• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ၁၀ စက္ကန့် Vol (2)
Song Title - အရည်ထုတ်
Vocalist - J Me၊ ရဲလေး၊ ကြက်ဖ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
သီချင်းက ကာရန်မိလို့အရမ်းကိုကြိုက်ပါတယ်။ ဒီသီချင်းထဲမှာ ရဲလေးရဲ့အသံကိုလည်း အရမ်းကြိုက်ပါတယ်။
Posted By မောင်မောင် (လှိုင်သာယာ)
ဒီသီချင်းလေးကို နားထောင်ရတာ အခုခေတ်ကောင်မလေးတွေကို မျက်စိထဲမှာ မြင်လာသလိုမျိုးခံစားရမိတယ်။ ကောင်မလေးတွေကလည်း အဲ့သီချင်းထဲကလို ကဲကိုကဲနေပါတယ်။
Posted By ကိုကျော်ကျော်စိုး (မရမ်းကုန်း)
သီချင်းရဲ့စာသားတွေက အဓိပ္ပါယ်ရှိတယ်။ နောက်ကာရံကလည်း အရမ်းညီတယ်။ ကျွန်တော်ပြောချင်တဲ့စာသားလေးတွေလည်း ဒီသီချင်းထဲမှာပါလို့ ကြိုက်ရတာပါ။
Posted By သန်းထိုက်အောင် (တောင်ဥက္ကလာ )
အခုခေတ်လူငယ်တွေရဲ့ စိတ်ခံစားမှုကို ပိုင်ပိုင်နိုင်နိုင်ရေးပေးထားလို့ ကြိုက်ရတာပါ။
Posted By ပိုင်သုခ (မရမ်းကုန်း )
အဆိုတော်သုံးယောက်စလုံးက သူ့အကြိုက်ဆုံးအဆိုတော်တွေဖြစ်နေလို့ ဒီသီချင်းလေးကိုရွေးပေးရတာပါ။
Posted By မောင်ရဲရင့်အောင် (စမ်းချောင်း )