• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဒီသီချင်းလေးကို အမ ကြိုက်ရတဲ့ခံစားချက်လေးပြောပြပါလား။
ခံစားချက်က အမ နဲ့တိုက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လူတော်တော်များများနဲ့ တိုက်ဆိုင်မယ်ထင်လို့ ဖွင့်ပြတာပါ။
အမနဲ့ မတိုက်ဆိုင်ဘူးဆိုပေမယ့် ဒီထဲမှာ အမ အကြိုက်ဆုံးစာသားလေးရှိရင် ပြောပြပေးပါအုံး။
အကြိုက်ဆုံးစာသားက တစ်ပုဒ်လုံးကြိုက်တာ။ တစ်ပုဒ်လုံးမှာရှိတဲ့ စာသားတွေက အချိတ်အဆက်လေးတွေ ဖြစ်သွားတဲ့အခါကျတော့ တစ်ပုဒ်လုံးမှာရှိတဲ့စာသားလေးတွေအကုန်လုံးကို ကြိုက်တယ်။ ကြိုက်တဲ့အတွက် အမ လိုပဲ ပရိတ်သတ်တွေလည်း အဲ့ဒီသီချင်းလေးကို ကြိုက်လိမ့်မယ်ထင်လို့ တော်တော်များများနဲ့လည်း တိုက်ဆိုင်လိမ့်မယ်ထင်လို့ အမ ကရွေးပေးဖြစ်တာပါ။
အဲ့တာဆိုရင် ဒီသီချင်းကိုဆိုထားတဲ့ ရွှေထိုက်ကိုရော အမ သဘောကျလား။
အင်း။ ရွှေထိုက်က သူငယ်ချင်းပဲဆိုတော့ သူဆိုတာရော၊ သူ့အသံလေးရော အကုန်လုံးကိုကြိုက်တယ်။ ပြီးတော့ ဒီသီချင်းကိုရေးပေးတဲ့ မိုးမိုးကိုလည်း ကြိုက်ပါတယ်။
ဒီသီချင်းထဲကလိုမျိုး ခံစားနေရတဲ့ကောင်မလေးတွေရှိနေရင် အမ ဘယ်လိုအားပေးစကားပြောမလဲ
အဓိကက ဘယ်လိုပြောမလဲ ဘယ်လိုအားပေးမလဲဆိုတော့ သီချင်းကိုကြိုက်တာ ကတော့တစ်ပိုင်းပေါ့နော်။ တကယ်လို့သာ အဲ့လိုအပြင်မှာဖြစ်မယ်ဆိုရင် အဓိကကတော့ မေ့ပြစ်လိုက်တာအကောင်းဆုံးပဲ။ သီချင်းထဲကအတိုင်း မလုပ်နဲ့။ သီချင်းကို ကြိုက်တာကတော့ တစ်ပိုင်းပေါ့နော်။ အကုန်လုံးကိုမေ့ပြစ်လိုက် အကြံပေးချင်တာ အဲ့တာပဲ။
သီချင်းလေးကိုတော့ ကြိုက်တယ်။ သီချင်းထဲကကောင်မလေးလိုမျိုးတော့ လိုက်မလုပ်နဲ့ဆိုတဲ့ သဘောပေါ့နော်။
ဟုတ်တယ်။ သီချင်းလေးကိုတော့ ကြိုက်တယ်။ သီချင်းထဲကအတိုင်းတော့ မလုပ်စေချင်ဘူး။ ဒါပေမယ့် တစ်ချို့ကျတော့လည်း လုပ်မှာပဲသိတယ်။