• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - Ever Golli
Song Title - Good Bye
Vocalist - စိုင်းစိုင်းခမ်းလှိုင်
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးကို နားထောင်လိုက်တိုင်း ဇာတ်လမ်းလေးကို ကြည့်ရသလို ခံစားရပါတယ်။ ဒီသီချင်းလေးကို နားထောင်လိုက်တိုင်း Good Bye လို့နှုတ်ဆက်တာခံလိုက်ရတဲ့ ကောင်မလေးရဲ့နေရာကို ရောက်သွားပါတယ်။
Posted By မောင်ကောင်းမြတ်လင်း (လှိုင် )
ဒီသီချင်းလေးကို နားထောင်လိုက်ရင် တစ်ချိန်တုန်းက ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးရဲ့ နှုတ်ဆက်ချိန်တွေကို သွားပြီးတော့သတိရမိတယ်။ အဲ့ဒီတုန်းကခံစားရတဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကလည်း ဒီသီချင်းထဲကအတိုင်းပါပဲ။
Posted By မောင်စွမ်းထက်ရဲညီ (အင်းစိန်)
ဒီသီချင်းလေးကို နားထောင်မိပြီး ကျွန်တော် အရမ်းချစ်တဲ့ချစ်သူဟာ တစ်ချိန်ကျရင် ကျွန်တော့်ကို Good Bye လုပ်သွားမှာကို အရမ်းကိုကြောက်လာမိပါတယ်။
Posted By မောင်ဟိန်းညီညီအောင် (လှိုင် )
ဒီသီချင်းလေးကို နားထောင်ပြီးအရင်တုန်းက ချစ်သူကိုသတိရမိပါတယ်။ ဒါပေမယ့် ချစ်သူလေးကတော့ ကျွန်တော့်ကို Good Bye လို့တောင် ပြောမသွားပါဘူး။
Posted By မျိုးလင်းထွန်း (မရမ်းကုန်း)