• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
ဖြူဖြူကျော်သိန်း
  ဒီတစ်ပတ်တော့ ကျွန်မတို့ရဲ့ Music Star အတွက် အရမ်းကိုထူးခြားသော၊ အနုပညာစွမ်းအားကြီး မားသော၊ လမ်းသစ်ထွင်တတ်သော၊ ကိုယ်ကိုကိုယ် ယုံကြည်မှုစွမ်းအားကြီးမားသော အဆိုတော် တစ်ယောက်ကို ရွေးချယ်ထားပါတယ်။ သူကတော့ ဖြူဖြူကျော်သိန်းပါ။ IC နဲ့ တွဲဖက်သီဆိုခွင့်ရ တယ်ဆိုကတည်းက သူမ၏ အနုပညာစွမ်းအားသည် လူတိုင်းအတွက် အသိအမှတ်ပြုစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ထို့အပြင် သူမသည် IC ကမွေးထုတ်လိုက်သော ပထမဆုံးသော အမျိုးသမီး တေးသံရှင်လည်း ဖြစ်ပါတယ်။ ဒီလို အနုပညာအရည်အချင်းတွေနဲ့ ပြည့်စုံနေရုံသာမက ပညာရေး ဘက်မှာလည်း ထူးချွန်တယ်ဆိုတာ သူမရဲ့ M.B.B.S ဘွဲ့က သက်သေခံနေပါတယ်။
  ငယ်စဉ်ကတည်းက ပညာကို ဦးစားပေးသော မိသားစုမှာ ပေါက်ဖွားလာခဲ့တဲ့ မဖြူဖြူဟာ ငယ်စဉ် အရွယ်က အနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ စနေ၊ တနင်္ဂနွေနေ့များတွင် ဘုရားကျောင်းများ၌ သီ ချင်းဆိုရုံမှလွဲ၍ ထူးထူးခြားခြားလုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။ ၀ါသနာကို မြိုသိပ်ကာ ပညာရေးကို ဦး စားပေးခဲ့လေသည်။ ထို့ကြောင့် သူမသည် သူမ၏၀ါသနာကို ၁၀ တန်းအောင်ပြီးသည့်အချိန်မှ စ တင် ကာလုပ်ဆောင်ခဲ့လေသည်။ ပထမဆုံး သူမ၏ အဆိုဝါသနာ ကို စတင်မွေးထုတ် ပေးခဲ့သည့် နေရာ မှာ ဦးစောနု၏ အဆိုသင်တန်းပင် ဖြစ်လေသည်။ ထိုသင်တန်း တွင် သူမသည် ၁ နှစ်မျှ သင် တန်းတက်ရောက်ခဲ့လေသည်။ မဖြူဖြူသည် ဒုတိယနှစ် M.B.B.S ပြီးသည်နှင့် သူမ၏ တစ်ကိုယ် တော်အခွေဖြစ်သည့် လုံးဝမသက်ဆိုင်တော့ပါ ကို IC နှင့်အတူ PTL studio တွင် စီစဉ်ဖြစ်ခဲ့လေ သည်။ ထိုနေရာတွင် သူမ၏ထူးခြားချက်မှာ သူမသည် အခွေမထွက်ခင်ကပင် Show ပွဲတွင် ပါဝင်သီဆိုခဲ့ရလေသည်။ ထို့အပြင် သူမသည် သူမ အောင်မြင်နေသည်မှာ သူမကြောင့်ဟု မည် သည့်အခါကမျှ ဂုဏ်ဖော်ပြောကြားလေ့ မရှိပေ။ အမြဲတစေဆိုသလို သူမ၏ အမေ၊ သူမ၏ အမ ဖြစ် သူနှင့် သူမ၏ဆရာဖြစ်သူ ကိုချစ်စမ်းမောင် တို့ကြောင့်ဟု ပြောဆိုတတ်တာကို ကျွန်မတို့ သတိပြုမိ ပါတယ်။ ထိုကြောင့်ပဲ သူမသည် ဒီလောက်အောင်မြင်နေတာလားဟု တွေးကြည့်မိပါတယ်။
  မဖြူဖြူသည် Performance အပိုင်းနှင့် ပတ်သက်၍ အမျိုးသမီးအဆိုတော်များထဲတွင် အတော် ကို ဂရုစိုက်သောလူတစ်ယောက်၊ ထူးထူးခြားခြားလုပ်တတ်သော လူတစ်ယောက်ဟု ကျွန်မတို့ စိတ်ထဲတွင် ခံစားမိလေသည်။ အဘယ်ကြောင့်ဆို သော သူမ၏ သီချင်း VCD များ၊ သူမ၏ Show များတွင် ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ သူမ၏ Performance သည် အချိန်ပေး၍ ကြည့်ရ သည်အထိ အောင်မြင်မှုများ ရရှိခဲ့ပါတည်။ သူမ၏ မွေးနေ့အမှတ်တရ Show ပွဲတွင် ၀တ်ဆင်ခဲ့ သော အ၀တ်အစား Design များ၊ City FM ပွဲများတွင် ၀တ်ဆင်ခဲ့သော Design များက အထင် အရှားပင် ဖြစ်ပါတယ်။ အထူးသဖြင့် City FM ပွဲများမှ သူမ၏ Performance များမှာ အံသြစရာပင် ဖြစ်ပါတယ်။ အခုဆိုရင် မဖြူဖြူဟာ ပရိတ်သတ်များကို တစ်ကိုယ်တော် အခွေ ၂ ခွေ၊ အတွဲခွေ ပေါင်းမျာစွာနဲ့ သူမ၏ အနုပညာကို ပေးဆပ်ပြီးပြီ ဖြစ်ပါတယ်။ နောင် ဘယ်လိုများ ပေးဆပ် အုံးမလဲ ဆိုတာ ကျွန်မတို့အနေနဲ့ စောင့်မျှော့်နေရအုံးမှာ ဖြစ်ပါတယ်။