးစုံတွဲတွေလည်း အပြင်မှာရှိသေးပါလားဆိုပြီး အံသြမိပါတယ်။
Posted By စိုးပြည့်(ခ)အောင်ကိုမင်း (သုဝဏ္ဏ)
ဒီသီချင်းလေးက သမီးရဲ့ခံစားချက်နဲ့ အရမ်းတိုက်ဆိုင်လို့ပါ။ သမီးနဲ့ သမီးချစ်သူကလည်း အပြင်မှာမျဉ်းပြိုင်နှစ်ကြောင်းလို အမြဲပဲသဘောထားက မတူကြဘူး။ ညှိနှိုင်းလို့လဲ မရလို့ပါ။ ဒါကြောင့်ဒီသီချင်းလေးကို ရွေးပေးရတာ ဖြစ်ပါတယ်။
Posted By ဥမ္မာခင် (ဗဟန်း)