• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
Miley Cyrus
  ဒီတစ်ပတ်တော့ Music Star အတွက် ကျွန်တော်တို့ရွေးချယ်ထားတဲ့ အနုပညာရှင်ကတော့ Mile y Cyrus ပဲဖြစ်ပါတယ်။ သူမဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ တသီကြီးရရှိနေတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Miley Cyrus ဟာ၁၉၉၂ ခုနှစ် နိုဝင်ဘာလမှာ မွေးဖွား ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ Miley Cyrus ကိုလူသိများစေခဲ့တာကတော့ Disney Channel မှာ ပြသခဲ့တဲ့ Television series တစ်ခုဖြစ်တဲ့ Hannah Montana မှာ ပါဝင်သရုပ်ဆောင်ခဲ့ခြင်းပဲ ဖြစ် ပါတယ်။ ဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ Miley Cyrus ရဲ့ မွေးရပ်ဇာတိ မြေကတော့ Tennessee ပြည်နယ်မှာရှိတဲ့ Nashville မြို့ကလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ မိခင်ဖြစ် သူဟာလည်း Country အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ ထို့အပြင် Cyrus ဟာ ငယ်စဉ် ကျောင်းသူဘ၀ကတည်းက Cheer Leader တစ်ယောက်အဖြစ် ထင်ရှားခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။
  Cyrus ကိုသရုပ်ဆောင်နယ်ပယ်ထဲသို့ ရောက်ရှိစေခဲ့သည်မှာ ဖခင်ဖြစ်သူပါဝင်သရုပ်ဆောင်သော Doc တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခြင်းပင် ဖြစ်ပါတယ်။ နောက်ပိုင်းတွင် လည်း Tim Burton ရဲ့ Big Fish နဲ့ Rhonda Vincent ရဲ့ music album တို့တွင်လည်း ပါဝင်ကာ သရုပ်ဆောင်ခဲ့ပါတယ်။ Cyrus သည် အသက် ၁၂ နှစ်အရွယ်တွင် Disney မှစီစဉ်သည့် Miley Ste wart/ Hannah Montana တွင် ခေါင်းဆောင်နေရာအတွက် ၀င်ရောက်အရွေးခံခဲ့ပါတယ်။ Cyrus ကို Disney ရဲ့ရွေးချယ်ရေးအဖွဲ့က အသက်ငယ်ရွယ်သည်ဟုဆိုကာ ငြင်းငယ်ခဲ့ပါတယ်။ သို့သော် လည်း Cyrus ဟာ သူမရဲ့ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ကြိုးစားခဲ့တဲ့အတွက် နောက်ပိုင်းမှာ Disney အဖွဲ့ရဲ့ ပြန်လည်ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။
  ၂၀၀၆ ခုနှစ် အောက်တိုဘာလမှာတော့ Walt Disney Records မှ Hannah Montana sound track အခွေကို ထုတ်ဝေခဲ့ပါတယ်။ ဒီအခွေထဲမှာ Cyrus က Hannah Montana အဖြစ်သရုပ် ဆောင်ခဲ့တဲ့ သီချင်းရှစ်ပုဒ် ပါဝင်ခဲ့ပါတယ်။ Soundtrack အခွေထွက်ပြီးလို့ ရှစ်လတိတိမှာပဲ Cyrus ဟာ Hanna Montana 2: Meet Miley Cyrus လို့ အမည်ပေးထားတဲ့ နှစ်ခွေတွဲတစ်ခွေ ထပ်မံ ထွက်ရှိခဲ့ပါတယ်။ တစ်ခွေက Hannah Montana soundtrack ဖြစ်ပြီး ကျန်တစ်ခွေကတော့ Cyrus ရဲ့ ပထမဆုံးတစ်ကိုယ်တော် album ဖြစ်ပါတယ်။ ဒီအခွေထဲမှာပါတဲ့ See You Again ဟာ Billboard Hot 100 ရဲ့ Top Ten စာရင်းမှာပါဝင်ခဲ့တဲ့ Cyrus ရဲ့ ပထမဆုံးသီချင်းဖြစ်ပါတယ်။ နောက်တစ်နှစ်အကြာမှာတော့ Cyrus ရဲ့ ဒုတိယ Album ဖြစ်တဲ့ Breakout ထွက်ရှိခဲ့ပါတယ်။ 7 Things လို့အမည်ပေးထားတဲ့ သီချင်းဟာလည်း ဒီအခွေရဲ့အအောင်မြင်ဆုံးသီချင်းတစ်ပုဒ် ဖြစ်ခဲ့ ပါတယ်။