• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - Master Love Songs
Song Title - ဘာဖြစ်ဖြစ်ချစ်မယ်
Vocalist - ဟဲလေး
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးကို နားထောင်ပြီး အဲ့လိုအချစ်မျိုးနဲ့ချစ်တဲ့ ချစ်သူမျိုးလိုချင်လာမိတယ်။ နောက်ပြီးတော့ ဟဲလေးရဲ့အသံကိုလည်း ကြိုက်တယ်။
Posted By မစိမ့်စိမ့်စိုး (မင်္ဂလာတောင်ညွန် )
ဒီသီချင်းလေးကို နားထောင်ပြီး တစ်ချိန်က ညီမဆံပင်ညှပ်လိုက်လို့ ရည်းစားနဲ့ ရန်ဖြစ်တဲ့ကိစ္စလေးတစ်ခုကို ပြန်ပြီးသတိရပြီး ရီချင်လာတယ်။
Posted By သော်သော် (ပုဇွန်တောင် )
ကျွန်တော်လည်း ဒီသီချင်းထဲကလိုပဲ ချစ်သူကို အရမ်းချစ်တယ်။ ဒါပေမယ့် ကျွန်တော့်ချစ်သူက ကျွန်တော့်အပေါ်မှာ အရမ်းကိုအနိုင်ကျင့်လွန်းတယ်။
Posted By ထွန်းလင်းကျော် (လှည်းတန်း )
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို ဒီသီချင်းထဲကအတိုင်းပဲ အရမ်းကိုချစ်တယ်။ ဘာပဲဖြစ်ဖြစ်ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကောင်မလေးက ကျွန်တော်ချစ်တာကို သိတော့ခဏခဏ အနိုင်ကျင့်လို့ စိတ်ညစ်ရပါတယ်။
Posted By အာကာကျော် (မြောက်ဥက္ကလာ )