• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
My Chemical Romance
   အခုတစ်လော ခေတ်စားနေတဲ့ Emo တေးဂီတနဲ့ပတ်သက်ပြီးတော့ ထင်ရှားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ My Chem သို့မဟုတ် MCR လို့အတိုကောက်ခေါ်လေ့ရှိတဲ့ အမေရိကန် Rock ဂီတအဖွဲ့တစ်ဖွဲ့ဟာ ၂၀၀၁ ခုနှစ်လောက်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ထို့အဖွဲ့ရဲ့ အမည်အပြည့်အစုံကတော့ My Chemical Romance ဖြစ်ပါတယ်။ အဖွဲ့ဝင် ၅ ယောက်ပါဝင်တဲ့ ဒီအဖွဲ့ကို စတင်တည်ထောင်သူများကတော့ Gerard Way နှင့် Drummer Matt Pelissier တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီ My Chemical Romance အဖွဲ့လေးကို စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီးမှာ စတင်ဖွဲ့စည်းခဲ့ ပါတယ်။ များမကြာမှီမှာပဲ Ray Toro ဟာဒီအဖွဲ့နဲ့ ပူးပေါင်းခဲ့ပါတယ်။ သူတို့ ပထမဆုံးအသံသွင်းဖြစ် တဲ့သီချင်းလေးကတော့ Our Lady of Sorrows ဖြစ်ပါတယ်။ ထိုသီချင်းလေးကို နားထောင်ပြီးတဲ့ နောက်မှာ Gerard ရဲ့ညီအငယ်ဖြစ်တဲ့ Mikey Way ဟာလည်း ဒီအဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်ပြီး My Chemical Romance ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
     တေးထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ Eyeball Records နဲ့ စာချုပ်ချုပ်ဆိုပြီး ပထမဆုံး album ဖြစ် တဲ့ I Brought you My Bullets, You Brought me Your Love ကို ၂၀၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့ ပါတယ်။ ဒီအခွေလေးကို မထုတ်ခင်လေးမှာပဲ သူတို့အဖွဲ့ထဲကို လူတစ်ယောက်ထပ်ပြီးတော့ တိုး လာခဲ့ပါတယ်။ သူကတော့ Pencey Prep အဖွဲ့ကနေ ထွက်လာတဲ့ Frank Jero ပဲဖြစ်ပါတယ်။ ပထမဆုံး Album ထဲက သီချင်းများကို social network site တစ်ခုဖြစ်တဲ့ My Space ကနေ Download လုပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကြီးမားတဲ့ပရိတ်သတ်ထုကို ရရှိခဲ့ပါတယ်။
    My Chemical Romance ရဲ့ ဒုတိယ Album ကိုတော့ Three Cheers for Sweet Revenge ဆိုတဲ့ title နဲ့ Reprise Records ကနေ ၂၀၀၄ ခုနှစ်မှာ ဖြန့်ချီခဲ့ပါတယ်။ ပထမအခွေတုန်းက လူတစ်ယောက်တိုးခဲ့သလို အခုဒုတိယအခွေမှာလည်း လူတစ်ယောက်တိုးခဲ့ပါ တယ်။ အဲ့ဒီလူကတော့ Bob Bryar ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပထမအခွေနဲ့ကွာခြားတာကတော့ ဒီအခွေလေးအပြီးမှာတော့ Drummer Matt Pelissier က အဖွဲ့ကနေ ထွက်ခွာသွားခြင်းပဲ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က My Chem ရဲ့ပရိတ်သတ်အတော်များများကို စိတ်ပျက်စေခဲ့ပါတယ် My Chemical Romance ရဲ့ အအောင်မြင်ဆုံး album ဖြစ်တဲ့ The Black Parade ကို ၂၀၀၆ ခုနှစ်အကုန်လောက်မှာ ဖြန့်ချီခဲ့ပါတယ်။ ဒီ album ရဲ့မူလနာမည်က The Rise and Fall of My Chemical Romance ဖြစ်ပါတယ်။ ဒီအခွေထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Welcome to the Black Parade သီချင်းဟာ UK Single Chart မှာ နံပတ် ၁ နေရာကို နေရာကိုရယူနိုင်ခဲ့ပါတယ်။ ဒါဟာ My Chemical Romance အတွက် ပထမဆုံးပဲဖြစ်ပါတယ်။