• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
Akon
   ဆီနီဂေါနဲ့ အမေရိကန်နွယ်ဖွား၊ R&B အဆိုတော်၊ သီချင်းရေးဆရာ၊ တေးထုတ်လုပ်သူတစ် ယောက်ဖြစ်တဲ့ Akon ရဲ့ နာမည်အရင်းဟာ Allaune Thiam ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့အဲ့ဒီ နာမည်ကို သိတဲ့သူဟာ အင်မတန်ကိုနည်းပါတယ်။ သူ့ကို တစ်ကမ္ဘာလုံးက Akon လို့ပဲ သိကြတာ များပါတယ်။ ကျွန်တော်တို့ ဒီနိုင်ငံမှာတော့ Akon လို့ပြောရင် Lonely ဆိုတဲ့အဆိုတော်တစ် ယောက်အဖြစ် ပိုပြီးတော့လူသိများပါတယ်။ Akon ရဲ့ဖခင်ဟာ ဆီနီဂေါလူမျိုး Percussionist တစ် ယောက်ဖြစ်တဲ့ Mor Thiam ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ ဆီနီဂေါနဲ့ အမေရိကန်ဂီတတွေ ကြားမှာ အသက် ၁၅ နှစ်ထိတိုင်အောင် ကျင်လည်ခဲ့ပါတယ်။ Akon ဟာ အသက် ၁၅ နှစ်အရွယ် မှာ သူ့ရဲ့ပထမဆုံးသီချင်းဖြစ်တဲ့ Operations of Nature ကို အသံသွင်းခဲ့ပါတယ်။ ထိုအချိန်မှာ Akon ဟာ သူ့ရဲ့အိမ်မှာရှိတဲ့ studio မှာသီချင်းရေးစပ်ခြင်း၊ အသံသွင်းယူခြင်းတို့ကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Akon ဟာ သူ့ရဲ့ပထမဆုံး Album ဖြစ်တဲ့ Trouble ကို ၂၀၀၄ ခုနှစ် ဇွန်လ ၂၉ ရက် နေ့မှာ ဖြန့်ချီခဲ့ပါတယ်။ ထိုအခွေထဲမှာပါတဲ့ Locked Up သီချင်းဟာ အမေရိကန် ရဲ့ Top 10 နဲ့ UK ရဲ့ Top 5 တို့မှာနေရာယူနိုင်ခဲ့ပါတယ်။ ထို့အပြင် ထိုအခွေထဲမှ Lonely သီချင်းဟာလည်း Billboard Hot 100 မှာ နံပတ် ၅ နေရာကိုရယူနိုင်ခဲ့ပါတယ်။ ထို့အပြင် The Box music channel မှာ တောင်းဆိုခြင်းခံရမှု အများဆုံးသီချင်းအဖြစ် ရက်သတ္တပတ်ပေါင်း ၁၅ ပတ်မျှ ရပ်တည်နိုင်ခဲ့ပါ တယ်။
     Akon ရဲ့ ဒုတိယ album ဟာ နိုဝင်ဘာ ၁၄ ရက်နေ့ ၂၀၀၆ ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ ထို album ရဲ့နာမည်ကတော့ Konvicted ပဲဖြစ်ပါတယ်။ ထိုအခွေထဲမှာ Akon ဟာ Eminem၊ Snoop Dogg နှင့် Styles P တို့နဲ့အတူ တွဲပြီးတော့ သီဆိုထားပါတယ်။ Konvicted အခွေဟာ Billboard 200 မှာ နံပတ် ၂ ချိတ်ခဲ့ပါတယ်။ ထို့ပြင် ပထမ ၅ ပါတ်အတွင်းမှာပင် album အချပ် ပေါင်း ၂၈၆၀၀၀ ရောင်းချခဲ့ရပါတယ်။ ၆ ပတ်ကျော်သွားပြီးတဲ့အခါမှာ အမေရိကန်တစ်နိုင်ငံထဲမှာ တင် အချပ်ပေါင်း 1 million ထက်ပိုပြီးရောင်းချခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ album ပေါင်း 1.3 million ရောင်းချခဲ့ရပါတယ်။ Akon ရဲ့ ဒုတိယ album ဖြစ်တဲ့ Konvicted ဟာ Billboard 200 ရဲ့ Top 20 မှာ ရက်သတ္တပတ်ပေါင်း ၂၈ ပတ်မျှ ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ ၂၀၀၇ ခုနှစ်မှာ တော့ Konvicted album ဟာ အမေရိကန်နိုင်ငံမှာ 3 millions နီးပါးရောင်းချခဲ့ရပြီး ကမ္ဘာတစ်ဝှမ်း မှာတော့ 4 millions ကျော် ရောင်းချနိုင်ခဲ့ပါတယ်။
     Akon ဟာ Gwen Stefani ရဲ့ နောက်ဆုံး album ဖြစ်တဲ့ The Sweet Escape မှာ ၀င်ရောက် သီဆိုခဲ့ပါသေးတယ်။ ထို့ပြင် Akon ဟာ Chamillionaire နဲ့တွဲပြီးတော့ Chamillionaire ရဲ့အခွေဖြစ်တဲ့ Mixtape Messiah 2 မှာ featuring အနေနဲ့ပါဝင် သီဆိုခဲ့ပါသေးတယ်။ Akon Featuring သီဆိုပေးခဲ့သောသီချင်းမှာ Ridin' Overseas ပဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာမှာ Akon ဟာ Michael Jackson နဲ့အတူတွဲပြီးတော့ Wanna Be Startin' Somethin' လို့အမည် ပေးထားတဲ့ remix တစ်ခုကို အသံသွင်းယူခဲ့ပါတယ်။ အဲ့ဒီ remix ကို Michael Jackson ရဲ့ Thriller ၂၅ နှစ်ပြည့်ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ ဖြန့်ချီခဲ့ပါတယ်။ ဒီ remix ဟာ နိုင်ငံအ များစုမှာ Top 10 စာရင်းဝင်ခဲ့ပါတယ်။ Akon ဟာ producer တစ်ယောက်အနေဖြင့် Kardial Offishall ရဲ့ စတုတ္ထမြောက် တစ်ကိုယ်တော်အခွေကို လုပ်ဆောင်နေပါတယ်။ ထိုအခွေဟာ ၂၀၀၈ ခုနှစ် စက်တင်ဘာလောက်မှာ ထွက်ရှိလာမှာဖြစ်ပါတယ်။