• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အမရေ မတင်ဇာမော်ရဲ့ ပထမခြေလှမ်းနဲ့တော့ အားတင်းပြီးသွားပြီ။ ဒုတိယတစ်ပုဒ်ကိုရော ဘယ်သီချင်းရွေးပေးမှာလဲ
ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ ကို R ဇာနည်ဆိုထားတဲ့ အပြစ်မတင်ရက်ပါ။ ဆိုတဲ့သီချင်းလေးပေါ့နော်။ R ခိုင်ရေးပေးထားတဲ့ ဟာလေး။
ဟုတ်ကဲ့ပါအမ။ ဒီသီချင်းလေးက အလွမ်းရဲ့ညအခွေထဲမှာ J Me နဲ့အတူတူဆိုထားတဲ့သီချင်းလေး။ ဒီသီချင်းထဲမှာပါတဲ့ အဓိပ္ပါယ်ကကျတော့ အသည်းကွဲတဲ့လူတစ်ယောက်ရဲ့ ခံစားချက် သီချင်းလေးဖြစ်နေတယ်။ အဲ့တော့ အမ အနေနဲ့ကရော ကြိုက်ရတဲ့ခံစားချက်လေး
အမ အနေနဲ့ကျတော့ အဲ့လိုမယူဆဘူး။ အဲ့ထဲကသီချင်းကတော့ အဲ့လိုယူဆရင် ယူဆမှာပေါ့နော်။ ဒါပေမယ့် အမ ကအဲ့သီချင်းကို ဘယ်လိုကြိုက်သလဲဆိုတော့ လူတိုင်းလူတိုင်းပဲပေါ့နော်။ ကိုယ်ဖြတ်သန်းနေရတဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ ခံစားမှုပုံစံအမျိုးမျိုးနဲ့ အနေအထားပုံစံမျိုးစုံ လူသားတိုင်းကခံစားဖူးကြမှာပါပဲ။ ဥပမာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေနဲ့ ပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်။ အဲ့ဒီခံစားမှုတွေကို မျိုးစုံခံစားနေရတဲ့အချိန်မျိုးမှာ R ဇာနည်ရဲ့သီချင်းကို နားထောင်လိုက်တဲ့ အချိန်မျိုးမှာ ကိုယ်အရင်ကလည်း ခံစားဖူးခဲ့တာတွေရှိပါတယ်။ အဲ့ဒီအတွက် အဲ့ဒီခံစားမှုတွေက အကြီးကြီးလို့ ကိုယ့်ကိုကိုယ် ထင်ထားခဲ့ပေမယ့် အဲ့သီချင်းလေးကြားလိုက်တဲ့အချိန်မှာ အမ အတွက်က အဲ့ဒီခံစားမှုဆိုတာ သေးသေးလေးတွေ ဖြစ်သွားပါတယ်။ ကိုယ်လိုပဲ တိုက်ဆိုင်မှုရှိတဲ့လူတွေလည်း အဲ့လိုပဲဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ အဲ့ဒီအတွက် အမ အဲ့ဒီစာသားလေးကို ကြိုက်လို့ရွေးပေးတာပါ။ ပြီးတော့ J Me ရဲ့ Hip Hop စာသားလေးတွေကိုလည်း အမ ကနှစ်သက်ပါတယ်။ အဲ့တော့ R ဇာနည်ရဲ့ melody လေးရော၊ J Me ရဲ့ Hip Hop စာသားလေးတွေရော နှစ်ခုစလုံး ကြိုက်တယ်ပေါ့နော်။ အဲ့ဒီအတွက် အမ ရွေးပေးတာပါ။
R ဇာနည်၊ J Me - အပြစ်မတင်ရက်ပါ