• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
အခုရော ဘယ်သီချင်းလေးကိုထပ်ပြီတော့ ရွေးပေးအုံးမှာလဲ။
အမက မာရဇ္ဖရဲ့ ဆွဲအားဆိုတဲ့သီချင်းလေးလေ။ အဲ့တာလေးကိုရွေးပေးချင်တယ်။
ဒီသီချင်းကကျတော့ သေချာပါတယ် စီးရီးထဲမှာပါတာနော်။ ဒီသီချင်းလေးကရော အမ နဲ့အများဆုံးတိုက်ဆိုင်မယ်လို့ ညီမတော့ထင်တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက အမ ရဲ့ဆံပင်က အရှည်ကြီးပဲ။ ညီမတို့တောင် အရမ်းအားကျခဲ့ရတာ။
ဟုတ်တယ်။ အရင်တုန်းကအရှည်ကြီးပဲ။ နှမြောလိုက်တာ။ အဲ့တုန်းက အမ ကို အဲ့ဒီသီချင်းလေးနဲ့ တော်တော်များများက အမ ကိုစောင်းဆိုကြတာပေါ့။
နောက်ထပ်ကော ကြိုက်တဲ့ခံစားချက်လေး ရှိသေးလား။
ခံစားချက်ရယ်လို့ အထွေအထူးမရှိပါဘူး။ အဲ့ဒီသီချင်းလေးက ငယ်ငယ်တုန်းက အမရဲ့ဒီဇိုင်းလေးနဲ့ တိုက်ဆိုင်လို့ ကြိုက်တာ။ အဲ့လိုတိုက်ဆိုင်တဲ့ကောင်မလေးတွေလည်း အပြင်မှာအများကြီးရှိပါတယ်။ သူတို့တွေအတွက်လည်း ဖွင့်ပြပေးတာပေါ့။
အခုဆိုရင်တော့ ဆံပင်အရှည်ထားတဲ့မိန်းကလေးတွေက နည်းနေပြီနော်။
ဟုတ်တယ်။ အခုခေတ်ကတော့ ဆံပင်ရှည်တဲ့သူက တော်တော်လေးရှားသွားပြီ။ ဒါပေမယ့်ရှားတယ် ဆိုတဲ့အထဲမှာမှ ရှိပါတယ်။ တော်တော်များများ အမနဲ့တွေ့ပါတယ်။ ဆံပင်အရှည်ထားတာတော့ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ တင့်တယ်တာပေါ့နော်။ ကျက်သရေရှိတာပေါ့။ အမ ကဆံပင်အရှည်လေးတွေဆိုရင် အရမ်းချစ်တာ။ အိမ်က အဖေနဲ့အမေဆိုရင်လည်း ဆံပင်အရှည်ကို ငယ်ငယ်လေးကတည်းက ပေးထားတာ။ အမက ငယ်ငယ်တုန်းကဆို ဆံပင်အရှည်ကြီးပဲ အခုမှ Design ပြောင်းချင်လို့ တဖြည်းဖြည်း ညှပ်ရင်းညှပ်ရင်းနဲ့ တိုသွားတာ။
ဒါဆိုလို့ရှိရင် အမရွေးပေးထားတဲ့ မာရဇ္ဖရဲ့ဆွဲအား ဆိုတဲ့သီချင်းလေးကို နားထောင်လိုက်ရအောင်နော်
မာရဇ္ဖ - ဆွဲအား