• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ၁၀ စက္ကန့် Vol (1)
Song Title - မင်းအတွက်ဆိုရင်
Vocalist - ဇော်ပိုင်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးရဲ့ စာသားကအရမ်းကိုအဓိပ္ပါယ်ရှိပြီး အရမ်းကိုနူးညံနေပါတယ်။ သီချင်းလေးရဲ့စာသားက ကောင်းသလို ဆိုပေးတဲ့အဆိုတော်ကလည်း ကျွန်တော်အကြိုက်ဆုံးအဆိုတော်ဖြစ်လို့ ဒီသီချင်းလေးကို ရွေးပေးရတာပါ
Posted By အောင်ကိုမင်း (သုဝဏ္ဏ)
သီချင်းလေးရဲ့ သံဇဉ်ရော၊ စာသားရောကို ကြိုက်ပါတယ်။ ဘယ်လောက်ထိ ကြိုက်သွားလဲဆိုရင် သီချင်းရဲ့စာသားတွေကိုတောင် ထိုင်ပြီးတော့အလွတ်ရအောင် ကျက်ခဲ့မိတယ်။
Posted By မမြတ်မြတ်ခင်
ဒီသီချင်းလေးက တခြားသီချင်းတွေနဲ့ပုံစံမတူဘူး။ တစ်မျိုးတစ်ဘာသာခွဲထွက်နေတဲ့အတွက် အရမ်းကိုကြိုက်မိပါတယ်။ သီချင်းလေးရဲ့ သံစဉ်လေးတွေက အရမ်းကိုနူးရွပြီးတော့ ဇော်ပိုင်ရဲ့အသံကလည်း အရမ်းကိုချိုပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်တိုင်း စိတ်ထဲမှာပျော်ရွှင်မှုကို ရရှိစေပါတယ်။
Posted By ကိုမိုး (ဒဂုံ)
သီချင်းစာသားတွေက ကျွန်တော့်ရဲ့ခံစားချက်နဲ့တူညီတယ်။ ပြီးတော့အဖြစ်အပျက်ခြင်းကလည်း တစ်ပုံစံတည်းလိုပဲပေါ့။ အဲ့လိုအတူတူဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်က ကိုဇော်ပိုင်ရဲ့ Crazy ဆိုတော့ ကိုဇော်ပိုင်ရဲ့အသံကိုလည်း အရမ်းကြိုက်တယ်။ အဲ့သီချင်းထဲက တယောသံကိုလည်း ကျွန်တော်ကကြိုက်တယ်။ ကျွန်တော့်မှာလည်း ငယ်ငယ်လေးကတည်းက ခင်လာတဲ့သူငယ်ချင်းကောင်မလေးရှိတယ်။ ဖွင့်မပြောရဲဘူး။ ဒါပေမယ့်တစ်ခါတစ်လေကျရင်တော့ ဒီသီချင်းကိုသူ့ရှေ့မှာ ဆိုပြဖြစ်တယ်။
Posted By ဒီရေတိုး
ကျွန်မမှာ အရမ်းခင်ရတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ အရင်ကတော့ခင်ရုံသက်သက်ပါပဲ။ ခုနောက်ပိုင်းမှာတော့ ခင်မင်တာထက်ပိုလာကြတယ်။ ဒါပေမယ့်တစ်ယောက်နဲ့ တစ်ယောက်က ဖွင့်မပြောဘဲနေခဲ့ကြတယ်။
Posted By မပွင့်ဖြူသင်း (မရမ်းကုန်း)
ကျွန်တော့်ကောင်မလေးကို ကျွန်တော့်အချစ်တွေကို အမြဲတမ်းသူ့အတွက်ပဲ ဖြစ်နေချင်တယ်။ ဒါပေမယ့် သူကသိလျက်နဲ့ သူငယ်ချင်းအဖြစ်ပဲနေချင်တယ်။ ကျွန်တော်က နီးစပ်ခွင့်ရချင်တယ်လေ။
Posted By ကိုကျော်လင်းဦး (ကမာရွတ်)
ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင် ညီမစိတ်ဝင်စားနေတဲ့ သူငယ်ချင်းကောင်လေးက ညီမကို ရည်းစားစကားပြောနေသလိုမျိုးပဲ ခံစားမိပါတယ်။
Posted By ဇာခြည်လင်း (အင်းစိန်)
ကျွန်မချစ်သူနဲ့ ကျွန်မ မကြာခင်မှာ သီချင်းထဲကအတိုင်းပြန်ကိုဆုံချင်ပါတယ်။ သီချင်းတစ်ပုဒ်လုံးထဲမှာ ညီမအကြိုက်ဆုံးသီချင်းစာသားလေးက မကြာခင်ပြန်ဆုံပါရစေဆိုတဲ့စာသားလေးပါ
Posted By မဝေလွင်ဦး (တောင်ဥက္ကလာ )
ဒီသီချင်းလေးက ချစ်သူလာမည့်လမ်းမှာ ပန်းလေးတွေခင်းထားပေးမယ်ဆိုရင် ကောင်မလေးသူ့ဆီလာမှာလားလို့ မေးထားတဲ့သီချင်းလေးပါ။ ညီမသာ အဲ့လိုအမေးခံရတဲ့ကောင်မလေးသာဆိုရင် ပန်းလေးတွေပေါ်မှာ လမ်းလျှောက်ပြီး ညီမချစ်သူဆီကို အရောက်သွားမှာပါ။
Posted By ခင်သူဇာလှိုင် (မရမ်းကုန်း )
လူတိုင်းက ခံစားချက်တူလို့ သီချင်းကိုကြိုက်ကြတာပေါ့။ ဒီသီချင်းကိုဘာလို့ကြိုက်သွားလဲဆိုတော့ ဒီသီချင်းထဲကစာသားလေးတွေက အရမ်းကောင်းတယ်ပေါ့။ ဘာလို့လဲဆိုတော့ အဲ့ထဲမှာစာဘယ်လိုရေးထားလဲဆိုတော့ ကိုယ်ချစ်နေတဲ့ကောင်မလေးတစ်ယောက်ကို ဇွတ်အတင်းယူဖို့မကြိုးစားဘဲနဲ့ ခွင့်လွှတ်အနစ်နာခံတဲ့အကြောင်းနဲ့ရေးထားတာကို။ ကျွန်တော့်ခံစားချက်နဲ့လည်း ကိုက်ညီတယ်လေ။
Posted By ဇော်မျိုးသန့်  (တာမွေ )
အဲ့သီချင်းရဲ့စာသားတွေကိုလည်း ကြိုက်တယ်။ ကျွန်မနဲ့လည်း အများဆုံးတိုက်ဆိုင်လို့ပါ။ ပြီးတော့မိန်းကလေးတစ်ယောက်ရဲ့ဘ၀ကို ပန်းနဲ့တင်စားထားတာဆိုတော့ အရမ်းအဓိပ္ပါယ်ရှိတယ်လေ။
Posted By မရင်ရင်မော် (ကန်လမ်း )
ကျွန်မမှာ တစ်ဖက်သတ်ရင်ခုန်နေရတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရှိပါတယ်။ အဲ့သူငယ်ချင်းကောင်လေးက အဲ့သီချင်းလေးကိုဖွင့်ပြလာတော့ အရမ်းပဲပျော်မိပါတယ်။
Posted By မခင်စန်းဝင်း (သဃ်န်းကျွန်း )
သီချင်းထဲက စာသားတွေအကုန်လုံးကိုကြိုက်ပါတယ်။ အထူးသဖြင့် မကြာခင်ပြန်ဆုံပါရစေဆိုတဲ့ စာသားလေးကို ပိုပြီးကြိုက်ပါတယ်။
Posted By မောင်မောင် (ပန်းဘဲတန်း )
ဒီသီချင်းရဲ့သံစဉ်နုနုလေးတွေကို အရမ်းကြိုက်တယ်။ ဇော်ပိုင်ရဲ့အသံကိုလည်း ကြိုက်တယ်ဆိုပြီးတော့ ဖြည့်ပေးထားကြသေးတယ်။
Posted By ပန်းစံပယ်လှိုင်၊ ဖြိုးသန္တာအောင်၊ အိပြည့်ပြည့်ထွန်း၊ သက်လျာဝင်း၊ မိုးမိုးနွယ်၊ နှင်းနွယ်လှိုင်
သီချင်းလေးက နေရာ၊အချိန်တွေ ကြာလာလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေ ပိုပြီးတော့ခိုင်မာလာပြီးတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေပိုရှိလာတယ်။ အဲ့ဒီစာသားလေးကို ကြိုက်တာပါ။
Posted By မရတနာချမ်း (တာမွေ )