• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
အကယ်ဒမီ ဦးအောင်လွင် တ၀ကြီးပြောပြသွားခဲ့တဲ့ ရေခဲတောင်ဒေသနဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ အတွေ့အကြုံ အဲ့ဒီအကြောင်းအရာတွေကို ဆက်လက်ပြောပြပေးမှာဖြစ်ပါတယ်။
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဘကြီးအောင်ရေ မင်္ဂလာပါ
မင်္ဂလာပါ သမီး
အခုတစ်ပတ်လည်း ပြန်ပြီးတော့ဆုံကြပြန်ပြီ။ ဘကြီးအောင်က ခရီးသွားတာ အရမ်းဝါသနာပါတယ် ဆိုတာကို သမီးတို့အရင် တစ်ပတ်ကလည်း သိခဲ့ရတယ်ဆိုတော့ အဲ့ဒီခရီးသွားလာတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘကြီးအောင်ကို သမီးတို့မေးခွန်းလေးတွေ ထပ်ပြီးတော့ မေးချင်ပါသေးတယ်။
ဟုတ်ကဲ့ မေးကြည့်ပါ။
ဘကြီးအောင်က ငယ်ငယ်ကတည်းက ခရီးသွားတာကိုဝါသနာပါခဲ့တာလား။
ဟုတ်တယ်လို့ ပြောနိုင်ပါတယ်။ ဘာလို့ဆိုတော့ ဘကြီးအောင်တို့က ဒုတိယကမ္ဘာစစ်နဲ့အတူ မွေးဖွားလာတဲ့လူတွေလို့ ပြောလို့ရပါတယ်။ အဲ့တော့စစ်ပြေးဘ၀နဲ့ ဇာတိဖြစ်တဲ့စစ်တွေမြို့ကနေပြီးတော့ ကျောင်းတွေပိတ်၊ အကုန်လုံးပျက်စီးယို့ယွင်းပြီးတော့ ထွက်ပြေးလိုက်ကြတာ ရခိုင်တပြည်လုံးအနှံပါပဲ။ ကုန်ကြောင်းပြေးတယ်။ သမ္ဗာန်နဲ့သွားတယ်။ အခုလို မော်တော်တွေဘာတွေ မရှိဘူး။ အဲ့တော့ ၅ နှစ်သား၊ ၆ နှစ်သားကတည်းက ကုန်းကြောင်းလျှောက်လာတော့ ခရီးသွားတာကိုစိတ်ထဲမှာတော်တော် feeling ဖြစ်တယ်။
ဒါဆိုလို့ရှိရင် ဘကြီးအောင် ခရီးသွားတဲ့နေရာတွေထဲမှာ ဘကြီးအောင်စိတ်အ၀င်စားဆုံးနေရာက ဘယ်လိုနေရာမျိုးဖြစ်မလဲဟင်။
ခရီးသွားတာကတော့ စိတ်ဝင်စားတာကတော့ သူ့အလိုက်နဲ့သူပါပဲ။ ဥပမာ ပင်လယ်ကမ်းနားမှာ ကျောက်တုံးတွေနဲ့ လှိုင်းတွေနဲ့ အဲ့တာလည်း စိတ်ဝင်စားတာပဲ။ နောက်ပြီးတော့ ခရီးသွားတာ ဘယ်ကစလဲဆိုတော့ နံပတ် ၁ က စာအုပ်ဖတ်တာ။ အထူးသဖြင့် သီချင်းထဲကဆိုရင်လည်း ဒေါ်မေရှင်ရဲ့ ကျောင်းပိတ်ရက် ကလောမြို့ကိုရောက်တယ်ပေါ့။ မနက်အစောကြီးရောက်သွားတယ် ဘာညာ။ အဲ့လိုစိတ်ကူးယဉ်တာပါ။ နောင်အခါကျတော့ မှတ်မှတ်ရရပါပဲ။ ဆရာသော်တာဆွေရဲ့ ချစ်ပန်းနှစ်ခိုင်ဆိုတဲ့ဝတ္ထုရှိပါတယ်။ အဲ့ဒီချစ်ပန်းနှစ်ခိုင်ဝတ္ထုမှာ မြစ်ကြီးနား၊ ကသာ၊ နဘားဘူတာ အဲ့ဒီကနေ ဧရာဝတီမြစ် အကြောင်း အဲ့တာတွေရေးထားတာ။ အဲ့ဒီကတည်းက စိတ်ထဲမှာအရမ်းကိုရောက်ဖူးချင်တာ အဲ့တာတစ်ခုစတင်ပြီးတော့ ၀ါသနာစွဲကပ်ခဲ့တာပါပဲ။
ဘကြီးအောင် ခုနတုန်းကပြောသွားတဲ့အထဲမှာလေ ကျောင်းပိတ်ရက်ဆိုတဲ့ သီချင်းလေး လည်းပါတယ်လေ။ အဲ့ဒီသီချင်းလေးလည်း သမီးတို့နားမထောင်ဖူးဘူးဆိုတော့ ဘကြီးအောင်မှာ အခုပါလာလားဟင်။ သမီးတို့နားထောင်ချင်တယ်
သမီးတို့က သီချင်းတွေရွေးခဲ့ပါဆိုလို့ ရွေးလာတဲ့အထဲမှာ အခက်အခဲရှိမှာကြောင့်လို့ တစ်ပါတည်းယူလာပါတယ်။ ဖွင့်ကြည့်ပါလား။
ဒေါ်မေရှင် - ကျောင်းပိတ်ရက်