• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - ပေါက်တဲ့အိုး
Song Title - စိတ်ကူးရွက်ကြွေ
Vocalist - အေသင်ချိုဆွေ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
အေသင်ချိုဆွေရဲ့ အသံကိုကြိုက်တယ်။ ဒီသီချင်းလေးကို နားထောင်လိုက်တဲ့အခါမှာ စိတ်ကူးထဲမှာ ကောင်လေးတစ်ယောက်ရဲ့ပုံပေါ်လာတယ်။
Posted By မဇာဇာထွန်း (လှိုင် )
ဒီသီချင်းလေးကို ကျွန်မရဲ့ချစ်သူလေးကို နားဆင်စေချင်ပါတယ်။
Posted By မဇင်မာအေး (မရမ်းကုန်း)
တကယ်တော့ မိန်းကလေးဘ၀က တမ်းတရုံပဲဆိုတဲ့ စာသားလေးကို ပိုကြိုက်မိတယ်။ ညီမလည်း ဒီသီချင်းထဲက မိန်းကလေးလိုပဲ အချစ်နဲ့ပတ်သက်ရင် အမြဲတမ်းတမ်းတနေရတယ်။
Posted By ပိုးအိ (စမ်းချောင်း)
ဒီသီချင်းလေးကို ရွေးပေးရတဲ့အကြောင်းရင်းက အေသင်ချိုဆွေရဲ့အသံကို ကြိုက်လို့ပါ။ ဒီသီချင်းလေးကို နားထောင်လိုက်တိုင်း တစ်ချိန်တုန်းက ကျွန်တော်နဲ့ ပတ်သက်ခဲ့ဖူးတဲ့ ကောင်မလေး တစ်ယောက်ကို သတိရလာလို့ပါ။
Posted By မောင်ဇေယျာထွန်း (ရွှေပြည်သာ)