• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
မြန်မာနိုင်ငံတွင်းရှိ နာမည်ကျော် အနုပညာရှင်များသာမက ကမ္ဘာတစ်ဝှမ်းလုံးမှ နာမည်ကျော် အနုပညာရှင်များနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများနှင့် တေးသီချင်းများကို တတ်နိုင်သလောက် စုစည်း၍ ရင်ခုန်သံပရိတ်သတ်များအတွက်တင်ဆက်ထားတဲ့ အစီအစဉ်နေရာလေးတစ်ခု ဖြစ်ပါတယ်။
Lil' Wayne
  အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ Rap အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ Wayne ဟာ သူရဲ့ ပထမဆုံးသော Rap သီချင်းကို အသက် ၈ နှစ်အရွယ်မှာ ရေးသားခဲ့ခြင်းဖြစ်ပါ တယ်။ အသက် ၁၁ နှစ်အရွယ်မှာတော့ Bryan Williams လို့ခေါ်တဲ့ Rapper တစ်ယောက်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ Wayne ဟာ Williams ရဲ့ Answering Machine ထဲမှာ rap သီချင်းများကို သီဆိုပြီး အသံသွင်းထားလေ့ရှိပါတယ်။ အဲ့ဒါကို Williams က နားထောင်မိပြီး သူ့ရဲ့အခွေတွေမှာ Wayne ကို ပါဝင်သီဆိုစေခဲ့ပါတယ်။
  ၁၉၉၇ ခုနှစ်ဟာဆိုရင် Wayne အတွက် အပြောင်းအလဲတွေဖြစ်တဲ့နှစ်လို့ပဲ ယူဆရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် သူဟာ အဲ့ဒီနှစ်မှာ Juvenile၊ Turk နှင့် B.G တို့နဲ့အတူ Hot Boys ဆိုတဲ့အဖွဲ့ကို ဖွဲ့ဖြစ်ခဲ့ပါတယ်။ အဲ့တုန်းက သူဟာ အသက် ၁၅ နှစ်သာရှိသေးပြီး အဖွဲ့ရဲ့ အသက်အငယ်ဆုံး အသင်းသား ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၉၇ ခုနှစ်မှာပဲ Hot Boys ရဲ့ ပွဲဦးထွက် Album ဖြစ်တဲ့ Get It How U Live ထွက်ရှိခဲ့ပါတယ်။ ထို့နောက် ၁၉၉၉ ခုနှစ်မှာ တစ်ခါ Guerrilla Warfare ဆိုတဲ့ title နဲ့ ထပ်မံထွက်ရှိခဲ့ပါတယ်။ ဒီ Guerrilla Warfare ဟာ Billboard မဂ္ဂဇင်းရဲ့ Top R&B/ Hip-Hop album chart မှာ နံပတ် ၁ နေရာနှင့် Billboard 200 မှာ နံပတ် ၅ နေရာ ရရှိခဲ့ပါတယ်။ ထို့အပြင် Juvenile ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ Back That Azz up မှာလည်း Featuring ပါဝင်သီဆိုခဲ့ ပါသေးတယ်။
  Wayne ရဲ့ ပထမဆုံးသော Solo album ဖြစ်တဲ့ The Block Is Hot က အသက် ၁၇ နှစ်တွင် ထွက်ရှိခဲ့ပါတယ်။ Billboard ရဲ့ album charts မှာ နံပတ် ၃ နေရာရရှိခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ တော့ ဒုတိယမြောက် album ဖြစ်တဲ့ Lights Out ထွက်ရှိခဲ့ပါတယ်။ Wayne ရဲ့ တတိယမြောက် album ဖြစ်တဲ့ 500 Degreez ဟာ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီအခွေမှာလည်း Wayne ဟာ ရှေ့က အခွေနှစ်ခွေပုံစံအတိုင်းပဲ သီဆိုခဲ့တာဖြစ်ပါတယ်။ Wayne ရဲ့ ထူးခြားလှတဲ့ စာသား တွေ Rapping ဆိုဟန်တွေကို တွေ့ရှိခဲ့ရတဲ့အခွေကတော့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Tha Carter ပဲဖြစ်ပါတယ်။ အမေရိကားမှာတင် အခွေ ၁ သန်းနီးပါးမျှ ရောင်းချခဲ့ရပါတယ်။ Tha Carter ထွက်ရှိ ပြီး တဲ့နောက်မှာ Wayne ဟာ Destiny 's Child's ရဲ့ Soldier သီချင်းမှာ T.I နဲ့အတူ featuring သီဆိုပေးခဲ့ပါသေးတယ်။ အဲ့ဒီသီချင်းဟာလည်း U.S Hot 100 နဲ့ U.S R&B chart တွေမှာ ထိပ် ဆုံးစာရင်း ၀င်ခဲ့ပါတယ်။ Wayne ရဲ့ နောက်ဆုံး Album ဖြစ်တဲ့ Tha Carter III က ၂၀၀၈ ခုနှစ် မှာ ထွက်ရှိခဲ့ပါတယ်။ ထို album ဟာ ထွက်ထွက် ချင်းမှာပင် သန်းနှင့်ချီ၍ ရောင်းချခဲ့ရ ပါတယ်။ ထိုအခွေထဲမှ Lollipop သီချင်းဟာလည်း Billboard Hot 100 မှာထိပ်ဆုံးက ရပ်တည်ခဲ့ ပါတယ်။ Wayne ဟာ ၂၀၀၈ ခုနှစ်အတွက် MTV Man of the Year ဆုကို ရရှိခဲ့ပါတယ်။