• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
ခိုင်ရွှေဝါ
  ကျွန်တော်တို့ရဲ့ Music Star အတွက် ဒီတစ်ပတ် ရွေးချယ်ထားတာကတော့ တက်သစ်စ အဆို တော်တစ်ယောက်ဖြစ်တဲ့၊ Melody World သီချင်းခွေမှာလည်း ပါဝင်တဲ့ အဆိုတော် ခိုင်ရွှေဝါပဲ ဖြစ် ပါတယ်။ ခိုင်ရွှေဝါဟာ ဒီအနုပညာလောကထဲကို ထိုက်တန်စွာရောက်ရှိလာခဲ့သူတစ်ယောက် ဖြစ်ပါ တယ်။ ဘာလို့လဲဆိုရင် သူမ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေက သက်သေခံနေလို့ ပါ။ သူမဟာ ဒီ Melody World မှာ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုခင်ကတည်းက City FM ၏ တက်သစ်စ လွင် ပြင် အစီအစဉ်တွင်လည်း ၀င်ရောက်ပါဝင်ခဲ့ဖူးလေသည်။
  မခိုင်ရွှေဝါကို ၁၉၈၄ ခုနှစ် နှင်းတွေဖွေးဖွေးကျနေတဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ် ပါတယ်။ သူမဟာ ဗုဒ္ဓဘာသာကိုးကွယ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဘ၀ကို ဘယ်လိုကျော် ဖြတ်ချင်သလဲဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ပဲ ကျော်ဖြတ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ မခိုင်ရွှေဝါက ဘ၀နဲ့ ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာကို ၀ါသနာပါခဲ့သူ တစ် ယောက် လည်း ဖြစ်ပါတယ်။ အခုတော့ အချိန်တန်လို့စင်ပေါ်ကို ရောက်လာပြီ ဖြစ်တဲ့အတွက် အောင်မြင်တဲ့အနုပညာရှင်တစ်ယောက် ဖြစ်အောင်အစွမ်းကုန်ကြိုးစားသွားမှာပါလို့ သူမရဲ့ ရည်မှန်း ချက်ကိုလည်း ရင်ဖွင့်သွားပါသေးတယ်။
  ဒီ The Best of Melody World ( သံစဉ်များနဲ့ ကမ္ဘာ ၂၀၀၇) အခွေဟာ မခိုင်ရွှေဝါရဲ့ ပထမဆုံး ထွက်ရှိတဲ့ အခွေဖြစ်ပါတယ်။ ဒီအခွေထဲမှာ သူမ ပါဝင်သီဆိုခဲ့တဲ့ ငယ်ချစ်ပုံပြင် ဆိုတဲ့သီချင်းဟာ လည်း ကျွန်တော်တို့ရဲ့ ရင်ခုန်သံ အစီအစဉ်မှာ ပရိတ်သတ်ရဲ့ တစ်ခဲနက်အားပေးခြင်းကို ခံခဲ့ရတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သူမရဲ့ favourite ဖြစ်တဲ့ အရာတွေကဘာလဲလို့ စပ်စုကြည့်လိုက် တော့ မခိုင်ရွှေဝါက အစားအစာဆိုရင် ရှမ်းအစားအ စာဖြစ်ကြောင်း၊ Dressing Style ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနေရတာကိုပဲ ကြိုက်တယ်လို့ ဆိုပါတယ်
  အခုလက်ရှိ အနုပညာလှုပ်ရှားမှုအကြောင်းလေးကို မခိုင်ရွှေဝါက အခုလိုပြောပြသွားပါတယ်။ " အခု လောလောဆယ်တော့ နောက်ထပ်အခွေတစ်ခွေထွက်ရှိနိုင်အောင် ကြိုးစားနေပါတယ်။ " မခိုင်ရွှေဝါ တစ်ယောက် အခုထက်ပိုမိုအောင်မြင်ပြီးတော့ ရည်မှန်းချက်များလည်း အမြန်ဆုံးပြည့်ဝ နိုင်ပါစေလို့ ရင်ခုန်သံအဖွဲ့သားတွေက ဆုတောင်းပေးလိုက်ပါတယ်။ အော် မေ့တော့မလို့ မခိုင်ရွှေဝါ ကို ခင်ချင်လို့ပဲဖြစ်စေ၊ အကြံပေးချင်လို့ပဲဖြစ်စေ စာရေးဆက်သွယ်ချင်ရင် ONLINE ကဆိုရင် webmaster@yinkhonthanfm.com သို့မဟုတ် yinkhonthanadmin@gmail.com ကို ဆက် သွယ်နိုင်သလို အိမ်တိုင်ရာရောက် ပို့ချင်တယ်ဆိုရင်တော့ အမှတ် ၁၂၀ (ပ ထပ်)၊ ၉၁ လမ်း၊ ကန် တော်လေး၊ ရန်ကုန်မြို့ သို့လိပ်မူပြီး စာဆက်သွယ်နိုင်ပါတယ်နော်။