• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
မေစံပယ်ညို
  “Oh Love ရှင်သန်ရာဘ၀လေးမှာ မင်းအချစ်နဲ့ဝေးရင်လေ ” ဆိုတဲ့ သီချင်းသံလေးကို ကြားလိုက် ရတဲ့အချိန်မှာ ကျွန်တော်တို့အရင်ဆုံးသတိရမိတဲ့သူကတော့ အဆိုတော် မေစံပယ်ညိုပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းသံလေးကို ကြားလိုက်ရကတည်းက သူမကိုမြင်ဖူးချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင် သူမရဲ့အသံက စွဲဆောင်မှုရှိလှပါတယ်။ သူမကိုကိုယ်တိုင်တွေ့လိုက်ရတဲ့အချိန်မှာတော့ သူမဟာ အသံသာမက ရုပ်ရည်ပါချောမောလှပသူတစ်ယောက်ဖြစ်ကြောင်းပါ ၀န်ခံမိမှာဖြစ်ပါတယ်။
  ဒီလိုအသံသာမက ရုပ်ရည်ပါချောမောလှပတဲ့ မေစံပယ်ညိုကို ၁၉၇၉ ခုနှစ် ပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်နေတဲ့ ဧပြီလမှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အဆိုကောင်းတဲ့ အမျိုးသမီးအဆိုတော် အ များစုဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပေမယ့် သူမကတော့ထူးခြားစွာ ဗုဒ္ဓဘာသာဝင်တစ် ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက သီချင်းဆိုရတာ၊ TV ကြည့်ရတာတို့ကို အရမ်းသဘော ကျခဲ့တယ်လို့ သူမက သူမရဲ့ငယ်စဉ်က၀ါသနာပါတဲ့အရာတွေကို ပြောပြသွားခဲ့ပါတယ်။ အခုအရွယ် ရောက်တော့ရောလို့ မေးတဲ့အခါကျတော့ သူမကရယ်ပြီး TV ကြည့်တာနဲ့ သီချင်းဆိုတာပါပဲလို့ ဖြေ ကြားသွားခဲ့ပါတယ်။
  မေစံပယ်ညိုရဲ့ အနုပညာလှုပ်ရှားမှုအစကတော့ NGIIK အဖွဲ့မှာ စတင်ဝင်ရောက်သီချင်းဆိုရင်းနဲ့ အနုပညာလောကထဲကို ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ NGIIK အဖွဲ့နဲ့အတူ သီချင်းများသီဆိုခဲ့ ရုံသာမက အချစ်များစွာအတွက်၊ ၁၂ရာသီအချစ်၊ ရင်ခုန်နှုန်း၁၄၊ ဆွိဒီဇင်ဘာ စတဲ့အခွေတွေမှာ လည်း NGIIK အဖွဲ့အနေနဲ့ မဟုတ်ဘဲ တစ်ကိုယ်တော်အနေနဲ့လည်း ၀င်ရောက်သီဆိုခဲ့ပါသေး တယ်။ အဲ့ဒါတင်မကသေးပါဘူး အချစ်ရောဂါသီချင်းများလို့ အမည်ပေးထားတဲ့ Live Show အခွေ မှာလည်း ၀င်ရောက်သီဆိုခဲ့ပါသေးတယ်။ ဒီလိုသီချင်းပေါင်းများစွာကို အသံသာသာနှင့် အနုပညာ မြောက်စွာ သီဆိုခဲ့တဲ့ မေစံပယ်ညိုဟာ သူမရဲ့တစ်ကိုယ်တော်အခွေကို ၂၀၀၈ ခုနှစ်ထဲမှာ ယုံကြည် စေချင်တယ် ဆိုတဲ့နာမည်နဲ့ ထွက်ရှိခဲ့ပါတယ်။
  အခုလက်ရှိ အနုပညာလှုပ်ရှားမှုအကြောင်းလေးကို ပြောပြပါအုံးလို့ မေးတဲ့အခါမှာတော့ မမေစံ ပယ်ညိုက အခုလောလောဆယ် အတွဲခွေတွေမှာ ၀င်ရောက်သီဆိုနေပါတယ် လို့ဖြေသွားခဲ့ပါတယ်။ ယိုးဒယားအစားအစာကို နှစ်သက်ပြီး အေးချမ်းတဲ့ဘ၀ကို ချစ်မြတ်နိုးတဲ့မေစံပယ်ညိုတစ်ယောက် သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါစေလို့ ရင်ခုန်သံအဖွဲ့က ဆုတောင်းပေးလိုက်ပါတယ်။