• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ၁၀ စက္ကန့် Vol (1)
Song Title - ပြန်လာခွင့် ပေးထားတယ်
Vocalist - ရှင်ဖုန်း
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ညီမကို ထားသွားတဲ့ ညီမရဲ့ချစ်သူကို ဘယ်တော့မှပြန်လာခွင့်မပေးတော့ဘူးလို့ စိတ်ကူးထားပေမယ့် ဒီသီချင်းကို နားထောင်ပြီးတဲ့နောက်မှာ ညီမရဲ့စိတ်တွေက တစ်မျိုးပြောင်းသွားတယ်
Posted By မီချီကို (သင်္ဃန်းကျွန်း)
ဒီသီချင်းနဲ့ တိုက်ရိုက်တူညီတဲ့ ခံစားမှုတော့မရှိပါဘူး။ ဒါပေမယ့် ဒီသီချင်းလေးက မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို အမှန်တကယ်ဖော်ပြပေးနိုင်လို့ ကြိုက်ရတာပါ
Posted By သဲစုဝင့်ဝါ (သုဝဏ္ဏ )
ရှင်ဖုန်းရဲ့အသံနဲ့ သီချင်းရဲ့စာသားလေးတွေကို ကြိုက်တယ်။ ကိုယ့်ကိုထားသွားတဲ့လူတစ်ယောက်ကို စိတ်မနာဘဲ ချစ်နေတာကိုလည်း သနားမိတယ်။ အဲ့လိုအချစ်မျိုးနဲ့ ကြုံရမှာကိုတော့ ကြောက်တယ်။
Posted By မမြတ်သန္တာစိုး (ကမာရွတ်)
ညီမနဲ့ ညီမချစ်သူက အခုချိန်မှာလမ်းခွဲသွားပေမယ့် ညီမရဲ့အနားမှာ ညီမရဲ့ချစ်သူကို အမြဲတမ်းပဲခေါ်ထားချင်ပါတယ်။ တကယ်တမ်း ညီမရဲ့အနားကို တစ်ချိန်ကျရင်ပြန်လာမယ်ဆိုရင် အချိန်တွေဘယ်လောက်ပဲကြာကြာ သူ့နှလုံးသားတံခါးက အမြဲတမ်းဖွင့်ထားလျက်ပါ။ ချစ်သူကို ပြန်လာခွင့်ပေးထားပြီးသားပါ။
Posted By မငြိမ်းငြိမ်း (တောင်ဥက္ကလာ )
ကိုယ့်အပေါ် ဘယ်လောက်ပဲမချစ်နိုင်၊ နားမလည်နိုင်ပါစေ။ အရာအားလုံးကို ခွင့်လွှတ်ပြီး ချစ်သူအပေါ်အမြဲတမ်း အပြစ်မတင်ရက်ဖြစ်နေတဲ့ မိန်းမသားတွေရဲ့ဘ၀ကို ပေါ်လွင်စေတဲ့သီချင်းလေးမို့လို့ ဒီသီချင်းလေးကို ကြိုက်တာပါ။
Posted By မသီရိစိုး (အလုံ)