• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အမက ပုံမှန်လေ့ကျင့်ခန်းလုပ်ဖြစ်တယ်ဆိုတော့ မိန်းကလေးတစ်ယောက်အနေနဲ့က အလှအပက ဘယ်လောက်ထိ အရေးပါတယ်လို့ အမ အနေနဲ့ယူဆမိလဲ။
မြန်မာမိန်းကလေးအနေနဲ့ဆိုရင် လှလှပပလေးတွေဖြစ်စေချင်တာပေါ့။ ကိုယ့်ရဲ့မြန်မာမိန်းကလေးတွေ အကုန်လုံးကို လှပတင့်တယ်စေချင်တယ်။ အဲ့ဒီအတွက် အဆီတွေတက်ပြီး ၀သွားတာမျိုးလည်း မဖြစ်စေချင်ဘူး။ အဲ့တော့ မိန်းကလေးတိုင်းပေါ့နော်။ မိန်းကလေးတိုင်းဆိုတာထက် လူသားတိုင်းပေါ့နော်။ အကုန်လုံးက ကျန်းမာရေးကို အနည်းနဲ့အများတော့ လိုက်စားသင့်တာပေါ့နော်။ အဲ့တော့ ကိုယ်ခန္ဓာထိန်းသိမ်းဖို့အတွက်ကို လေ့ကျင့်ခန်းကို တစ်နေ့ကို ၄၅ မိနစ်လောက်တော့ Free Hand လောက်တော့ လုပ်စေချင်ပါတယ်။ ကိုယ်ကမလုပ်တတ်ဘူးဆိုလည်း နီးစပ်ရာပေါ့နော်။ သင်တန်းတွေရှိတယ်လေ။ အဲ့မှာကိုယ်က လေ့လာပြီးတော့ လိုက်စားစေချင်ပါတယ်။ ကျန်းမာရေးအနေနဲ့ physical ပိုင်းရော။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပေါ့။ အကုန်လုံးအတွက် အထောက်အကူဖြစ်တာပေါ့နော်။
အမ အရင်တုန်းကပွဲတွေလည်း လျှောက်ဖူးတယ်နော်။
ဟုတ်တယ် အရင်က မယ်မလုပ်ခင်ကတော့ model လုပ်ဖူးတော့ ဆရာဂျွန်လွင်က ခေါ်ရင်တော့ကူညီပေးဖူးပါတယ်။ နောက်ပိုင်းကတော့ Designer ပွဲကြီးတွေဆိုရင်တော့ လျှောက်ဖြစ်မှာပါ။
အမ က အနုပညာအလုပ်ကို အစုံလုပ်တယ်ဆိုတော့ သီချင်းရေးတာတို့၊ ၀တ္ထုရေးတာတို့ရော လုပ်ဖို့ရှိလား။
သီချင်းတော့မရေးတတ်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ချို့ အဲ့တာမျိုးလေးကိုတော့ အမ စာရေးတတ်တယ်။ နောက်တော့ အဲ့တာလေးတွေကို ၀တ္ထုထုတ်ဖြစ်ရင်လည်း ထုတ်ဖြစ်မှာပေါ့။ ခံစားချက်ဆိုတာကတော့ အမျိုးစုံပေါ့နော်။ တစ်ခုတည်းတော့လည်း မဟုတ်ဘူး။ အမျိုးစုံသောခံစားချက်ပေါ့နော်။ အဲ့တာမျိုးလေးတွေကို ချရေးထားတတ်တဲ့ အကျင့်ရှိတယ်။
အခုလတ်တလောမှာရော အမရဲ့အနုပညာလှုပ်ရှားမှုလေးတွေလည်း ပြောပြပေးပါအုံး
အမက အခုဆိုရင် ဗီဒီယိုကားတွေတော့ ဆက်တိုက်တော့ရိုက်ဖြစ်နေတာပေါ့။ ပြီးတော့ နောက်စီးရီးအတွက်လည်း အမ အသံသွင်းတာတွေ လုပ်ဖြစ်တယ်။ သက်ြန်ခွေစီးရီးတွေလည်း ၂ ခွေ၊ ၃ ခွေလောက် သွင်းဖြစ်နေတယ်။ လောလောဆယ်တော့ ကားရိုက်ပေါ့နော်။ ဗီဒီယိုဇာတ်ကားတွေ ရိုက်ဖို့ရှိတယ်။
Popular's Choice ပရိတ်သတ်တွေအတွက် အမှတ်တရစကားလေးလည်း ပြောပြပေးပါအုံး။
အမှတ်တရစကား အမအနေနဲ့ပြောရမယ်ဆိုရင်တော့ အမ ကကာယအလှမယ်လုပ်ခဲ့တဲ့လူတစ်ယောက် ဖြစ်တဲ့အတွက် အမ ကကျန်းမာရေးလိုက်စားတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့မြန်မာပြည်မှာရှိတဲ့လူသားအားလုံးကို ကျန်းမာစေချင်တယ်။ အဲ့ဒီအတွက် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ အကုန်လုံးပေါ့နော်။ နေ့စဉ်နေ့တိုင်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းလေးတွေကို လုပ်စေချင်ပါတယ်။ အဲ့တာကို အဓိကထားပြီးပြောချင်ပါတယ်။ ကျန်းမာမှဘာပဲဖြစ်ဖြစ် အကုန်လုံးလုပ်နိုင်မှာပါ။ အဲ့ဒါကြောင့်ကျန်းမာရေးက အဓိကကျပါတယ်လို့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ဆက်လက်ပြီး လုပ်ကိုင်ရမယ့် အနုပညာတွေအားလုံးကိုလည်း ဆက်ပြီးတော့အားပေးစေချင်ပါတယ်။ အားပေးပါလို့လည်း ပြောချင်ပါတယ်။
အခုလိုမျိုး ညီမတို့ရဲ့ မေးမြန်းသမျှကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့ မခွန်းဆင့်နေခြည်ကို ညီမတို့ Popular's Choice အဖွဲ့သားတွေက ကျေးဇူးအများကြီးတင်ပါတယ်။ ရှေ့ဆက်လျှောက်မယ့် အနုပညာခရီးလမ်းမှာလည်း ဒီထက်ပိုပြီးတော့ အောင်မြင်မှုတွေ အများကြီးရပါစေနော်။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။