• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ပရိတ်သတ်တွေဆီကို ဘယ်တော့လောက်များ ရောက်မလဲမသိဘူး။
အမ ခန့်မှန်းချေတော့ ဒီသင်္ကြန်ပြီးလောက်မှပဲ အမ ထွက်နိုင်မှာပါ။
ဒါဆိုလို့ရှိရင် အမ သီချင်းကြိုက်တဲ့အပေါ်မှာကျတော့ အမ ဘယ် Music အပိုင်းကို ပိုပြီးတော့အားသန်လဲ။
အမက rock တွေကြိုက်တာများပါတယ်။ Pop တွေ Rock တွေပေါ့နော်။ အဲ့လိုအမျိုးအစားလေးတွေကို ပိုနှစ်သက်ပါတယ်။
ဒါဆိုလို့ရှိရင် အခု အမ ရွေးပေးမယ့်သီချင်းလေးတွေထဲမှာလည်း အဲ့လိုသီချင်းလေးတွေပါလာမှာပေါ့။
အင်းပါမှာပါ။
ဒါဆိုရင် ပထမဦးဆုံးသီချင်းလေးက ဘယ်သီချင်းလေးဖြစ်မလဲ
ပထမဆုံးသီချင်းဆိုရင်တော့လေ အမ မကြာခဏနားထောင်ဖြစ်တဲ့ သီချင်းလေးပေါ့နော်။ မတင်ဇာမော်ရဲ့ ပထမခြေလှမ်းဆိုတဲ့ သီချင်းလေးပေါ့နော်။ အဲ့တာလေးကို အမက အရင်ဆုံး ရွေးပေးချင်ပါတယ်။
ဒီသီချင်းနဲ့ပတ်သက်ပြီးတော့ အမ ကြိုက်ရတဲ့ခံစားချက်လေးတွေလည်း ပြောပြပေးပါအုံး။
ဘာလို့လည်းဆိုတော့ အဲ့သီချင်းထဲမှာကလေ အသိတရားတစ်ခုပေါ့နော်။ အဲ့တာကိုရရှိစေတယ်ပေါ့။ အဲ့သီချင်းလေးကလေ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဘာပဲလုပ်လုပ်ပေါ့နော်။ လူတိုင်းလူတိုင်းက ကိုယ်လုပ်တဲ့ကိစ္စတိုင်း၊ အကြောင်းအရာအားလုံးတိုင်းကို ပထမဆုံးခြေလှမ်းကနေစပြီးတော့ တစ်စတစ်စပေါ့နော်။ အောင်မြင်တိုးတက်အောင် လုပ်ခဲ့ရတဲ့လူတွေချည်ပါပဲ။ အဲ့တော့ ကိုယ်ကဇွဲ မလျော့ဘဲနဲ့ ယုံကြည်မှုအပြည့်အ၀နဲ့ လုပ်ကိုင်ဖို့ အဲ့သီချင်းလေးကနေ အသိတရားလေးတစ်ခုရပါတယ်။ အဲ့အတွက် အမ ဒီသီချင်းလေးကို ကြိုက်ပါတယ်။ မကြာခဏလည်း နားထောင်ဖြစ်ပါတယ်။
ဒါဆိုလို့ရှိရင် ကာယအလှမယ်ကနေစခဲ့တဲ့ အမရဲ့ပထမဦးဆုံး ခြေလှမ်းကနေပြီးတော့ အခုဆိုရင်ပရိတ်သတ်ရဲ့ အသိအမှတ်ပြုမှုကို ခံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာပြီပေါ့။
ဒီလိုပဲ တစ်စတစ်စပေါ့နော်။ ကြိုးစားခဲ့ရတာပါ။ လူတိုင်းက ပထမခြေလှမ်းကအဓိကပါပဲ။
တင်ဇာမော် - ပထမခြေလှမ်း