• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
Eminem
  Hip Hop ကိုစတင်ရူးသွပ်တဲ့ လူငယ်တိုင်း မသိမဖြစ်တဲ့ Hip Hop အဆိုတော် တစ်ယောက်ရှိပါ တယ်။ အဲ့ဒီအဆိုတော်က ဘယ်သူလဲဆိုတာ ပုံကိုကြည့်လိုက်ရုံနဲ့ သိပြီးဖြစ်နေလိမ့်မယ်လို့ ယူဆမိ ပါတယ်။ Eminem ကို Slim Shady လို့လည်း လူသိများကြပါတယ်။ Eminem ဟာ ငယ်စဉ်ကပင် ဖခင်ဖြစ်သူရဲ့စွန့်ပြစ်ခြင်းကို ခံရသူတစ်ယောက်ဖြစ်ပါတယ်။ အသက် ၁၄ နှစ်လောက်ကစပြီး Hip Hop ကိုစတင်စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း Eminem ဟာ freestyle battles လို့သတ်မှတ်ထားတဲ့ Underground Hip Hop ပြိုင်ပွဲတွေမှာ မကြာခဏ၀င်ရောက်ယှဉ် ပြိုင်လေ့ရှိပါတယ်။ အဲ့ဒီပြိုင်ပွဲတွေမှာ Eminem ဟာ သူ့ကိုလက်ခံအားပေးတဲ့ ပရိတ်သတ်အများ အပြားကို ရရှိခဲ့ပါတယ်။
  ၁၉၉၉ ခုနှစ်မှာ Eminem ဟာ သူရဲ့ first major studio album ဖြစ်တဲ့ The Slim Shady LP ထွက်ရှိခဲ့ပါတယ်။ ဒီအခွေနဲ့ပတ်သက်ပြီး Billboard မဂ္ဂဇင်းက ဘယ်လိုမှတ်ချက်ပေးထားလဲဆိုရင် Eminem ရဲ့ music တွေဟာ သူရဲ့စိတ်မချမ်းမြေ့ဖွယ်ဘ၀ထဲကနေ ဖောက်ထွက်ဖို့အတွက် တစ်ခု တည်းသောလမ်းပဲလို့ မှတ်ချက်ပေးထားပါတယ်။ ဒါကြောင့်လည်း ဒီ album ဟာ ၁၉၉၉ ခုနှစ်ရဲ့ one of the most popular album ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခွေကို Dr.Dre က ထုတ်လုပ်ပေး ခဲ့တာဖြစ်ပါတယ်။ Eminem ရဲ့ ဒုတိယတစ်ခွေဖြစ်တဲ့ The Marshall Mathers LP ဟာဆိုရင် လည်း အခွေထွက်ထွက်ချင်း ပထမအပတ်ထဲမှာတင် 1.76 million ရောင်းချခဲ့ရပြီး အဲ့ဒီအချိန်တုန်း က အရောင်းရအကောင်းဆုံးလို့ သတ်မှတ်ထားကြတဲ့ Snoop Dogg ရဲ့ Doggystyle အခွေနဲ့ Britney Spears ရဲ့ Baby One More Time အခွေတို့ကို ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။
  Eminem ရဲ့ နောက်ဆုံးထွက် ဖို့စီစဉ်ထားတဲ့အခွေကတော့ Relapse လို့နာမည်ပေးထားတဲ့ အခွေပဲဖြစ်ပါတယ်။ ၂၀၀၈ အကုန်လောက်မှာ ထွက်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ Eminem ဟာ တစ်ကိုယ်တော်အခွေများအပြင် D12 လို့ခေါ်တဲ့အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး ထိုအဖွဲ့နဲ့အတူ အ ခွေများ ထွက်ရှိခဲ့ပါသေးတယ်။ ထို့အပြင် Eminem ဟာ အဆိုတော်အဖြစ်သာမက ထုတ်လုပ်သူ တစ်ယောက်အဖြစ် ပါလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါတယ်။ Eminem ထုတ်လုပ်သူအဖြစ် ထုတ်ဝေခဲ့တဲ့ အခွေတွေထဲမှာ 50 cent ရဲ့ Get Rich or Get Trying ဟာလည်း အပါအ၀င်ဖြစ်ပါတယ်။ Eminem ဟာ 8 Mile ရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကား ဟာ သူ့ရဲ့ဘ၀တစ်စိတ်တစ်ဒေသကို ဖော်ပြတဲ့ကားလည်း ဖြစ်ပါတယ်။ ထို့အပြင် သူဟာ Voice Actor အဖြစ် 50 Cent:Bulletproof video game မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။