• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - လမ်းဆုံ
Song Title - အပြစ်မမြင်
Vocalist - ၀ိုင်းဆုခိုင်သိန်း
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးကို နားထောင်မိပြီး စိတ်ထဲမှာမေးခွန်းတစ်ခုဖြစ်လာပါတယ်။ ဘာဖြစ်လို့ မိန်းကလေးတွေက အနစ်နာခံပြီး သူတို့ချစ်သူကို ချစ်ကြတာလဲဆိုတဲ့ မေးခွန်းပါ။ အဲ့လိုမျိုး မိန်းကလေးတွေ ရှိတဲ့အတွက်လည်း အံသြမိပါတယ်။
Posted By မသော်တာ (မရမ်းကုန်း )
ဒီသီချင်းလေးကို နားထောင်မိပြီး ကောင်မလေးနှစ်ယောက်ကို တပြိုင်တည်းထားမိတာကို စိတ်မလုံဖြစ်လာမိပါတယ်။ အဲ့ဒီကောင်မလေးနှစ်ယောက်ကသာ ဒီအကြောင်းကို သိခဲ့ရင် ကျွန်တော့်ကို အပြစ်မြင်မလား။ မမြင်ဘူးလားဆိုတာကို သိချင်နေပါတယ်။
Posted By ကိုသားကြီး (စမ်းချောင်း )
ညီမချစ်သူကို ဒီသီချင်းထဲက ကောင်မလေးလိုမျိုး အရမ်းကိုချစ်ပါတယ်။ ညီမချစ်သူရဲ့သတင်းတွေကို ကြားခဲ့ရရင်လည်း မကြားချင်ယောင်ပဲဆောင်လိုက်တယ်။ ပတ်ဝန်းကျင်ရဲ့ ကြားစကားတွေလို့ပဲ မှတ်လိုက်ပါတယ်။
Posted By မသီတာဦး (ကျောက်တံတား )