• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
မခွန်းဆင့်နေခြည် မင်္ဂလာပါ
ဟုတ်ကဲ့ မင်္ဂလာပါ။
ညီမတို့ရဲ့ Popular's Choice အစီအစဉ်အတွက် အမ ကိုဖိတ်ပြီးတော့သီချင်းလေးတွေအကြောင်း မေးရင်းနဲ့ အမရဲ့အနုပညာ အကြောင်းလေးလည်း မေးချင်တယ်။
ဟုတ်ကဲ့မေးပါ ဖြေပေးပါ့မယ်
ဒီအစီအစဉ်မှာက အနုပညာနယ်ပယ်ထဲမှာရော တခြားစာပေဘက်မှာရော အောင်မြင်ထင်ရှားတဲ့လူတွေရဲ့ သူတို့တစ်တွေ ငယ်ငယ်လေးကနေ အခုချိန်ထိကြိုက်ခဲ့တဲ့ သီချင်းလေးတွေရဲ့အကြောင်းကို ပြောပြနေတဲ့အစီအစဉ်လေးပါ။ အဲ့တော့ အမ ဒီအစီအစဉ်အတွက်ဆိုရင် အမ အကြိုက်သီချင်းလေးတွေ အတော်များများရွေးထားပေးလားမသိဘူး။
အမ ကြိုက်တဲ့သီချင်းတွေကတော့ အများကြီးပဲ။ ဒါပေမယ့် အဲ့ဒီအထဲကမှ နည်းနည်းပေါ့နော်။ အကြိုက်ဆုံးလေးတွေကို Choice လုပ်ပေးထားပါတယ်။
ဒါဆိုလို့ရှိရင် အရင်ဦးဆုံး အမရဲ့အနုပညာအကြောင်းလေးတွေကို သိချင်တယ်။ အဲ့တော့အမ ဒီအနုပညာလောကထဲကို ဘယ်နှစ်ခုနှစ်လောက်တုန်းက ၀င်လာခဲ့တာလဲ။
အနုပညာထဲကို သေချာလုပ်ဖြစ်တာကတော့ ၅ နှစ်လောက်တော့ရှိပါပြီ။ ဒါပေမယ့် အမက အရင်က ကာယအလှမယ်ပြိုင်တာ ဆိုတော့ ကာယအလှမယ်ပြိုင်တုန်းကတည်းကပေါ့နော်။ အနုပညာလုပ်ငန်းကို လုပ်မယ်လို့ စိတ်ကူးရည်ရွယ်ချက်မရှိဘဲနဲ့ လုပ်ဖြစ်ခဲ့တယ်။ အဲ့တုန်းကကာယအလှမယ်ပြိုင်ပွဲမှာ လာကြည့်တဲ့ဒါရိုက်တာတွေ အများစုက သူတို့ဒီကြော်ငြာတို့၊ wallsheet တို့ အမကို ခေါ်သုံးဖူးပါတယ်။ အဲ့ဒီအတွက် အမ အဲ့တုန်းကတည်းက ကာယအလှမယ်လုပ်ကတည်းကိုက အမက အနုပညာလုပ်ငန်းနဲ့ ရင်းနှီးခဲ့တာပေါ့နော်။ ဒီသရုပ်ဆောင်လုပ်ငန်း၊ အနုပညာလုပ်ငန်းကို ထဲထဲဝင်ဝင်လုပ်ဖြစ်တာကတော့ ၅ နှစ်ကျော်ကျော် လောက်တော့ ရှိပြီ။
ဒါဆိုလို့ရှိရင် ကာယအလှမယ်ပြီးတာနဲ့ သရုပ်ဆောင်ဘက်ကို ချက်ခြင်းပဲရောက်ခဲ့တာလားအမ။ အဆိုတော်ကျတော့ ဘယ်နှစ်ခုနှစ်လောက်မှာ စပြီးတော့ဆိုဖြစ်သွားတာလဲ။ သီချင်းတွေဆိုတာက
သီချင်းဆိုတာက အမ ပထမစီးရီးကို ၂၀၀၀ ခုနှစ်လောက်က ထွက်တာ။ ပြီးတော့ ၂၀၀၁၊ ၂၀၀၂ မှာဒုတိယစီးရီးထွက်တယ်။ ဘိုဘို၊ ဂရေဟမ်နဲ့ပေါ့နော်။ နှစ်ယောက်တွဲထွက်တယ်။