• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
ထွန်းထွန်း(Examplez)
  ကျွန်တော်တို့ ဒီတစ်လအတွက် Music Star အဖြစ် ထွန်းထွန်း(Examplz) နဲ့ စကားတွေပြောဖြစ် ခဲ့ပါတယ်။ အကြောင်းအရာပေါင်းများစွာကို ဆွေးနွေးဖြစ်ခဲ့သလို စကားများစွာကိုလည်း ပြောဆိုဖြစ် ခဲ့ပါတယ်။ တစ်ချို့သောအကြောင်းအရာတွေက အရမ်းကိုစိတ်ဝင်စားဖွယ်ကောင်းလွန်းတဲ့အတွက် ကြောင့် ဒီ Music Star မှာ ထွန်းထွန်းရဲ့ personal အကြောင်းတွေထက် သူပြောပြခဲ့တဲ့ သူရဲ့ ဘ၀ အပေါ်ခံယူချက်တွေနဲ့ အနုပညာလုပ်ငန်းအပေါ် ရူးသွပ်မှုတွေကိုသာ ရွေးချယ်ပြီး ဖော်ပြလိုက် ရပါ တယ်။
  ထွန်းထွန်းကို စတင်ပြီးသတိထားမိတာကတော့ မငိုပါနဲ့ ကလေးရယ် ဆိုတဲ့သီချင်းလေးထဲမှာဖြစ် ပါတယ်။ ချစ်သုဝေနဲ့အတူ တွဲပြီးတော့သရုပ်ဆောင်ထားတဲ့ သူရဲ့သွင်ပြင်ဟာ ကြည့်မိတဲ့သူတိုင်းကို အချစ်တွေတိုးစေခဲ့ပါတယ်။ အဲ့ဒီအချိန်မှစတင်ကာ လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားခဲ့သူ တစ်ယောက်အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ထွန်းထွန်းကို ထပ်ပြီးတော့လူသိများစေခဲ့တာကတော့ Examplez Live Show အခွေပဲဖြစ်ပါတယ်။ အဲ့ဒီ Live Show နောက်ပိုင်းမှာ ထွန်းထွန်းရဲ့ ဂီတနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုများကို သိပ်မတွေ့ရတော့ဘဲ ရုပ်ရှင်၊ ဗီဒီယို၊ ကြော်ငြာစသည့် အနုပညာလှုပ် ရှားမှုများ အဖြစ်နှင့်သာ တွေ့မြင်ခွင့်ရခဲ့လေသည်။ အခုနောက်ပိုင်းတွင် ထွန်းထွန်း၏ သရုပ်ဆောင် ပုံများကို အကယ်ဒမီရှော့၊ အချစ်ကလန်းတယ် စသည့် အချစ်ဟာသကားများထဲတွင် တွေ့မြင်နေရ ပြီဖြစ်ပါတယ်။ ထွန်းထွန်းကို ထပ်မံ၍လူသိများစေခဲ့သော အနုပညာဖြစ်စဉ်တစ်ခု ရှိသေးသည်။ ထို ဖြစ်စင်မှာ နှင်းဆီသခင် အငြိမ့်တွင် လူရွှင်တော်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းပင် ဖြစ်လေသည်။
  ထွန်းထွန်းက အသက်အရွယ်က အနုပညာလှုပ်ရှားမှုတွေအပေါ်မှာ အတော့်ကိုသက်ရောက်မှု ရှိပါ တယ်လို့ ပြောသွားခဲ့ပါတယ်။ ဘာလို့လဲဆိုရင် သူငယ်စဉ်က ရေးသားခဲ့တဲ့ သီချင်းစာသားထဲက တစ်ချို့တစ်လေက အရမ်းကိုကလေးဆန်ပါတယ်။ ဒါပေမယ့်အခုလိုအရွယ်ရောက်လာတော့ ရေး ဖြစ်တဲ့အကြောင်းအရာတွေထဲမှာ ကလေးဆန်တာတွေ နည်းသွားတယ်လို့ ပြောသွားခဲ့ပါတယ်။ နောက်ပြီးတော့ ထွန်းထွန်းက ဒီလူ့ဘ၀ကြီးမှာ ဘယ်သူမှရှောင်လွဲလို့မရနိုင်တဲ့ အကြေင်းအရာတစ် ခုကတော့ သေခြင်းတရားပါပဲ။ ဘယ်သူမှ အတိအကျမသိနိုင်ပါဘူး။ ဒါကြောင့် ကောင်းတာတွေကို တတ်နိုင်သလောက် လုပ်ဖို့ကြိုးစားနေပါတယ် လို့ ပြောပြသွားပါတယ်။ ဒါဆိုရင် မကောင်းတာတွေ ကို ဘယ်လိုသတ်မှတ်မလဲလို့မေးလိုက်တဲ့အခါမှာ ထွန်းထွန်းက သူ့အမြင်ကို အခုလိုပြောပြသွားခဲ့ ပါတယ်။ လူတိုင်းကတော့ မကောင်းမှုဆိုတာကို နှစ်သက်ကြတာပဲလေ။ ဒါပေမယ့် ဘယ်ဟာက မကောင်းမှုလဲလို့ မေးရင်တော့လူကြီးနဲ့ လူငယ်ကြားမှာ နည်းနည်းအဓိပ္ပါယ်သတ်မှတ်ချက်လေးတွေ လွဲမယ်နဲ့တူတယ်။ ဒါပေမယ့် လူအများစုက မနှစ်သက်ဘူးဆိုရင်တော့ အဲ့လိုအလုပ်မျိုးကို မလုပ် သင့်ဘူးလို့ ထင်ပါတယ်။ စကားတွေအများကြီးပြောဖြစ်တဲ့အထဲကမှ လူတိုင်းနဲ့ သင့်တော်မယ်ထင် လို့ ထွန်းထွန်းပြောတဲ့စကားတွေ အများကြီးထဲကမှ တစ်ခုကို ပြောပြရမယ်ဆိုရင် မိဘနဲ့ သားသမီ ကြားက သူ့ရဲ့အမြင်ပါ။ ဘာလဲဆိုရင် မိဘတိုင်းကတော့ သားသမီးတိုင်းကို ကောင်းစေ၊ တော်စေ ချင်ကြတဲ့သူတွေချည်ပါပဲ။ ဒါပေမယ့် သားသမီးတိုင်းကကျတော့ မအောင်မြင်ပြန်ဘူးလေ။ ဘာလို့ လဲဆိုတော့ မိဘတွေဆိုတာက ကိုယ့်သားသမီးတွေကို သေချာပြန်ပြီးတော့ မကြည့်နိုင်ဘူးလေ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ရမှာ။ ဒါမှလည်း ကိုယ့်ရဲ့ဘ၀မှာ အောင်မြင်မှုတွေ ရနိုင်မှာ လေ။ မိဘတွေဆိုတာက ပံပိုးရုံလောက်ပဲ တတ်နိုင်မှာပါ။ လို့ ပြောကြားသွားခဲ့ပါတယ်။