• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ရုပ်ရှင်ရွှေရတု၊ ငွေရတုခေတ်ကာလတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အနုပညာနဲ့ ပတ်သက်တဲ့အရာရာတိုင်းကို ၀ါသနာပါတယ်လို့ ၀န်ခံခဲ့ပြီး အနုပညာအသိုင်းအ၀ိုင်းမှာ ဘကြီးအောင်လို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ ဦးအောင်လွင်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဘကြီးအောင် မင်္ဂလာပါ။
မင်္ဂလာပါ။
ဘကြီးအောင်ကို အခုတစ်လော မတွေ့ရတာတောင် ကြာနေပြီ။ အခုတစ်လော ဘကြီးအောင် ဘာတွေ လုပ်ဖြစ်နေလဲဟင်။
ထုံးစံအတိုင်း ခရီးသွားနေလို့ပါပဲ။ နံပတ် ၁ ကတော့ ကျိုက်ထီးရိုးတောင်ပေါ်တက်ပြီးတော့ ကျိုက်ထီးရိုးသမိုင်းသွားရိုက်ပါတယ်။ နောက်တစ်ခုကတော့ ရခိုင်ပြည်ကနေ ဖိတ်တဲ့အတွက် ပင်လယ်ဝမှာရှိတဲ့ မြူကျွန်းပေါ်ကဆံတော်ရှင်ဘုရားကို သွားပြီးတော့ မှတ်တမ်းသွားရိုက်ပါတယ်။ အဲ့တာကြောင့် ပျောက်နေတာပါ။
အခုဘကြီးအောင်ကို ကြုံတုန်း အကူအညီတစ်ခုလောက် တောင်းရအုံးမယ်။ သမီးတို့ Popular's Choice အစီအစဉ်အတွက်လေ
ဟုတ် ပြောကြည့်ပါအုံး
ဒီအစီအစဉ်မှာကျတော့ ဘကြီးအောင်ရယ် အနုပညာလောကထဲကရော စာရေးဆရာတွေ၊ အဲ့လိုထဲကမှ အောင်မြင်တဲ့အနုပညာရှင်တွေကို ငယ်ငယ်တုန်းကကြိုက်ခဲ့တဲ့သီချင်းလေးတွေအကြောင်းကို မေးတဲ့အစီအစဉ်လေ။ ဘကြီးအောင်ကိုလည်း သီချင်းလေးတွေ ရွေးပေးပါအုံးလို့ သမီးတို့ကဖိတ်ချင်ပါတယ်။
ဘကြီးအောင် ကြိုက်တဲ့သီချင်းတွေဆိုရင်တော့ သိပ်ကိုရှည်လျားတဲ့သီချင်းတွေပဲ။ တစ်ချို့သီချင်း တွေဆိုရင် တစ်ပုဒ်ထဲနဲ့ပဲ မိနစ် ၂၀ လောက်ကြာတယ်။ နောက် ဂီတလုလင်ဦးမောင်ကို ရဲ့မာန်သီချင်း တွေ၊ နောက် ဆောင်းအိုလုလင်သီချင်းတွေ၊ ဒါတွေက အများကြီးရှိပါတယ်။ ကြိုက်တာက အပုဒ်တစ်ရာလောက်ကြိုက်တယ်။ အဲ့တော့ဒီထဲက အချိန်လည်းမကုန်ရအောင် လူငယ်တွေလည်း နားထောင်လို့ကောင်းအောင် အဲ့လိုရွေးရမှာပေါ့နော်။