• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
တေးချစ်သူတွေရဲ့ ရင်ထဲမှာခံစားမှုတွေကို အများဆုံးဖြစ်ပေါ်စေခဲ့တဲ့ သီချင်းလေးတွေကို ဒီနေရာလေးမှာ စုစည်းပေးထားပါတယ်။ သီချင်းလေး နားထောင်ရင်း နဲ့ ထိုသီချင်းလေးအပေါ်မှာ တေးချစ်သူတွေရဲ့ ခံစားချက်လေးတွေကိုလည်း ဖတ်ရှုနိုင်ပါတယ်။
တေးချစ်သူတို့၏ အကြိုက်နှစ်သက်ဆုံး သီချင်းများ
Album Title - Ever Golli
Song Title - အမြဲတမ်း ယုံကြည်တယ်
Vocalist - စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေ
 
 
လူတိုင်းမှာ ခံစားချက်ကိုယ်စီတော့ ရှိတတ်ကြပါတယ်။ ဒီသီချင်းလေးကို နားထောင်ပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကတော့
ဒီသီချင်းလေးကို ရွေးပေးရတာက စာသားလေးတွေကို ကြိုက်လို့ပါ။ စာသားလေးတွေအတိုင်းပဲ ဘယ်သူပဲလာခွဲခွဲ ချစ်သူကိုဆက်ပြီးချစ်နေမှာပဲ။
Posted By မဇွန်ပွင့်ဖြူ (မင်္ဂလာတောင်ညွန့်)
သီချင်းထဲက ကောင်လေးနဲ့ ကောင်မလေးက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ပြည့်နေတဲ့အတွက် ဒီသီချင်းလေးကို အရမ်းကြိုက်ပါတယ်။
Posted By မနေရီနှင်းဖြူ (မရမ်းကုန်း)
ညီမတို့ ချစ်သူနှစ်ယောက်ရဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ တိုက်ဆိုင်လို့ ရွေးပေးလိုက်ရတာပါ။
Posted By မနှင်းပွင့် (ဒဂုံ )
ဒီသီချင်းလေးက ညီမရဲ့အဖြစ်အပျက်နဲ့ အရမ်းကိုတိုက်ဆိုင်လွန်းပါတယ်။ ညီမကလည်း ညီမရဲ့ချစ်သူနဲ့ ပတ်သက်လာရင် ဘေးပယောဂစကားတွေကို လုံးဝမယုံပါဘူး။
Posted By မမြတ်သီတာမိုး (စမ်းချောင်း )