• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
သီချင်းလေးတွေလည်း နားထောင်ပြီးသွားပြီဆိုတော့ အမ ကို အနုပညာနဲ့ပတ်သက်တဲ့ မေးခွန်းလေးတွေထပ်ပြီးတော့ မေးလိုက်အုံးမယ်။ အမ အခုချိန်ထိပေါ့နော်။ ရိုက်ခဲ့တဲ့ဇာတ်ကားတွေ ဘယ်နှစ်ကားလောက်ရှိပြီလဲ။
စစရိုက်ခါစကနေ အခုချိန်ထိဆိုရင်တော့ ၄၀ကျော်၊ ၅၀ လောက်တော့ရှိပြီ။
အဲ့ဒီအထဲမှာ အမှတ်တရဖြစ်ခဲ့တဲ့ အရာလေးတွေရှိမလား။ ရီစရာပဲဖြစ်ဖြစ်၊ ကိုယ့်အတွက် စိတ်အားတက်ကြွစရာပဲဖြစ်ဖြစ်
ရှိတယ်။ အများကြီးတော့ အများကြီးပဲ။ အမှတ်တရတွေကပေါ့နော်။ ကားတွေကလည်း ရိုက်တာများတဲ့အခါကျတော့ အဲ့ထဲမှာမှ အမှတ်တရဆိုရင် ကိုယ်ရိုက်တဲ့ကားမှာ ကိုယ့်ကိုဒါရိုက်တာက ခိုင်းတယ်ဆိုရင် ကိုယ်ကမငြီးမငြူလုပ်ပေးတယ်လေ။ ကိုယ့်ဟာကိုယ် အပြင်မှာ ဘယ်လိုပုံစံမျိုးနဲ့ပဲနေနေ ကိုယ်သရုပ်ဆောင်ရတော့မယ်ဆိုရင် ကိုယ်ရတဲ့ Character ကို ကိုယ်ကပီပြင်အောင် လုပ်ရတော့မယ်ဆိုရင် အပီအပြင်ပဲလုပ်တတ်တယ်လေ။ ဟိုတစ်လောကတော့ ကားတစ်ကားရိုက်တာ မြင်းပေါ်ကနေ ပြုတ်ကျတယ်။ အဲ့လိုမျိုး အမှတ်တရလေးတွေ ဖြစ်တာ။ အနာတရလေးတွေဖြစ်တာလေးတွေတော့ ရှိပါတယ်။ ရေကူးတဲ့အခန်း ရိုက်ရင်းနဲ့ ရေနစ်သွားတာတွေရှိတာပေါ့။
တကယ်ရိုက်ကြည့်တော့မှလေ ရုပ်ရှင်ကအရမ်းခက်တယ်ဆိုတာကို သိလာရတယ်လေ။ အဲ့အခါမှာကျတော့ အမ စိတ်ညစ်တာတွေ ဘာတွေရောဖြစ်ဖူးလား။
စိတ်ညစ်တာတွေဘာတွေတော့ တစ်ခါတစ်လေဖြစ်ဖူးတယ်။ မလုပ်ချင်တော့ဘူးလို့ တစ်ခါတစ်လေ ဖြစ်ဖူးတယ်။ ဒါပေမယ့် ကိုယ်ကဒါကြီးကို ၀ါသနာပါတယ်။ ဒီအလုပ်ကိုကိုယ်က Crazy ဖြစ်တဲ့အခါကျတော့ ဖြစ်လည်း ခဏပဲ။ စိတ်ညစ်လည်း ခဏပဲ။ နောက်အဲ့ဒါကိုပဲ ပြန်လုပ်ချင်တာပဲ။ အဲ့လိုမျိုးပေါ့နော်။
ဒါဆိုလို့ရှိရင် အမ အလုပ်အားတဲ့အချိန်ပေါ့နော်။ အဲ့လိုအချိန်မျိုးတွေမှာ ဘယ်လိုမျိုးအနားယူလဲ။
အလုပ်အားတဲ့အချိန်ဆိုရင် အမ က အခွေတွေကြည့်ဖြစ်တယ်။ နောက် သီချင်းနားထောင်ဖြစ်တယ်။ နောက်ပြီးတော့ အမ ကစားတယ်လေ။ ကစားဖြစ်တယ်။ နောက်မြင်းစီးတာတို့ ဘာတို့လည်းလုပ်တယ်။ ရေကူးတာတွေလုပ်ဖြစ်ပါတယ်။