• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ၁၀ စက္ကန့် (၂)
Song Title - မိုက်ခဲ
Vocalist - ကြက်ဖ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
သီချင်းနားထောင်ရင် ဘ၀သီချင်းတွေကို ပိုကြိုက်တယ်။ ဒီသီချင်းက ဂီတကိုရူးသွပ်တဲ့ လူငယ်၊ မိုက်ခဲတွေအကြောင်းကို ရေးထားတာ။ ကျွန်တော်တို့နေ့စဉ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေလည်းပါတယ်။ အဲ့ဒါကြောင့်ကြိုက်တာ။ ကျွန်တော်က သီချင်းဆိုတာကို ၀ါသနာပါတော့အိမ်မှာ ကာရာအိုအေတွေဘာတွေဆိုတယ်။ ကျွန်တော်ကို အမေကခေါ်တဲ့နာမည်တစ်ခုရှိတယ် မိုက်ခဲပေါ့။ ကြိုက်လို့။
Posted By ကိုဇော်သီဟ
ဒီသီချင်းက Rapper လေးတွေရဲ့ပုံစံလေးတွေနဲ့ Rapper တွေရဲ့ဖက်ရှင်လေးတစ်ခုလို့ထင်တယ်။ ဒါဟာ Rapper တွေရဲ့သဘောတရားလည်းဖြစ်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း Rapper တစ်ယောက်ဖြစ်တယ်ဆိုတော့ မိုက်ခဲနေမိပါတယ်။
Posted By ကိုအောင်မျိုးချစ် (ဗဟန်း)
ကြက်ဖရဲ့အသံနဲ့ ပုံစံရယ်၊ ၀တ်စားဆင်ယင်ပုံရယ်ကို ကြိုက်ပါတယ်။ သီချင်းစာသားကိုလည်း ကြိုက်ပါတယ်။
Posted By ကိုသိန်းထူးအောင်
လူငယ်တစ်ဦးရဲ့ တစ်နေ့တာလွတ်လပ်မှုကို ဖော်ညွှန်းထားလို့ ကြိုက်တယ်။
Posted By ကိုသန့်လွင်ကျော်