• yinkhonthan fm
  • yinkhonthan fm
  • yinkhonthan fm
လူတိုင်းရဲ့ အထင်ကြီးမှု၊ လေးစားမှု၊ ချစ်ခင်မှုတွေကို ခံစားရတဲ့ Popular တွေရဲ့ ရင်ထဲက စကားသံတွေ၊ ခံစားချက်တွေကိုသာမက သူတို့ရဲ့ ငယ်စဉ်ဘ၀ အဖြစ်အပျက်လေးတွေကိုပါ သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်လေးတွေနဲ့အတူတူ ခံစားနိုင်မယ့်အစီအစဉ်လေးဖြစ်ပါတယ်။
ဒီအပတ် Popular's Choice အစီအစဉ်မှာပါဝင်ကာ မေးသမျှကို ဖြေကြားပေးခဲ့သူကတော့
ကာယအလှမယ်ဆုပေါင်းများစွာကို တပိုင်တနိုင်ကြီးရယူထားနိုင်တဲ့အပြင် အဆိုလောကမှာရော သရုပ်ဆောင်လောကမှာပါ နေရာတစ်နေရာ ရရှိလာပြီဖြစ်တဲ့ လင်းလက်ဆဲကြယ်တစ်ပွင့်ဖြစ်တဲ့ ခွန်းဆင့်နေခြည်
View Detail    Listen Song    
Presented By ဇွန်ဝေဖြိုး   
 
သူတို့တစ်တွေ ပွင့်ပွင့်လင်းလင်းနဲ့ ရင်ထဲကခံစားချက်တွေကို မေးကြပြောကြတဲ့အခါ
ဆွဲအားဆိုတဲ့သီချင်းလေး ပြီးသွားတော့ နောက်ထပ်တစ်ပုဒ်က
နောက်ထပ်တစ်ပုဒ်အနေနဲ့ အမရဲ့စီးရီးထဲက မင်းအတွက်အသက်ရှင်တယ်ဆိုတဲ့ ဘိုဘိုရယ်။ ဂရေဟမ်ရယ် တွဲဆိုထားတဲ့ အခွေလေးထဲက သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းလေးနာမည်က နည်းနည်းလျော့ချစ်တဲ့။ တေးရေးဖိုးခွားက ရေးပေးထားတာပါ။ အဲ့သီချင်းလေးကို ဖွင့်ပြချင်တယ်။
ဟုတ်ကဲ့အမ အဲ့ဒါဆိုရင် ဖွင့်ပြလိုက်မယ်နော်။ ဒါပေမယ့် အမရဲ့ခံစားချက်လေးကိုတော့ သိချင်သေးတယ်
သီချင်းစာသားလေးကတော့ အရမ်းကိုချစ်တဲ့ရည်းစားပေါ့နော်။ အဲ့ဒီရည်းစားက အရမ်းသ၀န်တိုပြီး ဘာမလုပ်နဲ့ ညာမလုပ်နဲ့ ဟိုဟာလည်းမလုပ်နဲ့ ဒီဟာလည်းမလုပ်နဲ့ လိုက်ချုပ်ချယ်တာပေါ့လေ။ အဲ့တော့ကောင်မလေးက စိတ်တွေအရမ်းညစ်တာပေါ့နော်။ အဲ့ဒီအတွက် ဒီစာသားလေးကို အမ နဲ့တိုက်ဆိုင်တယ်လို့တော့ မပြောလိုပါဘူး။ ဒီသီချင်းလေးနဲ့ တိုက်ဆိုင်တဲ့ ချစ်သူရည်းစားတွေ အတွက် ဖွင့်ပေးချင်တာပါ။
ဒါဆိုလို့ရှိရင် အပြင်မှာချစ်သူကိုအရမ်းချုပ်ချယ်တဲ့ ယောက်ျားလေးတွေကို တွေ့လို့ရှိရင် ဘယ်လိုပြောလိုက်ရမလဲ။
နည်းနည်းလျော့ချစ်ပါလို့။
ခွန်းဆင့်နေခြည် - နည်းနည်းလျော့ချစ်