• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဒါဆိုလို့ရှိရင် သရုပ်ဆောင်ဘက်ကို အမ ရောက်လာတာက ဘယ်သူတွေကြောင့် အမ ဒီဘက်ကိုကူးလာဖြစ်တာလဲ မသိဘူး။
အဓိကကတော့ အမ ကိုကြော်ငြာတွေဘာတွေခေါ်ရိုက်တဲ့ ဦးမီးပွားတို့ ဦးစင်ရော်မောင်မောင်တို့ပေါ့။ သူတို့တတွေကနေ တဆင့် အဆက်အသွယ်နဲ့ ဒီထဲကိုဝင်လာတာပါ။ ပြီးတော့မှ ဦးကျော်ဟိန်းကနေ စပြီးတော့ အမ ကို Main သရုပ်ဆောင်အနေနဲ့ ခေါ်ပြီးတော့ သုံးချင်တယ်ဆိုတဲ့ အနေအထားမျိုးမှာမ အမ ဒီသရုပ်ဆောင်လိုင်းထဲကို ထဲထဲဝင်ဝင်ရောက်လာတာပါ။
ဒါဆိုလို့ရှိရင် ပထမဦးဆုံး ရိုက်ခဲ့တဲ့ဇာတ်ကားလေးရော အမ မှတ်မိဦးမလားမသိဘူး
ပထမဦးဆုံးအဓိကသရုပ်ဆောင်အနေနဲ့ ရိုက်တဲ့ကားကတော့ ဦးကျော်ဟိန်းနဲ့ ရိုက်တဲ့ကားပေါ့နော်။ လိုအပ်နေတာ ဒါပဲ။ အန်တီချိုပြုံးတို့နဲ့ ရိုက်ထားတဲ့ကားလေးပါ။
ဒါဆိုလို့ရှိရင် အမက ပထမဦးဆုံးစစချင်း ဦးကျော်ဟိန်းနဲ့လက်တွဲပြီး အနုပညာလောကထဲကို ၀င်လာတာဆိုတော့ ဦးကျော်ဆီကနေ ဘယ်လိုမျိုးသင်ယူစရာ အနုပညာနဲ့ပတ်သက်ပြီးပေါ့နော်။ သင်ယူစရာလေးတွေ ရခဲ့လည်း မသိဘူး။
ဦးကျော်ကတော့ သူကလေ ကိုယ့်ကိုသားသမီးအရင်းတစ်ယောက်လိုပဲ သင်စရာရှိတာတွေ အကုန်သင်ပေးပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကုန်လုံးပေါ့နော်။ အနုပညာနဲ့ပတ်သက်တဲ့ စိတ်ခံစားမှုတွေပေါ့နော်။ ဘယ်လိုမျိုးထားရမယ်။ စိတ်ကိုဘယ်လိုထားရမယ်။ နောက်ပြီးတော့ ကိုယ်သရုပ်ဆောင်တဲ့အပိုင်းမှာ ဘယ်လို mood သွင်းရမယ်ဆိုတာ အစစအရာရာ အကုန်သင်ပေးခဲ့ပါတယ်။ သူသင်ပေးခဲ့လို့လည်း သူလက်တွဲခေါ်ခဲ့လို့လည်း အနုပညာလောက ထဲမှာပေါ့နော်။ ခွန်းဆင့်နေခြည် ဆိုတဲ့နာမည်က လူရာဝင်ခဲ့ပါတယ်။
ဒါဆိုလို့ရှိရင် ပရိတ်သတ်တွေကရော အမ ကိုဘယ်ကားနဲ့စပြီးတော့အသိအမှတ်ပြုသွားတာလဲဟင်။
အဲ့ဒီကားမှာပဲ ပရိတ်သတ်တွေက သတိထားမိသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီကားလေးက drama action ကားလေးဆိုတော့လေ မိသားစု drama ကားလေးဆိုတော့လေ တော်တော်များများနဲ့လည်း တိုက်ဆိုင်မှုရှိတဲ့ ဇာတ်လမ်းမျိုးလေး ပေါ့နော်။ အဲ့ဇာတ်လမ်းကိုတော်တော်များများ ကြိုက်ကြပါတယ်။ အဲ့ဒီကားနဲ့ ပရိတ်သတ်အားပေးမှု ရခဲ့ပါတယ်။
ဒါဆိုလို့ရှိရင် အမ က အခုဆိုရင် ဒီလောကထဲကို ၀င်လာတာ ကာယအလှမယ်ရယ်၊ သရုပ်ဆောင်ရယ်၊ အဆိုတော်ရယ်။ အဲ့ဒီသုံးခုတည်းမှာမှ အမ အနေနဲ့ ပိုပြီးတော့အကြိုက်ဆုံးဆိုရင် ဘယ်အရာဖြစ်မလဲအမ။
လောလောဆယ်တော့ အမ က အကုန်လုံးကိုကြိုက်ပါတယ်။ အဓိကဆိုတာက အမ မှာမရှိပါဘူး။ သရုပ်ဆောင်တာရော၊ သီချင်းဆိုတာရော အမ နှစ်သက်တဲ့အလုပ်တွေဖြစ်နေတဲ့အတွက် အဲ့ဒီတစ်ခုစီမှာ အောင်မြင်မှုရအောင် ရပ်တည်သွားမှာပါ။
အမကလည်း တစ်ကိုယ်တော်အခွေရော၊ စုံတွဲအခွေတွေလည်း ထွက်ခဲ့ပြီးပြီဆိုတော့ အခုနောက်ထပ်ရော အမ အနေနဲ့ ထွက်မယ့် စီးရီး ရှိသေးလားမသိဘူး။
အခု စီးရီးက တစ်ကိုယ်တော်အခွေထပ်ထွက်ဖို့ အမ လုပ်နေပါတယ်။ စီစဉ်နေပါတယ်။ အင်ပါရာတီးဝိုင်းနဲ့ တီးထားတယ်။ နောက် န၀ရတ်မှာအသံသွင်းနေပါတယ်။ သီချင်းကတစ်ဝက်လောက်တော့ ပြီးသွားပြီ။