• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ရှိနေမယ်
Song Title - ရင်ခုန်ဘက်သို့တမ်းချင်း
Vocalist - ဟန်ထွန်း
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
သီချင်းရဲ့သံစဉ်နဲ့ စာသားလေးတွေကို သဘောကျတယ်။ နောက်သီချင်းဆိုတဲ့ ကိုဟန်ထွန်းကိုလည်း သဘောကျပါတယ်။ ပြီးတော့ ကျွန်မလည်း ကျွန်မ ချစ်သူနဲ့ ပြန်ဆုံချင်လို့ ရင်ခုန်သံကို မညာတော့ဘူး။
Posted By မချယ်ရီထွန်း (မရမ်းကုန်း )
ဒီသီချင်းလေးကို နားထောင်လိုက်လို့ရှိရင် တစ်စုံတစ်ယောက်ကိုလွမ်းမိသလိုလို ခံစားရပါတယ်။
Posted By မဆွေဇင်ညွန့် (ကျောက်မြောင်း )
ဒီသီချင်းလေးက တစ်ချိန်တုန်းက ညီမရဲ့အဖြစ်အပျက်တွေနဲ့ တိုက်ဆိုင်မှုရှိပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်တဲ့အခါတိုင်း အတိတ်ကိုသတိရပြီး ရင်ထဲမှာကြည်နူးရလို့ပါ။
Posted By မထွေးထွေး (မင်္ဂလာဒုံ )
ဒီသီချင်းက ကျွန်တော်တို့ချစ်သူနှစ်ဦးအတွက် ရေးထားတဲ့သီချင်းလေးလို့ မှတ်ယူရလောက်အောင် တိုက်ဆိုင်မှုရှိပါတယ်။
Posted By ကိုရဲဝင်း (ဒဂုံ ၃၂ ရပ်ကွက်၊ ပင်လုံလမ်း )
ကိုဟန်ထွန်းရဲ့အသံလေးကိုလည်း ကြိုက်တယ်။ သူ့သီချင်းအကုန်လုံးကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အဲ့သီချင်းတွေထဲမှာ ရင်ခုန်ဘက်သို့တမ်းချင်းလေးကို အကြိုက်ဆုံးပဲ။ အဲ့တာကြောင့် ဒီ ရင်ခုန်သံ FM အစီအစဉ်လေးထဲမှာ ထည့်ပေးလိုက်တာပါ။
Posted By မအေးသူသူထွန်း